Local News

မန္တလေး PDF နဲ့ စစ်ကောင်စီ အပြန်အလှန် ဆော်ကုန်ပြီ

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲက ၅၄ လမ်းက အိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်စီးနင်းရင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဒီမနက်ဖြစ်ပွားခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုရှိတဲ့အတွက် စစ်ကောင်စီဘက်က စစ်ကားတွေတစ်စီးပြီး တစ်စီးထပ်အားဖြည့်လာကို ဒေသခံတွေရဲ့ တိုက်ရိုက် Live လွှင့်မှုတွေမှာ တွေ့ရပါတယ်။ စစ်ကောင်စီတပ်တွေထဲ စနိုက်ပါတွေရော၊ အရပ်ဝတ်ဝတ်ပြီး လက်နက်ကိုင်ထားတဲ့သူတွေပါပါဝင်တယ်လို့ မြို့ခံတွေကပြောပါတယ်။ တစ်ချိန်တည်းမှာပဲ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က‘ဒီနေ့စတင်တိုက်ပါပြီ။ ကျွန်တော်တို့စောင့်နေတဲ့နေ့ရောက်ပြီ’ လို့ သူတို့ရဲ့ လူမှုကွန်ရက်မှာကြေညာပါတယ်။ သူတို့ရဲ့ ပြောက်ကျားတပ်ခွဲတစ်ခု ဝင်းစီးခံရပြီး […]