International News

မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ခန့်အပ်လွှာကို FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ပယ်ချ

ဇွန်လ ၁၅ ရက်နေ့ကျင်းပတဲ့ FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ Credentials Committee ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေး ကော်မတီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက တင်ပြလာတဲ့ ကိုယ်စားလှယ်အဖွဲ့ ခန့်အပ်လွှာကို ပယ်ချလိုက်ပြီး မြန်မာပြည်ကိုယ်စားပြုတဲ့ မည်သည့်ကိုယ်စားလှယ်ကိုမျှ အသိအမှတ်မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို ဆုံးဖြတ်ချက်ချဖို့အတွက် FAO စစ်ဆေးရေးကော်မတီ အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ တခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ တို့ရဲ့ ဆုံးဖြတ်ချက်တွေကို သတိပြုလေ့လာခဲ့တယ်လို့ ကြေညာချက်မှာ […]