ပြည်သူလူထုကို ကာကွယ်ပေးဖို့ မိုးကုတ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကြေညာ

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်မည်ဟု မိုးကုတ် PDF ကြေညာ

မန္တ​လေးတိုင်း၊ မိုးကုတ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကေအိုင်အေနဲ့ တခြား PDF အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး

အာဏာသိမ်း စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ အ​​မြစ်ပြတ်တိုက်ခိုက်သွားမယ်လို့ ဇွန်လ ၂၀ ရက်မှာ ကြေညာပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဘေးအန္တရာယ်ကနေ ပြည်သူလူထုကို ကာကွယ်ပေးဖို့ မိုးကုတ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို မိုးကုတ်ဒေသခံ လူငယ်တွေက မေလ ၂၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီတပ်နဲ့ လက်ပါးစေတွေကို မိုးကုတ် PDFက နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အတူတကွ ပါဝင်ပူးပေါင်း ကြဖို့ တိုက်တွန်းထားပါတယ်။

——————-

စစ္ေကာင္စီအၾကမ္းဖက္အဖြဲ႕ကို တိုက္ခိုက္မည္ဟု မိုးကုတ္ PDF ေၾကညာ

မႏၲ​ေလးတိုင္း၊ မိုးကုတ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF အေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG၊ ေကအိုင္ေအနဲ႔ တျခား PDF အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီး

အာဏာသိမ္း စစ္ေကာင္စီကို နည္းလမ္းေပါင္းစုံနဲ႔ အ​​ျမစ္ျပတ္တိုက္ခိုက္သြားမယ္လို႔ ဇြန္လ ၂၀ ရက္မွာ ေၾကညာပါတယ္။

အာဏာသိမ္းစစ္တပ္ရဲ႕ ေဘးအႏၲရာယ္ကေန ျပည္သူလူထုကို ကာကြယ္ေပးဖို႔ မိုးကုတ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ကို မိုးကုတ္ေဒသခံ လူငယ္ေတြက ေမလ ၂၃ ရက္ေန႔မွာ စတင္ဖြဲ႕စည္းခဲ့ပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက အျပစ္မဲ့ ျပည္သူေတြအေပၚ အၾကမ္းဖက္လုပ္ရပ္ေတြ ဆက္လက္လုပ္ေဆာင္ေနပါက စစ္ေကာင္စီတပ္နဲ႔ လက္ပါးေစေတြကို မိုးကုတ္ PDFက နည္းလမ္းေပါင္းစုံနဲ႔ တိုက္ခိုက္သြားမွာျဖစ္ၿပီး ျပည္သူေတြအေနနဲ႔ အတူတကြ ပါဝင္ပူးေပါင္း ၾကဖို႔ တိုက္တြန္းထားပါတယ္။