စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြိမ်ကြိမ်…. ခံရသူ ကိုယ်ဝန် ခုနှစ်လနှင့် အမျိုးသမီးအား မေးမြန်းချက်

Local News

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် ကိုယ်ဝန် ခုနှစ်လ လွယ်ထားသူ၊ ကလေး လေးယောက်မိခင်၊ အသက် ၃၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်သား နှစ်ဦးက နိုဝင်ဘာလ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးထံက သိရပါသည်။ ထိုနေ့တွင်ပင် မီးနေသည်ဖြစ်သူ တစ်လခွဲအရွယ်ကလေး၏ မိခင်ကိုလည်း စစ်သားသုံးဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်။ […]

ကလေးမြို့ လေဆိပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

Local News

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ လေဆိပ်အနီးတွင် ယနေ့ နိုဝင်ဘာလ ၁၇ ရက် နေ့လယ် ၁၁ နာရီ မိနစ် ၃၀ က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ “နေ့လယ် ၁၁ နာရီခွဲလောက်က ပေါက်တာပါ။ အသံကတော့ တော်တော်ကျယ်တယ်။ ကလေးမြို့ အောင်သစ္စာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းဘေး ကြံခိုင်ရေးရုံး မျက်နှာချင်းဆိုင် လေဆိပ်အနီးမှာ ပေါက်တာပါ။ ကွင်းထဲမကျတော့ လူထိတာတော့ မရှိပါဘူး” […]

ကလေးမြို့ PDF စခန်းကို စစ်ကောင်စီတပ်ဝင်စီး

Uncategorized

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ထဲကကျေးရွာတွေမှာ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့စခန်းတခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ထားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ဖမ်းဆီးခံထားရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကနေ မိုင် ၂၀ လောက်အကွာမှာရှိတဲ့ နဂါးဗွက်ကျေးရွာအနီး တောထဲက ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စခန်းတခုကို စစ်ကောင်စီတပ်တွေက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ခဲ့ကြသလိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ […]

MyTel တာဝါတိုင်များအား၊ဗုံးခွဲဖျက်ဆီးသူတွေကို ၊ ဖမ်းမိခဲ့ရင်

Local News

လတ်တလောတွေ တပ်ဘက်မှ အထိနာလျက်ရှိသော MyTel တာဝါတိုင်များအား၊ဗုံးခွဲဖျက်ဆီးသူတွေကို ၊ ဖမ်းမိခဲ့ရင် သေဒဏ်မှတပါး အခြားမရှိဘူးလိုးပြော MyTel တာဝါတိုင်တွေကို PDF တွေ ဗုံးခွဲဖျက်ဆီးနေကြခြင်းဟာ နိုင်ငံတော်ကို ပုန်ကန်ခြင်းမြောက်တဲ့အတွက် စစ်ကောင်စီက ဖမ်းမိခဲ့ရင်သေဒဏ်မှတပါး အခြားမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရေးကြီးသတင်းတစ်ရပ်အနေနဲ့ ယနေ့ ညနေ ၃ နာရီခန့်က ပြောကြားလိုက်ပါတယ်။ မိမိတို့စစ်ကောင်စီအနေဖြင့် အထပ်ထပ်အခါခါ ခွင့်လွှတ်သီးခံခဲ့သော်လည်း ဤအစွန်းရောက်များက ISIS ဆန်ဆန်၊ တာလီဘန်ဆန်ဆန် လူထုဒုက္ခရောက်အောင် အမျိုးမျိုး […]

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ ကန်တိုက်တွန်း

Local News

မြန်မာနိုင်ငံအရေး ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ အမေရိကန်ပြည်ထောင်စု၊ ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai က တိုက်တွန်းလိုက်ပါတယ်။ တနင်္လာနေ့က ကျင်းပတဲ့ အာဆီယံ စီးပွားရေးဆိုင်ရာဝန်ကြီးများ Online တွေ့ဆုံဆွေးနွေးပွဲမှာ ခုလို တိုက်တွန်းလိုက်တာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် အာဆီယံက […]

❝ပိုက်လုံးမကျိုးခင် လိမ္မာလိုက်သင့်ပြီ ❞ လို့ဆိုလိုက်တဲ့ ပန်ဆယ်လို

ချိနက ရှင်းတယ်။ ဒင်းတို့က စီးပွါးရေးသမား။ မြန်မာပြည်သူတွေရဲ့ အသ က်တွေ ဘဝတွေကို စိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာ သူ့စီးပွါးပဲ။ ဒီနိုင်ငံမှာ သူစီးပွါးရှာလို့ရဖို့ပဲ လိုတယ်။ မအလ အာဏာသိမ်းတာကို ချိနက ကြိုက်တယ်။ ပေါ်တင်အားပေးတယ်။ ပေါ်တင် ကာဘာပေးတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ကိုကိုကျင်တို့ လုံးဝမချောင်ဘူး။ သူခိုးဈေးမရဘူး၊ ခေါင်းပုံဖြတ်လို့မရဘူး။ တန်ရာတန်ကြေးပေးရတော့ အကျင်တို့ ရင်ထဲမချိဘူး။ ဒါ့ကြောင် အာဏာသိမ်းဖို့ ကျောထောက်နောက်ခံပေးခဲ့တာ။ ဉာဏ်ပုလေး အာဏာသိမ်းတာ […]

Local News

နောက်(၅) နှစ် အုပ်ချူပ်ခွင့်ရရင် ချမ်းသာတဲ့နိုင်ငံစာရင်းထဲပါလာနိုင်မယ်လို့ စစ်ကောင်စီဆို

နောက်(၅)နှစ်သာအုပ်ချူပ်ခွင့်ရရင် ချမ်းသာတဲ့နိူင်ငံစားရင်ထဲပါလာနိူင်မယ်လို့ စစ်ကောင်စီဆို ၊ အာဏာသိမ်းပြီးသိပ်မကြာခင်မှာပဲ ငွေကြေးဖောင်ပွမှုတွေ ရွှေစျေးတတ်လာမှုတွေမြင့်တက်လာခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ထိန်းချူပ်မှုတွေဟာလည်း ယာယီတာထိန်းချူပ်နိူင်ခဲ့ပြီး ဒေါ်လာစျေးအဆမတန်မြင့်လာခဲ့ပါသည်။ ယခုအချိန်တွင် ဗဟိုဘဏ်မှ ဒေါ်လာထုတ်ရောင်းမှုပြုလုပ်ခဲ့တာကြောင့် ရွှေစျေးနှင့် ဒေါ်လာစျေး အနည်းငယ်ပြန်ကျခဲ့ပါတယ်။ ဒါဟာယာယီထိန်းချူပ်နိူင်တာပဲဖြစ်တယ်လို့ စီးပွါးရေးလုပ်ငန်းရှင်များသုံသပ်ပါတယ်။ ယခုလို အာဏာသိမ်းပြီး စီးပွါးရေးထိုးကျလာသလို ၊ အလုပ်လက်မဲ့ လူဦးရေကလည်း အဆမတန်တိုးလာခဲ့ပါတယ်။ယနေ့မှာတော့ စစ်ကောင်စီပိုင် မီဒီယာမှ မင်းအောင်လှိုင်ရဲ့ ပြောစကားကို အခုဖော်ပြရေးသားထားပါတယ် ”မိမိတို့သာ နိူင်ငံကို နောက်ထပ် (၅)နှစ်အုပ်ချူပ်ခွင့်ရမည်ဆိုရင် […]

Local News

စစ်ကောင်စီတွင် ငြိမ်းချမ်းစွာ ပြဿနာ ဖြေရှင်းရေး ဆန္ဒ မရှိ၍ လက်နက် ကိုင်လမ်းစဉ်ကို မတားဆီးနိုင်ခဲ့

အကြမ်းဖက် စစ်ကောင်စီတွင် ငြိမ်းချမ်းစွာ ပြဿနာ ဖြေရှင်းရေး ဆန္ဒ မရှိ၍ လက်နက် ကိုင်လမ်းစဉ်ကို မတားဆီးနိုင်ခဲ့ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ပြော အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရေး အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သော်လည်း ကြိုဆိုလက်ခံခြင်းမရှိဘဲ ပယ်ချခဲ့မှုက လက်နက်ကိုင်နည်းလမ်းမှလွဲ၍ ရွေး ချယ်စရာမရှိတော့ဆိုသည့် အခြေအနေဆိုက်ရောက်စေခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Christine Schraner Burgenerက ပြောဆိုလိုက်သည်။ ယနေ့ လူမှုကွန်ရက် Twitter […]

International News

မဟာမိတ် ကိုရီးယားသမ္မတကြီးတော့ UN ကို ချီတက်ပြီ

သမ္မတကြီး မွန်းဂျယ်အင်းနဲ့အတူ ကုလအစည်းအဝေးသို့လိုက်ပါမယ့် BTS အဖွဲ့ တောင်ကိုရီးယား သမ္မတမွန်းဂျယ်အင်းဟာ နာမည်ကျော်တောင်ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့ BTS အဖွဲ့ဝင်များနှင့် ဒီနေ့ အင်္ဂါမှာ သူ၏ရုံးခန်းမှာတွေ့ဆုံခဲ့ပြီး လူထုသံတမန်ရေးရာအထူးသံတမန်အဖြစ်ခန့်အပ်ခြင်းခံရသည့်လက်မှတ်များချီးမြှင့်ခဲ့ပါတယ် အိမ်ပြာတော်ရဲ့အဆိုအရ BTS ဟာနောင်လာမည့်မျိုးဆက်များနှင့် ယဉ်ကျေးမှုအတွက် အထူးသံတမန်အဖြစ်လှုပ်ရှားမှုများစတင်လိမ့်မယ်လို့ဆိုပါတယ် ..သမ္မတဟာ ၇၆ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံသို့လည်းတက်ရောက်ရန်စီစဉ်ထားပါတယ်။ တနင်္လာနေ့မှာ ကျင်းပမယ့် ဆယ်စုနှစ်လှုပ်ရှားမှု၏ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDG Moment) ၏ဒုတိယအကြိမ်အစည်းအဝေးမှာ သမ္မတနဲ့အတူ BTS အဖွဲ့ဝင်များတက်ရောက်မှာဖြစ်ပြီးBTS ဟာ အစည်းအဝေးအတွင်းမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ် BTS […]

Knowledge

အင်တာနက်ဖြတ်ခံရတဲ့ နေရာဒေသတွေအတွက်

အင်တာနက် ဖြတ်ခံရတဲ့ဒေသတွေ တစ်နယ်လုံး ဖုန်းကတ်တစ်မျိုးတည်းသုံးပါ နောက် တစ်နယ်လုံးတူညီတဲ့ ဖုန်းကတ် တစ်မျိုး အရံထားပါ ဥပမာ အော်ရီဒူးတစ်မျိုးပဲ ဖုန်းခေါ် မက်ဆေ့ချ်ပို့လုပ်ပြီး ကျန်တဲ့ တယ်လီနောကို အော်ရီဒူးပျက်သွားရင်သုံးဖို့အရံထားပါ ​အွန်လိုင်း ရတဲ့ဒေသတွေကနေ အဲဒီဒေသတွေဆီကို အွန်လိုင်း ပေါ်ကနေ အရေးပါပြီး သိသင့်သိထိုက်တဲ့ သတင်းအကျဥ်းချုပ်တွေကို မက်ဆေ့ချ် နဲ့ပို့ပေးပါ အဲဒါကိုမှ အချင်းချင်း ပြန်ဖြန့်ကြပါ ဒီနေရာမှာ သတင်းအမှားအမှန် ခွဲခြားတတ်ဖို့တော့ အရေးကြီးပါတယ် ယုံကြည်ရတဲ့လူ ခိုင်လုံရတဲ့လူတွေဆီကရတဲ့သတင်းကိုပဲ […]

Local News

ခါးအောက်ပိုင်းစကားလုံးတွေနဲ့ နွေဦးတော်လှန်ရေးကို တိုက်ခိုက်တဲ့ စစ်အုပ်စု

ခါးအောက်ပိုင်းစကားလုံးတွေနဲ့ နွေဦးတော်လှန်ရေးကို တိုက်ခိုက်တဲ့ စစ်အုပ်စု “အခုနောက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့တွေ၊ ဖောက်ခွဲဖျက်ဆီးရေးအဖွဲ့တွေကို ဖမ်းဆီးရမိတဲ့အခါမှာ ကျနော်တို့ သတိထားမိတဲ့အချက်၊ သတိထားစရာကောင်းတဲ့အချက်က အဲဒီအဖွဲ့တိုင်းလိုနီးပါး အထူးသဖြင့် ရန်ကုန်ကဲ့သို့ မြို့ကြီးတွေက အကြမ်းဖက်အဖွဲ့တွေမှာ အမျိုးသမီးငယ်တွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အများအားဖြင့် သူတို့ဟာ အိမ်ထောင်မရှိတဲ့ အပျိုတွေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတွေ့ရှိချက်များအရ လက်မထပ်ရသေးဘဲ Living Together ပုံစံမျိုးတွေလည်း ဖြစ်နေပါတယ်။ အချို့လည်း ကိုယ်ဝန်တွေရနေတာ တွေ့ရပါတယ်” […]

Local News

အင်တာနက်လိုင်းများ လနှင့်ချီ ပြတ်တောက်နိုင်

နေကနေ ကမ္ဘာကို လျှပ်စစ်သံလိုက် စွမ်းအင်ရှိတဲ့ အမှုန်လေးတွေ အမြောက်အများ တချိန်လုံး ကျဆင်းနေပါတယ်။ ဒီအမှုန်လေးတွေကို နေလေပြည် (သို့) နေလေလှိုင်း (Solar Wind) လို့ ခေါ်ပါတယ်။ ဒီ Solar Wind မှာ အဓိက ပါဝင်တဲ့ အမှုန်လေးတွေကတော့ အီလက်ထရွန် (Electron)၊ ပရိုတွန် (Proton) နဲ့ အယ်လ်ဖာ အမှုန် (Alpha particles) တွေပဲ ဖြစ်ကြပါတယ်။ ပုံမှန် […]

Local News

ဒေါ်အောင်ဆန်းစုကြည်အမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချတော့မည်

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြား အောင် လှုံ့ဆော်မှုနဲ့ စွဲချက် တင်သင့်၊ မတင်သင့်ကို နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ နှစ်ဘက်လျှောက်လဲချက် ပေးခဲ့ကြပြီး နောက်အပတ်မှာ အမိန့်ချမှတ်မယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ မနေ့က ရုံးထုတ်တဲ့အချိန်မှာ ကားမူးပြီး နေထိုင်မကောင်းဖြစ်လို့ ရုံးချိန်း ခွင့်တိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ ပြန်ကျန်းမာလာပြီဖြစ်သလို […]

Local News

မြန်မာကိုယ်စားပြုမှုဆုံးဖြတ်မယ့် ကုလကော်မတီဝင်များခန့်အပ်မည်

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ဒီကနေ့ စတင်ကျင်းပမှာဖြစ်ပြီး အစီအစဉ်တွေထဲမှာ Credential Committee လို့ခေါ်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်လက်ခံရေးကော်မတီမှာပါမယ့် အဖွဲ့ဝင်နိုင်ငံတွေကို ခန့်ထားဖို့လည်း ပါဝင်ပါတယ်။ ဒီကော်မတီအနေနဲ့ မြန်မာနဲ့ တခြားနိုင်ငံတချို့ရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုမှုကို ဆွေးနွေး ရွေးချယ်ပြီးတော့ အထွေထွေညီလာခံကို တင်ပြရမှာဖြစ်ပါတယ်။ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ဆွီဒင်နိုင်ငံက ဆောင်ရွက်မှာဖြစ်ပြီးတော့ ဘူတန်၊ ဘာဟားမားစ်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီအဲရာ […]

Local News

စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲက မြို့နယ်အချို့ အင်တာနက်လိုင်းပြတ်

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေနဲ့ မကွေးတိုင်းထဲက တောင်တွင်းကြီးမြို့နယ်အပါအဝင် မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်းက မြို့နယ်အချို့မှာ စက်တင်ဘာလ ၁၄ ရက် ဒီကနေ့ နေ့လယ်ကစပြီး ဆက်သွယ်ရေးအော်ပရေတာ အားလုံးရဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ စစ်ကောင်စီက ချင်းတွင်းမြစ် အနောက်ဘက်တစ်ကြော အထူးစစ်ဆင်ရေးလုပ်မယ်ဆိုပြီး သတင်းတွေ ထွက်လာပြီးနောက်မှာပဲ အခုလိုအင်တာနက်တွေ ပြတ်သွားတာလို့ ယင်းမာပင်မြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ […]