Local News
NLD အလံကို ဖြုတ်ပြီး မြောင်းထဲ လွှင့်ပစ်သွားတဲ့ ကိစ္စ ပန်ဆယ်လိုပြောပြီ
ခြံစည်းရိုးကျော်ပြီး အလံကိုဖြုတ်ကာ မြောင်းထဲ လွင့်ပစ်ခဲ့တဲ့အကြောင်းကို Liveလွင့်ပြီး ပြောပြလာတဲ့ ပန်ဆယ်လို ဗီဒီယို မနက်လေးနာရီခွဲကျော်လောက်ကတည်းက စစ်ဝတ်စုံနဲ့ သုံးယောက် အိမ်ရှေ့မှာ လာစောင့်နေတာပါ။ အိမ်တံခါး ဘဲလ်တီးနေတာပါ။ ဖြစ်ချင်တော့ ကိုယ်က အိပ်ပျော်နေလို့ ၆နာရီထိုးမှ နိုးပါတယ်။ ၈နာရီလောက်မှာ စစ်ဝတ်စုံနဲ့ရော ရဲဝတ်စုံနဲ့ရော ထွေအုပ် စရဖလို့ ထင်ရသူတွေ ထပ်လာတံခါးခေါက်ပါတယ်။ ဖွင့်မပေးတော့ အိမ်ရှေ့က လော်စပီကာနဲ့ အော်ပါတယ်။ မိဘတွေဆင်းတွေ့ကြပါတယ်။ မြို့နယ်မှူးလို့ ဆိုပါတယ်။ အထက်အမိန့်အရ […]
Local News
စစ်အာဏာသိမ်းမှုအပေါ် ဒေါက်တာ သက်သက်ခိုင် ပြောပြီ
အရပ်သား အစိုးရ ခေါင်းဆောင်တွေကို ဖမ်းပြီး တပ်မတော်က နိုင်ငံ အာဏာ ရယူခဲ့တဲ့ ဖြစ်ရပ်ဟာ နှစ်ဘက်ကြား အလုပ်သဘော ဆက်ဆံရေး တရပ် မထူထောင်နိုင်ခဲ့တာကြောင့်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီသစ် ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ ဒေါက်တာ သက်သက်ခိုင်က သုံးသပ်ပါတယ်။ စစ်အာဏာသိမ်းမှု အပေါ် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာ သက်သက်ခိုင်ရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။ မသိင်္ဂီထိုက် ဆက်သွယ် […]
Knowledge
လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ
လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ။ ၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင်း။ ရပ်ထားသောယာဉ်ကိုအခြားယာဉ်တစ်စီးမှဝင်ရောက်မိတဲ့အခါမှာတိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ဒါပေမယ့်ညအချိန်အမှောင်ထဲမှာဘေးမီးဖွင့်မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။အန္တရာယ်မဖြစ်နိုင်အောင်သတိပေးမယ့်သူရှိမနေခဲ့ရင်တော့ရပ်ထားတဲ့ယာဉ်မှာလည်းတာဝန်ရှိနိုင်ပါတယ်။ ၂။ရှေ့ယာဉ်အားနောက်ယာဉ်မှဝင်ရောက်တိုက်မိခြင်း။ နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ဒီနေရာမှာတချို့ကပြောကြပါတယ်။ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့တိုက်ရတာပါလို့ပြောကြပါတယ်။ဒါပေမယ့်ယာဉ်သွားလာမှုစည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅မှာရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်နောက်မှယာဉ်သည်ထိခိုက်မှုမဖြစ်စေရန်သင့်လျော်သောအကွာအဝေးမှလိုက်ရမည်လို့ဖော်ပြထားပါတယ်။ သင့်လျော်သောအကွာအဝေးဆိုတာကတော့ပုံသေမရှိနိုင်ပါဘူး။ရှေ့ယာဉ်အရှိန်များရင်များသလိုအရှိန်နည်းရင်နည်းသလိုထိခိုက်မှုမရှိပဲရပ်တန့်နိုင်မယ့်အကွာအဝေးကိုချိန်ဆမောင်းနှင်ရမှာပါ။အဲ့ဒီအတွက်ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်အကြောင်းတစုံရာကြောင့်ရပ်တန့်ချိန်မှာနောက်ယာဉ်သည်လည်းထိခိုက်မှုမရှိအောင်ရပ်တန့်နိုင်ရပါမယ်။ဖရီးကြောလို့ခေါ်တဲ့ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာတိုက်ရင်တော့ရှေ့ယာဉ်အမှားဖြစ်ပါတယ်။လမ်းညွှန်အမှတ်အသားကိုလိုက်နာခြင်းမရှိတဲ့အတွက်ပါ။ ၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။ မိန်းလမ်းမကြီးနဲ့လမ်းသွယ်ဆိုရင်တော့လမ်းသွယ်ယာဉ်ရဲ့တာဝန်ပဲဖြစ်ပါတယ်။နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရလမ်းမကြီးမှ ယာဉ်သည်ဦးစားပေးရတဲ့အတွက်ပါ။တကယ်လို့တူညီလမ်းဆုံမှာဆိုရင်တော့နည်းဥပဒေပုဒ်မ ၁၄၉(က)အရလက်ယာဘက်ယာဉ်သည်ဦးစားပေးရပါတယ်။တူညီလမ်းဆုံသို့ယာဉ်(၂)စီးတပြိုင်တည်းရောက်ရှိလျှင်ဦးစွာရောက်ရှိသောယာဉ်ကိုဦးစားပေးရမည်ဖြစ်ပြီးတချိန်တည်းရောက်ရှိလျှင်လက်ယာဘက်ယာဉ်ကိုဦးစားပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။ ၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း။ ဒါကတော့ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်မည်သည့်ယာဉ်မဆိုလက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။နည်းဥပဒေပုဒ်မ ၁၄၁မှာလည်းဖော်ပြထားပါတယ်။အမြန်လမ်းတွေလိုယာဉ်ကြော(၃)ကြောရှိတဲ့လမ်းဆိုလက်ဝဲဘက်အစွန်းကြောသည်ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်မှာသာအသုံးပြုရမှာဖြစ်ပါတယ်။ ၅။T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။ Tလမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။ ၆။တည့်ယာဉ်နှင့်ဝဲဘက်သို့’ဂ’ကွေ့ကွေ့သောယာဉ်တိုက်မိခြင်း။ နည်းဥပဒေပုဒ်မ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။”လွတ်မယ်ထင်လို့ကွေ့တာပါ” တို့”ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ” […]
Local News
ဟားခါးတွင် နေအိမ်မီးလောင်မှုကြောင့် လူ ၆ ဦး သေဆုံး
ချင်းပြည်နယ် ဟားခါးမြို့၊ဈေးသစ်ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂ ရက် ညနေက လူနေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် လူ (၆)ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဟားခါးမီးသတ်တပ်ဖွဲ့က သိရသည်။ မီးလောင်ရာသို့ ဟားခါးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ ဟားခါးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သူနာတင်ယာဉ် ၁ စီး၊ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ […]
International News
ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ဖို့ သဘောမတူနိုင်ခဲ့
ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ဖို့ သဘောမတူနိုင်ခဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချတဲ့ ပူးပေါင်းကြေညာချက် ထုတ်ဖို့ တောင်းဆိုတာကို တရုတ်ရဲ့ ကြားဝင်ကန့်ကွက်မှုကြောင့် သဘောမတူနိုင် ဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတီးနား ရှရာနာ ဘူဂနာက စစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို ရှုတ်ချပြီး ဒီမိုကရေစီဖြစ်စဉ်ကို ထောက်ခံဖို့ တိုက်တွန်းထားခဲ့ပါတယ်။ မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ […]
International News
မြန်မာ့အပြောင်းအလဲ ကို “စစ်အာဏာသိမ်းခြင်း” အဖြစ် အမေရိကန် သတ်မှတ်လိုက်ပြီ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါပြီ။ အချက်အလက် အခြေအနေတွေကို အသေအချာ ဆန်းစစ် သုံးသပ်ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး အာဏာရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နောက် ရွေးကောက်ခံ အစိုးရ အကြီးအကဲ ဦးဝင်းမြင့်တို့ကို ဖြုတ်ချမှုလို့ သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ […]
Local News
လိုအပ်ချိန်မှာ ပြည်သူ့အတွက် မားမားမတ်မတ် ရပ်တည်လာတဲ့သူနာပြု ဆရာမလေး
ကိုယ် ချစ်သောအစိုးရဖြစ်စေ မချစ်သော အစိုးရဖြစ်စေ ဘယ်အစိုးရပဲ တက်လာ တက်လာ ပြည်သူ့ အတွက် သူနာပြု ဆရာမ လုပ်နေခြင်း ဖြစ်သည့် အတွက် အလုပ်မထွက်ပါ။ ယခုလို အခြေ အနေမျိုးမှာ ပို၍ကို အလုပ် ထွက်မည် မဟုတ်ပါ။ ပြည်သူ တွေအတွက် ပိုမို ကာကွယ်ပေးဖို့လို အပ်ပါသည်။ ကာကွယ်ပါမည်ဟု က တိပြု ပါသည်။ လူနာတစ်ဦး တစ်ယောက်တိုင်း ၏ ရပိုင်ခွင့်များကို […]
Local News
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သစ် စစ်ကောင်စီ ခန့်အပ်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သစ် စစ်ကောင်စီ ခန့်အပ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ်တွေ ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးသိန်းစိုး၊ အဖွဲ့ဝင်တွေဖြစ် ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်းနဲ့ ဦးသန်းဝင်းတို့ ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ အမိန့်နဲ့ […]
Local News
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်လူထု သံပုံးတီး၍ ဆန္ဒထုတ်ဖော်
Local News
ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်ရန်အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ပြော
မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာလျှောက်လှမ်းဖို့ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နေပြည်တော် သမ္မတအိမ်တော်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုသွားတာပါ။ “ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်ချက်များရှိကြောင်း၊ နိုင်ငံတကာနှင့်ဆက်ဆံရာမှာ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးမူဝါဒ၊ ကြားနေမူဝါဒ နှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပြတ်ဆက်ဆံရေး၊ ငြိမ်းချမ်း […]