International News

မဖြိုးဖြိုးအောင် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ခံရ

မြန်မာနိုင်ငံက တတ်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့မဖြိုးဖြိုးအောင်ကို အမေရိကန် နိုင်ငံခြားရေးဌာနကနေ၂၀၂၁ ခုနှစ်ရဲ့ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်လိုက်ပါတယ်။ မနက်ဖြန် မတ်လ ၈ ရက်နေ့ တနင်္လာနေ့ အွန်လိုင်းကလုပ်မယ့် ဆုပေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Bliken က ဦးဆောင်မှာဖြစ်ပြီး သမ္မတကတော် Jill Biden က မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဆုချီးမြှင့်ခံရသူ မဖြိုးဖြိုးအောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ အခုလို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို လူထုက […]

International News

တရားရုံးအမိန့် ဆန့်ကျင်ပြီး မလေးရှားက မြန်မာ ၁ဝဝဝ ကျော်ကို ပြန်ပို့

မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်မပို့ဖို့ တရားရုံးက ချမှတ်တဲ့အမိန့်ကို ဆန့်ကျင်ပြီး မြန်မာစစ်တပ်က စေလွှတ်လိုက်တဲ့ ရေတပ်သင်္ဘောသုံးစင်းပေါ် လူတထောင်ကျော် မနေ့က တင်ပေးပြီး မလေးရှားအစိုးရက နေရပ်ပြန်ပို့လိုက်ပါတယ်။ လူ ၁၂၀၀ ပြန်ပို့မယ်လို့ ကနဦးက ပြောထားပြီး ၁၀၈၆ ယောက်ကို ပြန်ပို့တာပါ။ မြန်မာနိုင်ငံကို ပြန်ပို့ရင် ဒီလူတွေဘဝ လုံခြုံနိုင်မှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောတဲ့အတွက် ပြန်မပို့ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ မှတ်ပုံတင်ထားတဲ့ […]

International News

မြန်မာစစ်အာဏာရှင်ကို စစ်ကြေညာပြီ

ကမ္ဘာမှာ နာမည်ကြီး ဟက်ကာအဖွဲ့တစ်ခုဖြစ်တဲ့ Anonymous က အာဏာသိမ်းစစ်ကောင်စီကို ဒီကနေ့ စစ်ကြေညာလိုက်ပါတယ်။ Twitter လူမှုကွန်ရက်မှာ Anonymous အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားတာပါ။ သူတို့ရဲ့ နောက်လာမယ့် ပစ်မှတ်တွေထဲမှာ ဝဘ်ဆိုဒ်တော်တော်များများပါမှာဖြစ်ပြီး၊ အဓိက တပ်မတော်ရဲ့ ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” ရဲ့ ဝဘ်ဆိုဒ်ပါတယ်လို့ ပြောထားပါတယ်။ GitHub ဆိုတဲ့ ဆိုဒ်တစ်ခုကိုလည်း ဖွင့်ထားကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖိနှိပ်တဲ့ အထောက်အထားတွေကို အဲ့ဒီဝဘ်ဆိုဒ်မှာတင်ပြီး မြန်မာနိုင်ငံမှာ တကယ် […]

International News

မြန်မာကို ဒရုန်းဖျက်ပစ္စည်း ရောင်းချမှု စင်္ကာပူဖျက်သိမ်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒရုန်းဖျက်ပစ္စည်းတွေ ရောင်းချနေတဲ့ စင်္ကာပူအခြေစိုက်ကုမ္ပဏီတခုက နောက် ထပ်မရောင်းချတော့ကြောင်း၊ ကုမ္ပဏီအရာရှိတဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စင်္ကာပူတက်ကြွလှုပ်ရှားသူတွေက အဲဒီ ဒရုန်းကုမ္ပဏီကို ဖိအားပေးခဲ့တဲ့အတွက် မြန်မာနဲ့ အရောင်းအဝယ် ဖြတ်တောက်လိုက်တာ‌ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေ ပြန်လည်စိုးမိုးမှု မတွေ့ရမချင်း ပစ္စည်းရောင်းချဖို့ အစီအစဉ်ရှိမှာ မဟုတ်ကြောင်း၊ လာမယ့်ကာလကိုကြည့်ပြီး ရောင်းသင့်၊ မရောင်းသင့် ဆုံးဖြတ်မှာဖြစ်ကြောင်းလည်း ကုမ္ပဏီက ပြောပါတယ်။ ဒါ့အပြင် ရန်ကုန် နိုင်ငံတကာလေဆိပ်အတွက် ဒရုန်းဖျက်ပစ္စည်းတွေ […]

International News

ရွေးကောက်တင်မြှောက်ခံအစိုးရကို အာဏာပြန်ပေးရမည်ဟု အမေရိကန်ပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားရတဲ့အစိုးရကို အာဏာပြန်ပြီး ပေးကိုပေးရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ယူကေနဲ့ ကနေဒါနိုင်ငံတို့က အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက် အမေရိကန်က ကြိုဆိုတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောပါတယ်။ “ယူနိုက်တက်ကင်းဒမ်းနဲ့ ကနေဒါတို့ကနေပြီး မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှု အတွက် တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်မယ့် သတင်းစကားတစ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီး ညီညီညာညာနဲ ဝိုင်းဝန်းပေးပို့ကြဖို့လည်း ကျွန်တော်တို့ […]

International News

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြင်းထန်စွာအရေးယူမည်ဟု ဂျပန်လွှတ်တော်အမတ်များ ကြေညာ

အာဏာသိမ်းစစ်ခေါင်းဆောင် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်တွေကို ချက်ချင်းလိုက်နာခြင်းမရှိပါက အမေရိကန်၊ အီးယူနိုင်ငံတို့နဲ့ ပူးပေါင်းပြီး ပြင်းထန်စွာအရေးယူမယ်လို့ ဂျပန်လွှတ်တော်အမတ်တွေက ကြေညာပါတယ်။ ဒီကနေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် ချီယိုဒမြို့ရှိ ပြည်သူ့လွှတ်တော်အဆောက်အုံမှာ ကျင်းပတဲ့ မြန်မာ့အရေးကြားနာဆွေးနွေးပွဲမှာ ဂျပန်လွှတ်တော်အမတ်တွေက အချက်၅ ချက်ပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ တောင်းဆိုချက်တွေအထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်ကိုချက်ချင်းလိုက်နာခြင်းမရှိပါက အမေရိကန်နဲ့ အီးယူနိုင်ငံတွေနဲ့ […]

International News

မြန်မာပြည်စစ်အာဏာသိမ်းမှု အမေရိကန်လုပ်ဆောင်မယ့် ခြေလှမ်းများ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့မှုနဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်အမတ် နိုင်ငံခြားဆက်ဆံရေးကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဆီနိတ်တာ ဘန် ကာဒင် (ဒီမိုကရက်)နဲ့ တော့ဒ်ယန်း (ရီပတ်ဗလီကန်)တို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၄ရက်နေ့က ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပါတယ်။ မြန်မာစစ်တပ် အာဏာသိမ်းယူမှုဟာ လုံးဝလက်မခံနိုင်စရာဖြစ်ပြီး ဒီအာဏာသိမ်းမှုဟာ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့တည်ငြိမ်မှုကိုသာမက ဒေသတွင်းနိုင်ငံက ပြည်သူတွေကိုပါ ထိခိုက်မှုဖြစ်စေတယ်လို့ ဆီနိတ်တာ ကာဒင်က ဆိုထားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲပြီး အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေ တာဝန်ခံမှုရှိစေရေး ရပ်တည်လုပ်ကိုင်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ မြန်မာပြည်စစ်အာဏာသိမ်းယူမှုနဲ့ပတ်သက်တဲ့ […]

International News

အာဏာသိမ်းစစ်ခေါင်းဆောင်များကို တရုတ်ဖိအားစပေးပြီ

အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့်စပ်လျဉ်းပြီး တရုတ်အတွက် ရှားရှားပါးပါးဆောင်ရွက်ချက်ဖြစ် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရေးအချက်ပါသည့် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏တောင်းဆိုချက်ကိုအာဏာသိမ်းစစ်ခေါင်းဆောင်များ လိုက္နာဖို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကုလကြေညာချက်အပြည့်အစုံဖြင့် ဖော်ပြတောင်းဆိုလိုက်သည်။ ယမန်နေ့ညက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဖော်ပြခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့်စပ်လျဉ်းပြီး တရုတ်အတွက် ရှားရှားပါးပါးဖော်ပြချက်တစ်ခုဖြစ်သွားသည်။ဖော်ပြချက်အပြည့်အစုံမှာ “မြန်မာနိုင်ငံတွင်းအခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ၏ထုတ်ပြန်ချက်- အောက်ပါလုံခြုံရေးကောင်စီ၏ကြေညာချက်ကို ကောင်စီဥက္ကဌ ဘာဘရာဝုဒ်ဝဒ် (The United Kingdom) က ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် အခြားသူများအပါအဝင် အစိုးရအဖွဲ့ဝင်များကို တပ်မတော်ကမတရားဖမ်းဆီးထိန်းသိမ်းပြီး […]

International News

မြန်မာစစ်ခေါင်းဆောင်တွေ အာဏာစွန့်လွှတ်ဖို့ အမေရိကန်သံအမတ်ကြီး တိုက်တွန်း

စစ်တပ်အနေနဲ့ သိမ်းယူထားတဲ့အာဏာ စွန့်လွှတ်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါ (Thomas Vajda) က တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ အခုလို တိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ၊ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ သတင်းအချက်အလက် လွတ်လပ်စွာ ရရှိခွင့်တို့ကို အားပေးထောက်ခံတဲ့အနေနဲ့ လက်ရှိ ဆန္ဒပြတာတွေကို မိမိတို့ အားပေး […]

International News

မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပုပ်ရဟန်းမင်းကြီးမိန့်ကြား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို အထူးစိုးရိမ်မကင်း ဖြစ်ရပြီး မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိတဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး Francis က မနေ့က မိန့်ကြားလိုက်ပါတယ်။ Vatican စီးတီး စိန့်ပီတာရင်ပြင်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက် တနင်္ဂနွေနေ့ကပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာပါ။ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ ဘုံအကျိုးစီးပွားအတွက် ဆောင်ရွက်ကြဖို့နဲ့ တရားမျှတမှုနဲ့ တည်ငြိမ်မှုရှိပြီး ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်အောင် ကြိုးစားကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်က […]