Local News
မုဆိုးမမိခင်က ကျည်ထိမှန်ပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့ရတာကြောင့် အကူအညီလိုအပ်နေတဲ့ ကျန်ရစ်သူသားသမီးသုံးယောက်
မြန်မာပြည်သူ၊ပြည်သားတွေရဲ့ စိတ်ထားကတော့ အားနည်းသူကို ကူညီဖေးမပြီး ဂရုဏာတရားနဲ့ကြင်နာပေးကြတာဖြစ်ပါတယ်။လက်ရှိကာလမှာ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေလည်း မတ်လ(၂၀)ရက်နေ့အထိဆိုရင် အယောက်(၃၀၀)နီးပါး ရှိနေပြီဖြစ်ပါတယ်။ အဝတ်လျှော်ပြီး မိသားစုရဲ့စားဝတ်နေရေးကို ဖြေရှင်းပေးနေတဲ့ ဟိန္ဒူအမျိုးသမီးကြီးတစ်ယောက်ဆိုရင်လည်း အဝတ်လျှော်ပြီးလို့ အိမ်အပြန်လမ်းမှာ ကျည်မှန်ပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဟိန္ဒူအမျိုးသမီးကြီးမှာ ကလေးငယ်လေး(၂)ယောက်နဲ့ ကိုယ်ဝန်ဆောင်သည်သမီးကြီးတစ်ယောက်လည်း ရှိပါတယ်။ ဟိန္ဒူအမျိုးသမီးကြီးက မုဆိုးမတစ်ယောက်ဖြစ်ပြီး နေစရာအိမ်လည်းမရှိတာကြောင့် မဟာသုခရဲ့နေမဝင်ကုသိုလ်ရှင်များခရီးမှာ သုညတဓမ္မရံသီ တရားရိပ်သာ ဆရာလေးဘုရားလှူဒါန်းပေးထားတဲ့ တဲနန်းတော်လေးမှာနေထိုင်နေတာဖြစ်ပါတယ်။ အခုလိုမျိုး မိခင်ကကျဆုံးသွားခဲ့တာကြောင့် ကလေးသုံးယောက်လုံး အမိမဲ့ဖြစ်သွားပြီးအကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။ကလေးသုံးယောက်ကတော့ ကျဆုံးသွားတဲ့မိခင် […]
Local News
စစ်သား မိန်းမတစ်ယောက်ပြောပြတဲ့ တပ်တွင်း ကြုံတွေ့နေရတဲ့ အခြေအနေ
ယောက်ျားရှေ့တန်းထွက်သွားတာ နှစ်လပြည့်တော့မယ် ဘာအဆက်သွယ်မှမရဘူး။ တပ်တွင်းမှာလည်းလူမှုကွန်ရက်သုံးခွင့်ပိတ်ထားတယ် MWD နဲ့MRTV ပဲကြည့်ခွင့်ပေးတယ်။ ကျန်ခဲ့တဲ့မိန်းမတွေညဘက်ဆို တပ်တွင်းမှာယူနီဖောင်းဝတ်ပီးကင်းစောင့်ရတယ်။ အခုဆိုရင်မြို့တွေထဲပါခေါ်သွားတယ် ပါးစပ်ပိတ် Mask ကိုလုံးဝလုံးဝမချွတ်ဖို့သတိပေးထားတယ်။ ယူနီဖောင်းအပြည့်စုံ လက်နက်တွေနဲ့ တစ်နေကုန်ကားပေါ်မှပဲထိုင်နေရတယ်။ အင်အားပြပေါ့ လိုင်းခန်းမှာကျန်ခဲ့တဲ့၂ နှစ်အရွယ်ကလေးလေးကိုပဲသနားတယ် ။ ကျန်ခဲ့တဲ့သမီးလေးအတွက် တပ်ရင်းဗိုလ်ကြီးက ဘာမှမပူနဲ့ နင့်သမီးကို ငါတို့သမီးလိုစောင့်ရှောက်ပေးမယ်လို့ပြောတယ်။ မနက်တည်းကတပ်ရင်းကထွက်တာ ညမိုးချုပ်မှအိမ်ပြန်ရောက်တယ်။ အထက်လူကြီးတွေကဘာရည်ရွယ်ချက်နဲ့လုပ်တာလည်းတော့မသိဘူး။ မလိုက်တဲ့သူကိုလိုင်းခန်းမှာမနေဖို့ပြောတယ်။ အခုနေများလက်နက်ကိုင်အဖွဲ့တွေသူတို့ တပ်ရင်းတွေကိုဝင်စီးရင်တော့ ညီမတို့အသေဆိုးနဲ့သေရမှာ။ မိဘတွေဆီပြန်ဖို့ကလည်းမဖြစ်ဘူး မရှိတော့ဘူး။ သူတို့ဘဝတွေကဆုပ်လည်းစူး […]
Knowledge
21.3.2021 မှစ၍ မတ်လကုန်အထိ ဟောစာတမ်း – အရမ်းအရေးကြီးပါတယ်
ဒီညတင်မယ့်ဟောစာတမ်းကမနက်ဖြန်ကစပြီး ကျန်တဲ့နေ့တွေအတွက်အကုန်အကျုံးဝင်ပါတယ် ❗ ကျွန်တော်နောက်ရက်တွေမတင်ဖြစ်ဘဲပျောက်နေခဲ့ရင်လည်းစိတ်မပူကြဖို့ကြိုအသိပေးပါရစေ။ 21.3.2021 မှစ၍ မတ်လကုန်အထိ ဟောစာတမ်း – အရမ်းအရေးကြီးပါတယ်။ The Fountain ဆိုတဲ့ကတ်ဟာ ကျန်တဲ့ တားရော့ထုတ်တွေမှာမပါဘဲ The Fountain Tarot မှာမှပါတဲ့ ကတ်ပါ။ – ဘာတွေအရေးကြီးတာလဲဆိုရင် ကြီးကြီးမားမားတစ်ခုခုဖြစ်ဖို့ရှိပါတယ်။ဒီကတ်ဟာ အကုန်လုံးရဲ့အဆုံးဖြစ်သလို အစ လည်းဖြစ်တဲ့ကတ်ပါ။ – မထင်မှတ်ထားတဲ့တစ်စုံတစ်ရာဟာAction အပြည့်နဲ့စတင်တော့မှာဖြစ်လို့ ကလေးများနဲ့ သက်ကြီးရွယ်အိုများ မြို့ပေါ်ကနေရှောင်ထားသင့်ပါတယ်။ အထူးသဖြင့်ရန်ကုန်ပါ။တော်လှန်ရေးဟာလုံးဝပုံစံအသစ်နဲ့ဖြစ်တည်လာမှာပါ။ – The […]
Local News
ဖက်ဒရယ်တပ်မ​တော်နှင့်ရဲတပ်ဖွဲ့ ပြင်ဆင်​လေ့ကျင့်​နေပြီ
ဖက်ဒရယ်တပ်မ​တော်နှင့်ရဲတပ်ဖွဲ့ဖြစ်လာ​ရေး ပြင်ဆင်​လေ့ကျင့်​နေပြီဟု ဦးမင်းကိုနိုင်က ပြည်သူကို ​အောက်ပါအတိုင်း အသိ​ပေးထားသည်။ “တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။ မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။ လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ […]
Local News
ရန်ကုန်-မန္တလေး အမြန်လမ်း နောက်ဆုံးရအခြေအနေ
ရန်ကုန်-မန္တလေး အမြန်လမ်း[20-MAR-21] [19:00] ပြီးခဲ့တဲ့ရက်ပိုင်းက ၃၉ မိုင် (ဘောနက်ကြီး) နားမှာ ပစ်ခတ်မှုတွေ ရှိတယ်လို့ စစ်ကောင်စီ သတင်းစာက ကြေညာခဲ့ပေမယ့် အမြန်လမ်းမကြီးပေါ်မှာတော့ အထူးတလည် ပိတ်ဆို့စစ်ဆေးနေတာမရှိပါ။ ယခင် ၃၉ မိုင် ဘောနက်ကြီးဂိတ်မှာ စစ်ဆေးနေခဲ့ပေမယ့် ယခုတော့ မန္တလေးဘက်ကအလာ မိုင်တိုင် ၄၂ အမြှောက်တပ်ရှေ့မှာ စစ်ဆေးရေးရှိနေပါတယ်။ ဒါပေမယ့် ဝတ်ကျေတန်းကျေပဲ စစ်တာပါ။ ကျန်တဲ့နေရာတွေကတော့ မိုင်တိုင် ၈၂/၃ တဝိုက် စစ်ကားတစ်စီး၊ […]
Local News
ပြည်သူတွေ ငွေထုတ်ယူဖို့အတွက်ပဲ ဖွင့်ပေးခဲ့တဲ့ AYA ဘဏ် ဥက္ကဌ ဦးဇော်ဇော်
ပြည်သူတွေ ငွေထုတ်ယူဖို့အတွက်ပဲ ဖွင့်ပေးခဲ့တဲ့ AYA ဘဏ်နေပြည်တော်၊ ရွှေကြာပင် AYA ဘဏ်ခွဲဒီနေ့ဖွင့်ပါတယ်။ဖွင့်တယ်ဆိုပြီးသတင်းကြားလို့သွားကြည့်တာ ပိုက်ဆံထုတ်ပေးနေပါတယ်။ငွေလွှဲ / ငွေသွင်း လုပ်လို့မရပါ။ ပြည်သူတွေ ငွေကြေးကြပ်တည်းမစိုးလို့ငွေထုတ်ယူဖို့အတွက်ဘဲဖွင့်ပေးတာပါတဲ့။ နေ့စဉ်မဖွင့်ပါတဲ့။တစ်ပတ်မှာ တစ်ရက်လောက်တော့ ဖွင့်ပေးပါမယ်တဲ့။ကိုယ်ကတော့ ငွေသွားထုတ်တာမဟုတ်ပါ။ အကြွေးရှိလို့ အတိုးတက်သွားမစိုးလို့ငွေသွားသွင်းတာပါ။အကြွေးလည်းမဆပ်ပါနဲ့ဦးတဲ့။သွင်းငွေ လက်မခံပါတဲ့။အတိုးလည်း မတက်ပါဘူးတဲ့။မှတ်မိသေးတယ်။ ကိုဗစ်ကာလ ပြည်သူတွေ ဒုက္ခရောက်တုန်းကချေးငွေတွေကို (၃) လ အတိုးမတက်ဘဲ လျှော်ပေးခဲ့တဲ့ ဦးဇော်ဇော် (AYA) ။တကယ်ဘဲ ပြည်သူတွေ မကျပ်တည်းဖို့ တစ်ခုတည်းအတွက် […]
Local News
မနက် ၁၀ နာရီတိုင်း အိမ်​ရှေ့ထွက်၍ အာဏာရှင်​တော်လှန်​ရေး လှုပ်ရှားမှုစတင်
မနက် ၁၀ နာရီတိုင်း မိမိအိမ်​ရှေ့ထွက်၍ အာဏာရှင်ကို ဆန့်ကျင်​တော်လှန်ကြရန် ​ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သည့် တကသများ(ရန်ကုန်)က ​အောက်ပါအတိုင်း ​ကြေညာချက်ထုတ်ပြန်သည်။ ပြည်သူလုထုတစ်ရပ်လုံး လမ်းတွေပေါ်မှာ အင်အားပြန်ပြဖို့ အရေးတကြီးလိုနေပါပြီ။ ◾မနက်(၁၀)နာရီတိုင်း အိမ်ရှေ့ထွက်ဖြစ်အောင် ထွက်ကြပါ။ မနက်(၁၀)နာရီဆိုတာနဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ ကိုယ့်အိမ်ရှေ့ကလမ်းတွေပေါ်မှာ၊ လမ်းထိပ်တွေမှာ တပြိုင်နက် ဝုန်းကနဲ ထွက်ပေါ်လာပြီး ဆန္ဒတွေ ထုတ်ဖော်ကြ၊ ကြွေးကြော်ကြ၊ တော်လှန်ရေးသီချင်းတွေ သံပြိုင်ဆိုကြ၊ အာဏာဖီဆန်ကြ စတာတွေ လုပ်ကြမယ်၊ ပြည်သူတစ်ယောက်မကျန် ‌တစ်ယောက်စီတိုင်းက အနည်းဆုံးတစ်နာရီလောက်တော့ […]
Local News
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရှက်စရာကောင်းတဲ့ အထောက်အထားရုပ်သံဖိုင်
Local News
ဘယ်လိုနည်းလမ်းတွေနဲ့ ပြင်ဆင်ထားလဲ ဆိုတာ ဒေါက်တာဆာဆာ ပြောပြီ
မိမိကိုယ်ခုခံပိုင်ခွင့် ဒေါက်တာဆာဆာနှင့် မေးမြန်းခန်း မြန်မာပြည်သူတွေရဲ့သွေးတစက်ကျတိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် စစ်ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူရေး ပိုမို ခိုင်မာလာစေတယ်လို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာကပြောပါတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွဲမှုတွေအတွက် ပြည်သူတွေဘက်က ကိုယ်ကိုကိုယ် ခုခံပိုင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ CRPH အနေနဲ့ လူထုအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ခုခံကာကွယ်ဖို့ ပြင်ဆင်ထားသလဲ။ စစ်အာဏာသိမ်းတဲ့ နေ့ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာ နေပြည်တော်မှာ ရှိနေတဲ့ ဒေါက်တာဆာဆာအနေနဲ့ ဘယ်လိုလွတ်မြောက်လာသလဲ။ […]
Local News
“သူ့ကို တံခါးသော့ခတ်ပြီး ပေးမသွားအောင် လုပ်လို့ရပေမယ့် နောင်တစ်ချိန်မှာ သူ့ကို အဲ့လိုလုပ်ရပ်တွေကြောင့် အဖေလို့ မသတ်မှတ်မှာ စိုးရိမ်လို့” တဲ့ မောင်ခန့်ငြားဟိန်း၏ ဖခင်
“သူ့ကို တံခါးသော့ခတ်ပြီး ပေးမသွားအောင် လုပ်လို့ရတယ်။ ဒါပေမယ့် နောင်တစ်ချိန်မှာ သူ့ကို အဲ့လိုလုပ်ရပ်တွေကြောင့် အဖေလို့ မသတ်မှတ်မှာ စိုးရိမ်လို့” တဲ့ 💔💔💔သူလိုအဖေမျိုး ❤️💔 အဲ့နေ့ကခန့်မှန်းခြေ ၁၂နာရီ‌ ကျော်လောက်ဖြစ်သွားပြီ။သူမသွား‌တော့ဘူးလို့ ကျနော်ထင်နေတာ။ ကျနော် တံခါးတွေလဲပိတ်ထားတယ်။စိတ်မချလို့ ငါ့သားအိမ်ပေါ်မှာ ဘာလုပ်နေလဲလို့ ကျနော်တတ်ကြည့်တယ်။ တက်ကြည့်တဲ့အခါမှာ သူ့နေရာမှာပဲ သူဖုန်းကိုင်နေတယ်။အဲ့တာနဲ့ ဪ စိတ်ချသွားပြီ ငါ့သားမသွားတော့ဘူးဆိုပြီး ကျနော်ပြန်ဆင်းလာပြီးအလုပ်လုပ်နေတယ်။အိမ်နောက်ဘေးမှာ တံခါးဂျက်လေးက မကောင်းလို့ ကျနော်က တံခါးဂျက်လေးကိုပြင်နေတယ်။ အာရုံနည်းနည်းစိုက်နေတဲ့အချိန်မှာ […]