Local News
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သစ် စစ်ကောင်စီ ခန့်အပ်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သစ် စစ်ကောင်စီ ခန့်အပ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ်တွေ ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးသိန်းစိုး၊ အဖွဲ့ဝင်တွေဖြစ် ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်းနဲ့ ဦးသန်းဝင်းတို့ ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ အမိန့်နဲ့ […]
Local News
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်လူထု သံပုံးတီး၍ ဆန္ဒထုတ်ဖော်
Local News
ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်ရန်အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ပြော
မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာလျှောက်လှမ်းဖို့ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နေပြည်တော် သမ္မတအိမ်တော်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုသွားတာပါ။ “ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်ချက်များရှိကြောင်း၊ နိုင်ငံတကာနှင့်ဆက်ဆံရာမှာ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးမူဝါဒ၊ ကြားနေမူဝါဒ နှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပြတ်ဆက်ဆံရေး၊ ငြိမ်းချမ်း […]
Local News
မြန်မာစစ်အာဏာသိမ်းမှုအပေါ် အမေရိကန်လွှတ်တော်အမတ်များ တုံ့ပြန်ချက်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer ကစိုးရိမ်တကြီးစောင့်ကြည့်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ သူတို့ဟာ သမ္မတ Biden အစိုးရနဲ့ ဒီအရေးမှာ တန်းတူ ရပ်တည်နေတယ်၊ ရီပါပလီကန် ခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်လ် အနေနဲ့လည်း မြန်မာ့ နိုင်ငံရေးရဲ့ အခြေအနေ အပေါ် စိုးရိမ်မှုတွေရှိနေတဲ့အတွက် ပါတီနှစ်ရပ် ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုအတွက် မြန်မာပြည်သူတွေအတွက်ပါ အကျိုးစီးပွားဖြစ်ထွန်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း […]
Local News
နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ KNU တိုက်တွန်း
နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့အပေါ် စိုးရိမ်ပြီး ဖမ်းဆီးခံထား ရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ကရင်အမျိုးသား အစည်းအရုံး KNU က ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြီးမားတဲ့ အဟန့်အတားဖြစ်စေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ လုပ်ငန်းစဉ်အပေါ် အလေးအနက်မရှိတာကို ပြသလိုက် တာပဲလို့ KNU ရဲ့ကြေညာချက် မှာ ဖော်ပြထားပါတယ်။ KNU အနေနဲ့ […]
Local News
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် NLD သဘောထားထုတ်ပြန်
လွှတ်တော်အစည်းအဝေးမခေါ်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံအာဏာကို သိမ်းလိုက်တာဟာ အခြေခံဥပဒေကို ဆန့်ကျင်လိုက်တာဖြစ်ပြီး နိုင်ငံသားတွေရဲ့ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံရသူ တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်ပြုဖို့ NLD က တိုက်တွန်းလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ်လွှတ်တော်ခေါ်ယူနိုင်ဖို့နဲ့ နိုင်ငံတည်ငြိမ်ရေးနဲ့ ပြည်သူတွေ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့၊ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားဖို့ အလေးနက်တောင်းဆိုတယ်လို့ […]
Local News
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ပြန်လွှတ် အစိုးရနေအိမ်မှ ပြောင်းရွှေ့ခိုင်း
တပ်မတော်၏ ထိန်းသိမ်းခြင်းခံခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော် မြင့်မောင်အား ဖေဖော်ဝါရီလ ၂ ရက် နံနက် ၁၀ နာရီအချိန်ခန့်က ပြန်လည်လွှတ်ပေးခဲ့ပြီး နေအိမ်တွင် အကျယ်ချုပ် ဖြင့် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား အစိုးရနေအိမ်မှ ပြောင်းရွှေ့ပေးရန်လည်း ရှိနေကြောင်းလည်း သိရသည်။ တပ်မတော်မှ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများ၊NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး […]
International News
ကုလသမဂ္ဂလုံခြုံရေးကောင်စီ တွင် ယနေ့ တံခါးပိတ် ဆွေးနွေးမည်
စစ်အာဏာသိမ်းမှုဖြစ်ပေါ်နေသော မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ တံခါးပိတ်ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသည် ရိုဟင်ဂျာ မွတ်စလင် ၆ သိန်း ၏ အခြေအနေကို စိုးရိမ်နေကြောင်း၊ ၂၀၁၇ ခုနှစ် လုံခြုံရေးဖြိုခွင်းမှုများကြောင့် ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက […]
International News
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ပြောပြီ
“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာလိုက်တာဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက် တိုက်ခိုက်တာဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ၊ ပြည်သူ့ဆန္ဒကို ပြောင်းလဲပြစ်ဖို့ ကြံစည်တာ သို့မဟုတ် ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ဘယ်တော့မှ အင်အားမသုံးသင့်ပါဘူး။ ၁၀ နှစ်နီးပါးကာလအတွင်း မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ အရပ်သားအုပ်ချုပ်မှုစံနစ် ထူထောင်ရေးနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် မှန်ကန်စွာ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီဖြစ်ထွန်း တိုးတက်မှုတွေကို […]
International News
ဖမ်းထားသူတွေလွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း
မြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး ဒါဇင်နဲ့ ချီတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် အလွန်စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ပြောလိုက်ပါတယ်။ ရွေးကောက်ခံလွှတ်တော် အမတ်တွေအပါအဝင် လူ ၄၅ ဦးထက်မနည်း ထိန်းသိမ်းခံထားရတဲ့အပေါ် အလွန်အမင်းစိုးရိမ်သလို ဖမ်းဆီးထားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သူ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သတင်းထောက်တွေကို […]