မင်းအောင်လှိုင်ကို ရုရှားသမ္မတပူတင်က လက်ခံ တွေ့ဆုံရန် အစီအစဉ်မရှိဟု တရားဝင် သတင်းထုတ်ပြန်

ရုရှားရောက်ရှိနေသည့် မင်းအောင်လှိုင်ကို ရုရှားသမ္မတပူတင်က လက်ခံ တွေ့ဆုံရန် အစီအစဉ်မရှိဟု တရားဝင် သတင်းထုတ်ပြန်

ရုရှားနိုင်ငံသို့ လုံခြုံရေးဆိုင်ရာ အစည်းအဝေး တက်ရန် ရောက်ရှိနေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားသမ္မတပူတင်က လက်ခံတွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ယနေ့ ထုတ်ဖော်ပြောဆိုသည်။

မင်းအောင်လှိုင်သည် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Nikolai Patrushev နှင့်တွေ့ဆုံခွင့်ရရှိပြီး ရုရှားသမ္မတပူတင်က တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ရုရှားအစိုးရက ထုတ်ပြန် ကြေညာသည်။

မင်းအောင်လှိုင်သည် ရုရှားတွင် ၃ ရက်ကြာကျင်းပမည့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်နေခြင်းဖြစ်ပြီး ရုရှားသို့ ရောက်ရှိစဉ် အစိုးရခေါင်းဆောင်တစ်ဦးကဲ့သို့ ကြိုဆိုခြင်းမခံရပေ။

လေယာဉ်ပေါ်မှ ဆင်းသောအခါ ကောဇော်နီခင်းထားခြင်းမရှိဘဲ သာမန် Vanကားအမျိုးအစားဖြင့်သာ လာရောက်ကြိုသွားခြင်းဖြစ်သည်။

NLD အစိုးရလက်ထက်တွင် ရုရှားသမ္မတ ပူတင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော်တို့နှင့် တွေ့ဆုံမှုများ ရှိခဲ့သည်။

——————–

႐ုရွားေရာက္ရွိေနသည့္ မင္းေအာင္လႈိင္ကို ႐ုရွားသမၼတပူတင္က လက္ခံ ေတြ႕ဆုံရန္ အစီအစဥ္မရွိဟု တရားဝင္ သတင္းထုတ္ျပန္

႐ုရွားႏိုင္ငံသို႔ လုံၿခဳံေရးဆိုင္ရာ အစည္းအေဝး တက္ရန္ ေရာက္ရွိေနသည့္ စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္ကို ႐ုရွားသမၼတပူတင္က လက္ခံေတြ႕ဆုံရန္ အစီအစဥ္မရွိေၾကာင္း ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က ယေန႔ ထုတ္ေဖာ္ေျပာဆိုသည္။

မင္းေအာင္လႈိင္သည္ ႐ုရွားလုံၿခဳံေရးေကာင္စီအတြင္းေရးမႉး Nikolai Patrushev ႏွင့္ေတြ႕ဆုံခြင့္ရရွိၿပီး ႐ုရွားသမၼတပူတင္က ေတြ႕ဆုံရန္ အစီအစဥ္မရွိေၾကာင္း ႐ုရွားအစိုးရက ထုတ္ျပန္ ေၾကညာသည္။

မင္းေအာင္လႈိင္သည္ ႐ုရွားတြင္ ၃ ရက္ၾကာက်င္းပမည့္ လုံၿခဳံေရးဆိုင္ရာ အစည္းအေဝးကို တက္ေရာက္ေနျခင္းျဖစ္ၿပီး ႐ုရွားသို႔ ေရာက္ရွိစဥ္ အစိုးရေခါင္းေဆာင္တစ္ဦးကဲ့သို႔ ႀကိဳဆိုျခင္းမခံရေပ။

ေလယာဥ္ေပၚမွ ဆင္းေသာအခါ ေကာေဇာ္နီခင္းထားျခင္းမရွိဘဲ သာမန္ Vanကားအမ်ိဳးအစားျဖင့္သာ လာေရာက္ႀကိဳသြားျခင္းျဖစ္သည္။

NLD အစိုးရလက္ထက္တြင္ ႐ုရွားသမၼတ ပူတင္သည္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးထင္ေက်ာ္တို႔ႏွင့္ ေတြ႕ဆုံမႈမ်ား ရွိခဲ့သည္။