မြန်မာအတွက်ဒေါ်လာသုံးသိန်းမြောက်ကိုရီးယားထောက်ပံ့

မြန်မာနိုင်ငံတွင်းလူသားချင်းစာနာထောက်ထားရေးအကူအညီတွေဆောင်ရွက်ဖို့အတွက်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုကိုမြောက်ကိုရီးယားနိုင်ငံဟာအမေရိကန်ဒေါ်လာသုံးသိန်းလှူဒါန်းခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

ဒါဟာ၂၀၁၅ခုနှစ်နောက်ပိုင်းမြောက်ကိုရီးယားနိုင်ငံကတခြားနိုင်ငံတွေကိုပထမဆုံးပြန်လည်လှူဒါန်းတာဖြစ်ပြီးဒီထောက်ပံ့ငွေတွေကိုမေလ၂၄ရက်နေ့မှာလှူဒါန်းခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHAရဲ့ဘဏ္ဍာရေးညွှန်းကိန်းမှာဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာမြန်မာနိုင်ငံနဲ့အရင်ကတည်းကထိတွေ့ချိတ်ဆက်မှုတွေရှိခဲ့ပြီးလက်နက်အထောက်အပံ့တွေကိုမြောက်ကိုရီးယားတို့ကထောက်ပံ့ပေးနေတယ်လို့လည်းကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့တွေကပြောပါတယ်။

နှစ်နိုင်ငံကြားမစ်ဆိုင်းဒုံးလက်နက်ပူးတွဲလုပ်ဆောင်မှုတွေကိုလည်းစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမတည်ငြိမ်မှုတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူသိန်းနဲ့ချီရှိနေပြီးလူပေါင်း၁သန်းအတွက်လူသားချင်းစာနာထောက်ထားရေးအကူအညီတွေလိုအပ်နေတယ်လို့လည်းUNOCHAအဖွဲ့ကပြောထားပါတယ်။

————————

ျမန္မာႏိုင္ငံတြင္းလူသားခ်င္းစာနာေထာက္ထားေရးအကူအညီေတြေဆာင္႐ြက္ဖို႔အတြက္ကုလသမဂၢအဖြဲ႕အစည္းတစ္ခုကိုေျမာက္ကိုရီးယားႏိုင္ငံဟာအေမရိကန္ေဒၚလာသုံးသိန္းလႉဒါန္းခဲ့တယ္လို႔႐ိုက္တာသတင္းမွာေဖာ္ျပထားပါတယ္။

ဒါဟာ၂၀၁၅ခုႏွစ္ေနာက္ပိုင္းေျမာက္ကိုရီးယားႏိုင္ငံကတျခားႏိုင္ငံေတြကိုပထမဆုံးျပန္လည္လႉဒါန္းတာျဖစ္ၿပီးဒီေထာက္ပံ့ေငြေတြကိုေမလ၂၄ရက္ေန႔မွာလႉဒါန္းခဲ့တာျဖစ္တယ္လို႔ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး UNOCHAရဲ႕ဘ႑ာေရးၫႊန္းကိန္းမွာေဖာ္ျပထားပါတယ္။

ေျမာက္ကိုရီးယားဟာျမန္မာႏိုင္ငံနဲ႔အရင္ကတည္းကထိေတြ႕ခ်ိတ္ဆက္မႈေတြရွိခဲ့ၿပီးလက္နက္အေထာက္အပံ့ေတြကိုေျမာက္ကိုရီးယားတို႔ကေထာက္ပံ့ေပးေနတယ္လို႔လည္းကုလသမဂၢေစာင့္ၾကည့္ေရးအဖြဲ႕ေတြကေျပာပါတယ္။

ႏွစ္ႏိုင္ငံၾကားမစ္ဆိုင္းဒုံးလက္နက္ပူးတြဲလုပ္ေဆာင္မႈေတြကိုလည္းစုံစမ္းစစ္ေဆးေနတယ္လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံတြင္းမတည္ၿငိမ္မႈေတြေၾကာင့္အိုးအိမ္စြန႔္ခြာထြက္ေျပးတိမ္းေရွာင္ေနရသူသိန္းနဲ႔ခ်ီရွိေနၿပီးလူေပါင္း၁သန္းအတြက္လူသားခ်င္းစာနာေထာက္ထားေရးအကူအညီေတြလိုအပ္ေနတယ္လို႔လည္းUNOCHAအဖြဲ႕ကေျပာထားပါတယ္။