အာဏာသိမ်းစစ်တပ်ကို စွန့်ခွာလာသည့် CDM စစ်သား ၈၀၀ ခန့်ရှိပြီ

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလိုတော့သဖြင့် စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ စစ်သည်အင်အားမှာ ၈၀၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးက ထုတ်ဖော်ပြောကြားသည်။

တပ်တွင်းမှ ထွက်လိုသဖြင့် ဆက်သွယ်အကူအညီတောင်းခံလာသူ အရေအတွက်မှာ တစ်ရက်လျှင် ၅၀ မှ ၆၀ ဦးဝန်းကျင်ရှိပြီး ရာထူးအားဖြင့် ဗိုလ်မှူးအဆင့်အထိ ပါဝင်သည်ဟု တပ်မတော်အရာရှိဟောင်းအချို့နှင့် ပူးပေါင်းကာ တပ်ကိုစွန့်ခွာလိုသူ တပ်မတော်သားများကို ကူညီဆောင်ရွက်ပေးနေသည့် ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီးလင်းထက်အောင်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ရှိ တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၂၈ တွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ မတ်လနှောင်းပိုင်းတွင် စစ်တပ်ကို စွန့်ခွာပြီး CDM တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

“တချို့တွေကျတော့လည်း လွတ်မြောက်နယ်မြေတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ စစ်သင်တန်းပေးတာတို့ တခြားလုပ်ငန်းတွေလည်း လုပ်နေပါတယ်။

ကျန်တဲ့သူတွေက မီဒီယာကနေလည်းကောင်း သက်ဆိုင်ရာကူညီပေးတဲ့ နေရာတွေမှာလည်းကောင်း အကုန်လုံးပူးပေါင်းဆောင်ရွက်ပေးနေကြပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောသည်။

CDM တွင်ပါဝင်လာသူ စစ်သည် ၈၀၀ ဝန်းကျင်အနက် ၇၅ ရာခိုင်နှုန်းခန့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွင် ပူးပေါင်းအားဖြည့်သွားမည်ဖြစ်ကာ ကျန်သူများမှာ လက်နက်မကိုင်သော်လည်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အတွက် ထောက်ပံ့ကူညီပေးနေကြသည်ဟု ၎င်းက ဆိုသည်။

အရာရှိအဆင့် တပ်မတော်သား ၁၀၀ ခန့်ပါဝင်သော စစ်တပ်ကို စွန့်ခွာလာသူ စစ်သည်များတွင် ရေတပ်နှင့် လေတပ်အပါအဝင် လက်ရုံးတပ်ဖွဲ့များလည်း ပါဝင်ကြောင်း ခြေလျင်နှင့် ခြေမြန်တပ်များမှ CDM ပါဝင်လာမှု နည်းနေသေးကြောင်းလည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

“သူတို့ထွက်မလာနိုင်တာက ရှေ့တန်းစစ်ဆင်ရေးတာဝန်တွေကို ပို့ဆောင်တာရယ်၊ မိသားစုနဲ့ တကွဲတပြားဖြစ်အောင် လုပ်ဆောင်တာရယ် ဒီအချက်တွေကြောင့် သူတို့အနေနဲ့ ထွက်လာရတာ တော်တော်ကို အားနည်းနေပါတယ်။

ကျွန်တော်တို့ ဒီဘက်ကနေ ပို့ပေးတဲ့ ထုတ်ပြန်ချက်တွေကိုလည်း သူတို့ သိရှိရခြင်းမရှိဘူး။ ဒါတွေက သူတို့ထွက်လာဖို့အတွက် အားနည်းချက်တွေဖြစ်ပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

CDM စစ်သည်များ၏ မိသားစုဝင်များကို ဓားစာခံအဖြစ် တပ်အတွင်း ပိတ်လှောင်ဖမ်းဆီးတတ်သည့် အဖြစ်အပျက်မျိုးများကြောင့်လည်း တပ်ကို စွန့်ခွာရန် တွန့်ဆုတ်နေသူများရှိကြောင်း၊ ယခုလက်ရှိအထိ CDM စစ်သည် ၈၀၀ ဝန်းကျင်အနက် တပ်တွင်း၌ မိသားစုဝင်များ ကျန်ရစ်သူ ၄၀ နှင့် ၅၀ ဝန်းကျင်ရှိကြောင်းလည်း ၎င်းက ပြောသည်။

“ပြင်ပထွက်ခွာတဲ့လူတွေနဲ့ မိသားစုတွေနဲ့ အဆက်အသွယ် လုံးဝမရတော့ဘူး။ အထဲမှာ ဘယ်လိုနေလို့ ဘယ်လိုထိုင်မှန်းလည်း မသိဘူး၊ နောက်ပြီးတော့ သူတို့ကို ထောက်ပံ့တာလည်း မရှိဘူး။ ဒီအတိုင်း သူတို့ရဲ့ ပြင်ပမိသားစုနဲ့လည်း ဆက်သွယ်ခွင့်မပေးဘူး” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

CDM တွင် ပါဝင်လာသည့် စစ်သည်နှင့် အရာရှိများမှာ အသက် ၂၀ နှင့် ၃၅ ဝန်းကျင် လူငယ်များဖြစ်ကြပြီး ဗိုလ်မှူးအဆင့်ရာထူးထက်မြင့်သော လူကြီးပိုင်းတပ်မတော်အရာရှိများ မပါဝင်သေးကြောင်း၊ ၎င်းတို့ ပါဝင်လာနိုင်ခြေမှာလည်း မရှိသလောက် နည်းပါးကြောင်း ၎င်းက ဆိုသည်။

“သူတို့အနေနဲ့ ပါမယ်ဆို မြန်မြန်ဆန်ဆန် ပွဲတစ်ခုပြီးသွားမှာပါ။ သူတို့အနေနဲ့ မပါလို့ အခုလောက်အထိ လက်နက်ကိုင်တော်လှန်ရေးတွေရော ဒီ Defection (တပ်ခွဲထွက်) ကိစ္စတွေရော ကျွန်တော်တို့က အများကြီး ကြိုးစားနေရတာပေါ့။

သူတို့ကတော့ လုံးဝမပါနိုင်ပါဘူး။ ထွက်လာနိုင်ခြေရှိတာကတော့ အလွန်ဆုံး ဗိုလ်မှူးအဆင့်လောက်ပဲ ထွက်လာနိုင်ခြေရှိပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

စစ်တပ်တွင်သာ မဟုတ်ဘဲ အခြားအစိုးရအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများတွင်လည်း CDM တွင် ပါဝင်လာသူ အများစုမှာ လူငယ်နှင့် လူလတ်ပိုင်းများ အများစုဖြစ်သည်။

“အပေါ်ပိုင်းကလူတွေကိုတော့ မျှော်လင့်မထားဘူး။ အပေါ်ပိုင်းရောက်လာလေလေ ဆုံးရှုံးရမှာတွေ ပိုကြောက်လာလေလေပဲ။ ကျွန်တော်တို့ဆို ဘာမှ မရှိခဲ့ဘူး။ ဘာမှမရှိခဲ့တော့ ဘာမှ မကြောက်ခဲ့ဘူး။ အထဲမှာ ရရှိနေတဲ့သူတွေကတော့ ဒါတွေကို ဆုံးရှုံးရမှာ ကြောက်တယ်။ မိသားစုတွေ ပြိုကွဲရမှာ ကြောက်တယ်” ဟု ၎င်းက ပြောသည်။

မတ် ၇ မှစကာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ထက်နေဗလကမူ အာဏာသိမ်းခြင်းသည် နိုင်ငံ၏ အနာဂတ်ကို နောက်ပြန်ဆွဲပစ်လိုက်ခြင်းဟု ဆိုသည်။

“အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ခေတ်လူငယ်တွေ အကုန်လုံးမှာ နောက်ပြန်ဆွဲသလို ခံစားရတဲ့ ခံစားချက်ကြီးက အကုန်လုံးသိတယ်။ နောက်ပြန်ဆွဲချမယ်ဆိုတာလည်း ဘယ်သူမှမပြောလည်း အကုန်လုံး သိပြီးသားဖြစ်လိမ့်မယ်” ဟု ချင်းပြည်နယ် တီးတိန်အခြေစိုက် ခြေလျင်တပ်ရင်း (၂၆၉) တွင် ဗိုလ်အဆင့်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ ၂၄ နှစ်အရွယ် ဗိုလ်ထက်နေဗလက ဆိုသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့် ပြည်သူလူထုကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ တရားမဝင်ဖမ်းဆီးမှု၊ ထင်ရာစိုင်း၍ လုယူရမ်းကားမှုများ ပြုလုပ်လာသည့်အခါ တပ်မတော်ဟူသည့် အဖွဲ့အစည်း၏ အစိတ်အပိုင်း မဖြစ်လိုတော့ကြောင်း ဗိုလ်ထက်နေဗလက CDM လှုပ်ရှားမှုတွင် ပါဝင်လာရသည့်အကြောင်း ပြောသည်။

“ပြည်သူလူထုက ပေးတဲ့လစာကို ယူပြီးတော့ ပြည်သူလူထုကို ကာကွယ်ရမယ့်အစား ဒီလိုတွေလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအပေါ်မှာ ကျွန်တော်ဆက်ပြီးတော့ တာဝန်မထမ်းဆောင်နိုင်တော့တဲ့အတွက် ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်တော်လည်း နိုင်ငံကိုချစ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးမှာ ကျွန်တော့ရဲ့ စိတ်နဲ့ပဲ ရှေ့ဆက်သွားမယ်။ နောက်ကိုလည်း လှည့်ဖို့ မရှိပါဘူး” ဟုလည်း ဗိုလ်ထက်နေဗလက ထပ်လောင်းပြောဆိုသည်။

——-

အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္တြင္ တာဝန္မထမ္းလိုေတာ့သျဖင့္ စစ္တပ္ကို စြန႔္ခြာကာ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္လာသူ စစ္သည္အင္အားမွာ ၈၀၀ ဝန္းက်င္ရွိေနၿပီျဖစ္ေၾကာင္း တပ္မေတာ္အရာရွိေဟာင္းတစ္ဦးက ထုတ္ေဖာ္ေျပာၾကားသည္။

တပ္တြင္းမွ ထြက္လိုသျဖင့္ ဆက္သြယ္အကူအညီေတာင္းခံလာသူ အေရအတြက္မွာ တစ္ရက္လွ်င္ ၅၀ မွ ၆၀ ဦးဝန္းက်င္ရွိၿပီး ရာထူးအားျဖင့္ ဗိုလ္မႉးအဆင့္အထိ ပါဝင္သည္ဟု တပ္မေတာ္အရာရွိေဟာင္းအခ်ိဳ႕ႏွင့္ ပူးေပါင္းကာ တပ္ကိုစြန႔္ခြာလိုသူ တပ္မေတာ္သားမ်ားကို ကူညီေဆာင္႐ြက္ေပးေနသည့္ ဗိုလ္ႀကီးလင္းထက္ေအာင္က ေျပာသည္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ဗိုလ္ႀကီးလင္းထက္ေအာင္မွာ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းျပင္းၿမိဳ႕နယ္ရွိ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံ ေျချမန္တပ္ရင္း ၅၂၈ တြင္ တပ္ခြဲမႉးတာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ကာ မတ္လႏွောင္းပိုင္းတြင္ စစ္တပ္ကို စြန႔္ခြာၿပီး CDM တြင္ ပါဝင္ခဲ့ျခင္းျဖစ္သည္။

တခ်ိဳ႕ေတြက်ေတာ့လည္း လြတ္ေျမာက္နယ္ေျမေတြမွာရွိတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႕ ခ်ိတ္ဆက္ၿပီးေတာ့ စစ္သင္တန္းေပးတာတို႔ တျခားလုပ္ငန္းေတြလည္း လုပ္ေနပါတယ္။

က်န္တဲ့သူေတြက မီဒီယာကေနလည္းေကာင္း သက္ဆိုင္ရာကူညီေပးတဲ့ ေနရာေတြမွာလည္းေကာင္း အကုန္လုံးပူးေပါင္းေဆာင္႐ြက္ေပးေနၾကပါတယ္ ဟု ဗိုလ္ႀကီးလင္းထက္ေအာင္က Myanmar Now ကို ေျပာသည္။

CDM တြင္ပါဝင္လာသူ စစ္သည္ ၈၀၀ ဝန္းက်င္အနက္ ၇၅ ရာခိုင္ႏႈန္းခန့္မွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ ျပည္သူ႕ကာကြယ္ေရးတပ္ (PDF) တြင္ ပူးေပါင္းအားျဖည့္သြားမည္ျဖစ္ကာ က်န္သူမ်ားမွာ လက္နက္မကိုင္ေသာ္လည္း လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္အတြက္ ေထာက္ပံ့ကူညီေပးေနၾကသည္ဟု ၎က ဆိုသည္။

အရာရွိအဆင့္ တပ္မေတာ္သား ၁၀၀ ခန႔္ပါဝင္ေသာ စစ္တပ္ကို စြန႔္ခြာလာသူ စစ္သည္မ်ားတြင္ ေရတပ္ႏွင့္ ေလတပ္အပါအဝင္ လက္႐ုံးတပ္ဖြဲ႕မ်ားလည္း ပါဝင္ေၾကာင္း ေျခလ်င္ႏွင့္ ေျချမန္တပ္မ်ားမွ CDM ပါဝင္လာမႈ နည္းေနေသးေၾကာင္းလည္း ဗိုလ္ႀကီးလင္းထက္ေအာင္က ေျပာသည္။

သူတို႔ထြက္မလာနိုင္တာက ေရွ႕တန္းစစ္ဆင္ေရးတာဝန္ေတြကို ပို႔ေဆာင္တာရယ္၊ မိသားစုနဲ႕ တကြဲတျပားျဖစ္ေအာင္ လုပ္ေဆာင္တာရယ္ ဒီအခ်က္ေတြေၾကာင့္ သူတို႔အေနနဲ႕ ထြက္လာရတာ ေတာ္ေတာ္ကို အားနည္းေနပါတယ္။

ကြၽန္ေတာ္တို႔ ဒီဘက္ကေန ပို႔ေပးတဲ့ ထုတ္ျပန္ခ်က္ေတြကိုလည္း သူတို႔ သိရွိရျခင္းမရွိဘူး။ ဒါေတြက သူတို႔ထြက္လာဖို႔အတြက္ အားနည္းခ်က္ေတြျဖစ္ပါတယ္ ဟု ဗိုလ္ႀကီးလင္းထက္ေအာင္က ေျပာသည္။

CDM စစ္သည္မ်ား၏ မိသားစုဝင္မ်ားကို ဓားစာခံအျဖစ္ တပ္အတြင္း ပိတ္ေလွာင္ဖမ္းဆီးတတ္သည့္ အျဖစ္အပ်က္မ်ိဳးမ်ားေၾကာင့္လည္း တပ္ကို စြန့္ခြာရန္ တြန့္ဆုတ္ေနသူမ်ားရွိေၾကာင္း၊ ယခုလက္ရွိအထိ CDM စစ္သည္ ၈၀၀ ဝန္းက်င္အနက္ တပ္တြင္း၌ မိသားစုဝင္မ်ား က်န္ရစ္သူ ၄၀ ႏွင့္ ၅၀ ဝန္းက်င္ရွိေၾကာင္းလည္း ၎က ေျပာသည္။

ျပင္ပထြက္ခြာတဲ့လူေတြနဲ႕ မိသားစုေတြနဲ႕ အဆက္အသြယ္ လုံးဝမရေတာ့ဘူး။ အထဲမွာ ဘယ္လိုေနလို႔ ဘယ္လိုထိုင္မွန္းလည္း မသိဘူး၊ ေနာက္ၿပီးေတာ့ သူတို႔ကို ေထာက္ပံ့တာလည္း မရွိဘူး။ ဒီအတိုင္း သူတို႔ရဲ႕ ျပင္ပမိသားစုနဲ႕လည္း ဆက္သြယ္ခြင့္မေပးဘူး ဟု ဗိုလ္ႀကီးလင္းထက္ေအာင္က ေျပာသည္။

CDM တြင္ ပါဝင္လာသည့္ စစ္သည္ႏွင့္ အရာရွိမ်ားမွာ အသက္ ၂၀ ႏွင့္ ၃၅ ဝန္းက်င္ လူငယ္မ်ားျဖစ္ၾကၿပီး ဗိုလ္မႉးအဆင့္ရာထူးထက္ျမင့္ေသာ လူႀကီးပိုင္းတပ္မေတာ္အရာရွိမ်ား မပါဝင္ေသးေၾကာင္း၊ ၎တို႔ ပါဝင္လာနိုင္ေျခမွာလည္း မရွိသေလာက္ နည္းပါးေၾကာင္း ၎က ဆိုသည္။

သူတို႔အေနနဲ႕ ပါမယ္ဆို ျမန္ျမန္ဆန္ဆန္ ပြဲတစ္ခုၿပီးသြားမွာပါ။ သူတို႔အေနနဲ႕ မပါလို႔ အခုေလာက္အထိ လက္နက္ကိုင္ေတာ္လွန္ေရးေတြေရာ ဒီ Defection (တပ္ခြဲထြက္) ကိစၥေတြေရာ ကြၽန္ေတာ္တို႔က အမ်ားႀကီး ႀကိဳးစားေနရတာေပါ့။

သူတို႔ကေတာ့ လုံးဝမပါနိုင္ပါဘူး။ ထြက္လာနိုင္ေျခရွိတာကေတာ့ အလြန္ဆုံး ဗိုလ္မႉးအဆင့္ေလာက္ပဲ ထြက္လာနိုင္ေျခရွိပါတယ္ ဟု ဗိုလ္ႀကီးလင္းထက္ေအာင္က ေျပာသည္။

စစ္တပ္တြင္သာ မဟုတ္ဘဲ အျခားအစိုးရအဖြဲ႕အစည္းႏွင့္ ဝန္ႀကီးဌာနမ်ားတြင္လည္း CDM တြင္ ပါဝင္လာသူ အမ်ားစုမွာ လူငယ္ႏွင့္ လူလတ္ပိုင္းမ်ား အမ်ားစုျဖစ္သည္။

အေပၚပိုင္းကလူေတြကိုေတာ့ ေမွ်ာ္လင့္မထားဘူး။ အေပၚပိုင္းေရာက္လာေလေလ ဆုံးရႈံးရမွာေတြ ပိုေၾကာက္လာေလေလပဲ။ ကြၽန္ေတာ္တို႔ဆို ဘာမွ မရွိခဲ့ဘူး။ ဘာမွမရွိခဲ့ေတာ့ ဘာမွ မေၾကာက္ခဲ့ဘူး။ အထဲမွာ ရရွိေနတဲ့သူေတြကေတာ့ ဒါေတြကို ဆုံးရႈံးရမွာ ေၾကာက္တယ္။ မိသားစုေတြ ၿပိဳကြဲရမွာ ေၾကာက္တယ္ ဟု ၎က ေျပာသည္။

မတ္ ၇ မွစကာ အာဏာဖီဆန္ေရးလႈပ္ရွားမႈတြင္ ပါဝင္လာသည့္ စစ္တပ္အရာရွိတစ္ဦးျဖစ္သူ ဗိုလ္ထက္ေနဗလကမူ အာဏာသိမ္းျခင္းသည္ နိုင္ငံ၏ အနာဂတ္ကို ေနာက္ျပန္ဆြဲပစ္လိုက္ျခင္းဟု ဆိုသည္။

အာဏာသိမ္းလိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ေခတ္လူငယ္ေတြ အကုန္လုံးမွာ ေနာက္ျပန္ဆြဲသလို ခံစားရတဲ့ ခံစားခ်က္ႀကီးက အကုန္လုံးသိတယ္။ ေနာက္ျပန္ဆြဲခ်မယ္ဆိုတာလည္း ဘယ္သူမွမေျပာလည္း အကုန္လုံး သိၿပီးသားျဖစ္လိမ့္မယ္ ဟု ခ်င္းျပည္နယ္ တီးတိန္အေျခစိုက္ ေျခလ်င္တပ္ရင္း (၂၆၉) တြင္ ဗိုလ္အဆင့္ရာထူးအထိ တာဝန္ထမ္းေဆာင္ခဲ့သူ ၂၄ ႏွစ္အ႐ြယ္ ဗိုလ္ထက္ေနဗလက ဆိုသည္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပေတာင္းဆိုသည့္ ျပည္သူလူထုကို စစ္တပ္က အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြင္းမႈ၊ တရားမဝင္ဖမ္းဆီးမႈ၊ ထင္ရာစိုင္း၍ လုယူရမ္းကားမႈမ်ား ျပဳလုပ္လာသည့္အခါ တပ္မေတာ္ဟူသည့္ အဖြဲ႕အစည္း၏ အစိတ္အပိုင္း မျဖစ္လိုေတာ့ေၾကာင္း ဗိုလ္ထက္ေနဗလက CDM လႈပ္ရွားမႈတြင္ ပါဝင္လာရသည့္အေၾကာင္း ေျပာသည္။

ျပည္သူလူထုက ေပးတဲ့လစာကို ယူၿပီးေတာ့ ျပည္သူလူထုကို ကာကြယ္ရမယ့္အစား ဒီလိုေတြလုပ္ေနတဲ့ အဖြဲ႕အစည္းတစ္ခုအေပၚမွာ ကြၽန္ေတာ္ဆက္ၿပီးေတာ့ တာဝန္မထမ္းေဆာင္နိုင္ေတာ့တဲ့အတြက္ ဒီ CDM လႈပ္ရွားမႈမွာ ပါဝင္လာျခင္း ျဖစ္ပါတယ္ ဟု ၎က ေျပာသည္။

ကြၽန္ေတာ္လည္း နိုင္ငံကိုခ်စ္တဲ့ လူငယ္တစ္ေယာက္ျဖစ္တဲ့အတြက္ေၾကာင့္ ဒီေတာ္လွန္ေရးမွာ ကြၽန္ေတာ့ရဲ႕ စိတ္နဲ႕ပဲ ေရွ႕ဆက္သြားမယ္။ ေနာက္ကိုလည္း လွည့္ဖို႔ မရွိပါဘူး ဟုလည္း ဗိုလ္ထက္ေနဗလက ထပ္ေလာင္းေျပာဆိုသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*