Local News

မွေးဖွားသည့်အချိန်မှစ၍ ဘဝတလျှောက်လုံး စစ်ပြေးဘဝဖြင့်သာ ဖြတ်သန်းနေရသည့်အဖွားအို

သူ့နာမည်က ဖီးဝါးပါ။သူ့အသက်ကတော့ (၇၀) ကျော်လာပါပြီး။သို့သော် ယနေ့အချိန်ထိ ဗမာစစ်သားတွေရဲ့ သ.တ်.ဖြ.တ်မှုမှလွတ်မြောက်ရန် စ.စ်ပြေးနေရတုန်းပါ။ သူ့ကို မွေးဖွားသည့်အချိန်မှစ၍ ဘဝတလျှောက်လုံး စ.စ်ပြေးဘဝဖြင့်သာ ဖြတ်သန်းနေရသည်။ယခုလည်း အကြ.မ်းဖ.က်.စ.စ်ကောင်စီ၏ တိုက်လေယာဉ်များက သူတို့ကျေးရွာဘက်သို့ နေ့စဉ်ဗုံ.းကြဲတို.က်ခိုက်ခြင်းကြောင့် စ.စ်ပြေးနေရသည်မှာ တလကျော်နေပြီးဖြစ်သည်။ ဗမာစ.စ်လေယာဉ်တွေ မလာတော့ဘူးဆိုပါက သူ့အိမ်သို့ပြန်သွားရန် အခြေအနေကြည့်၍ နေ့စဉ်စောင့်နေလျက်ရှိသည်။တကယ်တော့ သူမဘဝကရိုးရှင်းပါတယ်။ ကျောင်းမတက်ရပါ၊ စာမဖတ်တတ်ပါ၊ မည်သည့်နိုင်ငံသားမှတ်ပုံတင်မှမရှိပါ၊ မည်သည့်ပါတ်စပို့မှမရှိပါ၊ ဘာစည်းစိမ်ဥစ္စာမရှိဘဲ တနေ့လုပ်မှတနေ့ စားဘဝပါ၊ ဘာကိုမှမက်မောလိုစိတ်မရှိပါ၊ သစ်ရွက်မိုးထားသည့် ဝါးအိမ်ဖြင့်သာနေထိုင်သည်။ […]

Local News

အိမ်ဂရန်ကို အပေါင်ထားပြီးငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား ။

အိမ်ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာ လား ။ ရပ်ကွက်ထဲမှာ အပေါင်ထားရင် အဲ့ဒီလူသည် အပေါင်ခံခွင့် ၊ ပိုင်ခွင့် ရှိရဲ့လား ဆိုတဲ့အပိုင်းလေးတွေ စဉ်းစားရမှာ ဖြစ်ပါတယ်။ သို့သော် အပေါင်ထားပြီး ငွေချေးတဲ့အခါမှာ အတိုးမပါဘဲနဲ့ ပြန်ဆပ်ခိုင်းတဲ့ အခါမျိုး ကျရင်လည်း သူ့ကို တရားမကြောင်းအရ တရားစွဲဆိုပြီး မြေကို လက်ရောက်ရလို့မှုတွေနဲ့ စွဲသွားရင် အိမ်ပါသွား နိုင်ပါတယ်။ ဘဏ်ဆိုရင်တော့ […]

International News

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် စပ် လျဉ်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တံခါးပိတ်အစည်းအဝေးတစ်ရပ်အား ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ရက် နေ့တွင် ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် မကြာမီက ကျင်းပခဲ့သော အာဆီယံခေါင်းဆောင် များအစည်းအဝေးမှ ထွက်ပေါ်လာသည့် မြန်မာနိုင်ငံအ‌ခြေအနေဆိုင်ရာ ရလဒ်များအကြောင်းကို လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး Dato Erywan Pehin Yusof က ရှင်းလင်းတင်ပြခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်း […]

Knowledge

တချိန်က အမတ်ကြီးဦးပေါ်ဦးရဲ့ တဘောင်နိမိတ်ထဲက ယနေ့ ဒေါင်းဘုရင်မ တစ်ပါး

ကုန်းဘောင်ခေတ်တွင် ဘုန်းကြီးသော ဘိုးတော်မင်းတရားလက်ထက် ငလျင်လှုပ်၍ ဂူတခုပြိုကျရာ ဂူအတွင်းမှစာကြောင်းရေ ၁၁ ကြောင်းပါသည့် ကြေးပုရပိုက်တဆူရလေသည်။ ရလေသော ကြေးပုရပိုက်အား ဘိုးတော်ဘုရားထံဆက်သတော်မူရာ ဘိုးတော်ဘုရားမှ ပညာရှိဦးပေါ်ဦးကိုမေးမြန်းတော်မူလေသည်။ ဘိုး ။ ဟဲ့ ပေါ်ဦး ဤကြေးပုရပိုက်ပါ စာများကားငါ့တိုင်းနိုင်ငံနှင့် အဘယ်ပုံ ဆက်စပ်နေသလဲလျှောက်တင်စမ်း ဦးပေါ်ဦးလည်း သေချာစေ့ငုစွာ လေ့လာဖတ်ရှုပြီးပြန်လည်ဖြေကြားတော်မူပါတယ် ပေါ် ။ မှန်လှပါဘုရား ကြေးပုရပိုက်ပါ စာများကားသာသနာနှစ် ၂၅၆၀ ကို ရည်ညွှန်းထားကြောင်းပါဘုရား ..ခန်းဆိုသည်ကား သုည […]

Local News

စစ်ကောင်စီ ဝန်ကြီးက အဖမ်းခံထိ NLD ခေါင်းဆောင်တစ်ဦးအတွက် မွေးနေ့ဆုတောင်းပေ

အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် အာဏာယူထားသည့် စစ်ကောင်စီ၏ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ၎င်းတို့စစ်ကောင်စီကဖမ်းဆီးထားသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးထွန်းထွန်းဟိန်အတွက် မွေးနေ့ဆုတောင်းပေးခဲ့သည်။ ဦးအောင်နိုင်ဦးသည် ဧပြီ ၃၀ ရက်က ကျရောက်သည့် အသက် ၇၂ နှစ်ပြည့်မွေးနေ့အတွက် ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။ထိုသို့ ဆုတောင်းချိန်၌ ဦးထွန်းထွန်းဟိန်သည် ဦးအောင်နိုင်ဦး သစ္စာခံတာဝန်ထမ်းဆောင်ပေးနေသည့် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းခန်းအတွင်း ရှိနေသည်။ ဦးအောင်နိုင်ဦးသည် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် […]

Knowledge

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ပုံပြောင်းကိုဗစ် အကြောင်း

အိမ်နီးချင်း ပုံပြောင်းကိုဗစ် အကြောင်း ပြည်သူ့ကျန်းမာရေးဘာသာရပ်မှာ ကူးစက်ရောဂါတစ်ခုဖြစ်ဖို့ အခြေအနေ (၃) ရပ် လိုအပ်တယ်လို့ ဆိုပါတယ်။ ပထမတစ်ခုက ရောဂါပိုး 🦠 (Agent)ပါ။ ရောဂါပိုးရှိမှ (တနည်း) ရောဂါပိုးကူးမှ ရောဂါဖြစ်လို့ရပါတယ်။ ရောဂါပိုး ကူးစက်အောင် ပတ်ဝန်းကျင် (Environment ) အကြောင်းအရာတွေက ဖန်တီးကူညီပေးတတ်ပြီး လက်ခံသူ (Host) ဆီသို့ ရောဂါပိုးရောက်ရှိခြင်းမှ ရောဂါကူးစက်ပျံ့နှံ့လာကြရပါတယ်။ Agent (ရောဂါပိုး) ကျနော်တို့ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ […]

International News

မြန်မာနိုင်ငံကို ကူညီပေးဖို့ အတွက် သမ္မ တ ဂျိုးဘိုင်ဒန်ဆီကို စာတစ်စောင်ရေးသားပြီး ကိုယ်တိုင် သွားပို့ခဲ့တဲ့ ကလေးလေးတစ်ယောက်

“Generation Z” လို့ခေါ်တဲ့ လူငယ်တွေကတော့ လူထုလှုပ်ရှားမှုပွဲတွေမှာ ဦးဆောင်နေကြပြီး ကိုယ့်နိုင်ငံအတွ က်အားကြိုးမာန်တက်ဆောင် ရွက်နေကြတာပဲ ဖြစ်ပါတယ်။ပြည်သူအားလုံးရဲ့မျှော်လင့်ချက် အိပ်မက်တွေအတွက် ကြိုးပမ်းနေကြတဲ့သူတွေထဲမှာ Gen Z တွေ..သာမက ငယ်ရွယ်သေးတဲ့ Gen Alpha လေးတွေလည်း ပါဝင်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံအတွက် မျိုး ဆက်သစ်လေးတွေဖြစ်ကြတဲ့ Gen Alpha တွေကပြည်သူတွေကို သူတို့တတ်နိုင်သလောက် အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။အခုလည်း အမေရိကန်မှာနေထိုင်တဲ့.. Gen Alpha လေးတစ်ယောက်က […]

Knowledge

ငလျင် ဘယ်မှာလှုပ်သလဲ

ငလျင်ဆိုတာ ကမ္ဘာ့အပေါ်ယံမြေလွှာချပ်တွေ တစ်ခုနှင့်တစ်ခု ထပ်ခြင်း (သို့) ကွဲခြင်း ကြောင့် ပြတ်ရွေ့ကြောင်းများတလျှောက် ဖြစ်ပေါ်လာတဲ့ မြေလွှာတုန်ခါမှုလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာ့အတွင်းပိုင်း အလွှာ (၄) ခု နဲ့ ကျောက်လွှာချပ်တွေ အကြောင်းကိုတော့ ကျနော်တို့ အခြေခံပညာမှာ လေ့လာခဲ့ကြပြီးဖြစ်လို့ ဒီတစ်ခါတော့ စာဖတ်ပရိသတ်များအတွက် ငလျင်တိုင်းတာခြင်းနဲ့ တည်နေရာ (ဖြစ်ပေါ်တဲ့နေရာ) ရှာဖွေခြင်းအကြောင်း ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ ငလျင်လှိုင်းများကို အင်္ဂလိပ်လို Seismic waves လို့ခေါ်ပြီး အဲ့ဒီ့လှိုင်းများကို […]

Local News

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ လေသံလျှော့ခဲ့ရ

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်မှာ ပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သောကြာနေ့မှာ တောင်းဆိုခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားတို့ သဘောတူအောင် လေသံလျှော့ထားတဲ့ ထုတ်ပြန်ချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ခဲ့တာပါ။ အာဆီယံ အထူးသံတမန်တဦး ခန့်အပ်ပြီး မြန်မာ့အရေးကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ နှောင့်နှေးမှုမရှိ ချက်ချင်းလုပ်ဖို့လည်း လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ လုံခြုံရေးကောင်စီမှာ […]