တောင်ကိုရီးယားနိုင်ငံက မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းမည်

ကိုရီးယားသမ္မတနိုင်ငံက မြန်မာနိုင်ငံရှိလူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းမည်ဟု UNHCRက ယနေ့တွင် ပြောသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ လှူဒါန်းမှုကို ၂၀၂၁ ခုနှစ်တစ်လျှောက် မြန်မာနိုင်ငံအတွင်း အကူအညီအထူးလိုအပ်လျက်ရှိသည့် နေရာဒေသများ၌ UNHCR နှင့် WFP တို့ ‌ဆောင်ရွက်ကြမည့် အထောက်အပံ့လုပ်ငန်းများကို ပံ့ပိုးပေးမည်ဟု UNHCRကဆိုသည်။

UNHCRက” ရခိုင်ပြည်နယ်မှ ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသူများ မိုးရာသီကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အခြေအနေများမှကာကွယ်ပေးနိုင်ရန်အတွက် နေအိမ်အမိုးအကာများအား ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါသည်။

စစ်တွေမြို့ရှိ စခန်းပေါင်း၂၁ခုမှ နေရပ်စွန့်ခွာပြည်သူများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ခေါင်းဆောင်မှုဆိုင်ရာသင်တန်းများ ကိုလည်းရရှိမည်ဖြစ်ပြီး၊ ယင်းတို့၏ လူမှုအသိုက်အ၀န်းများအားကိုယ်စားပြုနိုင်ရန်အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ အရင်းအမြစ်များကိုစုဆောင်းခြင်းနှင့်

ရပ်ရွာဦးဆောင်သောလှုပ်ရှားမှုများအား ပံ့ပိုးကူညီ ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ နေအိမ်အမိုးအကာနှင့် ရပ်ရွာလူထု၏ခံနိုင်ရည်ရှိမှု အတွက် ဆောင်ရွက်ပေးသည့်လုပ်ငန်းများမှတဆင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူပေါင်း ၁၂၄,၀၀၀ အတွက် အကျိုးကျေးဇူးရရှိစေမည်ဟုမျှော်လင့်ပါသည်။

ထပ်လောင်းပြောဆိုရပါလျှင် ထိုရန်ပုံငွေသည် မြန်မာနိုင်ငံတစ်၀ှန်းလုံးရှိထိခိုက်ခံစားနေရသည့်ပြည်သူများအတွက် UNHCRမှ အသက်ကယ်အကူအညီများနှင့် အရေးပေါ်အကူအညီများပိုမိုပေးအပ်နိုင်ရန်အားထုတ်လုပ်ဆောင်မှုအတွက်အထောက်အကူပြုပါလိမ့်မည်။

ကိုရီးယားသမ္မတနိုင်ငံ၏ လှူဒါန်းမှုဖြင့် WFP သည် ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးရှိ အနွမ်းပါးဆုံးနှင့် ထိခိုက်အလွယ်ဆုံးသောမြို့နယ်များတွင် မြင့်တက်လာနေသည့် အငတ်‌ဘေးကို ဖြေရှင်းရန် အရေးပေါ်စားနပ်ရိက္ခာအထောက်အပံ့များကို ပေးအပ်သွားမည်ဖြစ်ပါသည်။

WFP သည် မြို့ပြနှင့် မြို့စွန်ဒေသများရှိ လူဦးရေ (၂) သန်းကျော်ကို ကူညီလျက်ရှိသည့် ၎င်း၏ မြို့ပြအထောက်အပံ့စီမံကိန်းကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ နေထိုင်မှုအတည်တကျမရှိသေးသည့် အခြေချသူများရှိပြီး၊ နဂိုကပင် ထိခိုက်လွယ်သည့်အခြေအနေရှိသည့် မြို့နယ်များကို ဦးစားပေး၍ ကူညီထောက်ပံ့လျက်ရှိပါသည်။

ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံ၏ ရက်ရောသည့် လှူဒါန်းမှုဖြင့် WFP သည် ရခိုင်ပြည်နယ်ရှိ စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ထိခိုက်လွယ်သူများနှင့် ရိုဟင်ဂျာလူမှုအသိုက်အဝန်းများ အပါအဝင် လူဦးရေ ၃၅,၀၀၀ ကျော်အား ကူညီထောက်ပံ့ပေးမည်လည်း ဖြစ်ပါသည်။

ဤလှူဒါန်းမှုသည် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့်မြောက်ပိုင်းရှိ လူဦးရေ ၃၂၀,၀၀၀ အတွက် WFP က လစဉ်‌ပေးအပ်နေသည့် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ သို့မဟုတ် ငွေသား အထောက်အပံ့များကို ထပ်မံအားဖြည့်ပေးမည်ဖြစ်ပါသည်”ဟု ရှင်းပြထားသည်။

————————–

ကိုရီးယားသမၼတႏိုင္ငံက ျမန္မာႏိုင္ငံရွိလူသားခ်င္းစာနာမႈအေထာက္အပံ့လုပ္ငန္းမ်ားအတြက္ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာေအဂ်င္စီ (UNHCR) ႏွင့္ ကုလသမဂၢကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) တို႔မွတစ္ဆင့္ အေမရိကန္ေဒၚလာ (၁.၃) သန္းလႉဒါန္းမည္ဟု UNHCRက ယေန႔တြင္ ေျပာသည္။

ကိုရီးယားသမၼတႏိုင္ငံ၏ လႉဒါန္းမႈကို ၂၀၂၁ ခုႏွစ္တစ္ေလွ်ာက္ ျမန္မာႏိုင္ငံအတြင္း အကူအညီအထူးလိုအပ္လ်က္ရွိသည့္ ေနရာေဒသမ်ား၌ UNHCR ႏွင့္ WFP တို႔ ‌ေဆာင္႐ြက္ၾကမည့္ အေထာက္အပံ့လုပ္ငန္းမ်ားကို ပံ့ပိုးေပးမည္ဟု UNHCRကဆိုသည္။

UNHCRက” ရခိုင္ျပည္နယ္မွ ပဋိပကၡမ်ားေၾကာင့္ေနရပ္စြန႔္ခြာထြက္ေျပးေနရသူမ်ား မိုးရာသီကာလအတြင္း ရင္ဆိုင္ႀကဳံေတြ႕ရႏိုင္သည့္အေျခအေနမ်ားမွကာကြယ္ေပးႏိုင္ရန္အတြက္ ေနအိမ္အမိုးအကာမ်ားအား ျပဳျပင္ျခင္း၊ ထိန္းသိမ္းျခင္းႏွင့္ ျပန္လည္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္မည္ျဖစ္ပါသည္။

စစ္ေတြၿမိဳ႕ရွိ စခန္းေပါင္း၂၁ခုမွ ေနရပ္စြန႔္ခြာျပည္သူမ်ားသည္ ဆုံးျဖတ္ခ်က္ခ်မွတ္ျခင္းႏွင့္ ေခါင္းေဆာင္မႈဆိုင္ရာသင္တန္းမ်ား ကိုလည္းရရွိမည္ျဖစ္ၿပီး၊ ယင္းတို႔၏ လူမႈအသိုက္အ၀န္းမ်ားအားကိုယ္စားျပဳႏိုင္ရန္အတြက္ စြမ္းေဆာင္ရည္ ျမႇင့္တင္ေပးျခင္း၊ အရင္းအျမစ္မ်ားကိုစုေဆာင္းျခင္းႏွင့္

ရပ္႐ြာဦးေဆာင္ေသာလႈပ္ရွားမႈမ်ားအား ပံ့ပိုးကူညီ ေပးျခင္းတို႔ကိုလည္း လုပ္ေဆာင္ေပးသြားမည္ျဖစ္သည္။ ေနအိမ္အမိုးအကာႏွင့္ ရပ္႐ြာလူထု၏ခံႏိုင္ရည္ရွိမႈ အတြက္ ေဆာင္႐ြက္ေပးသည့္လုပ္ငန္းမ်ားမွတဆင့္ ရခိုင္ျပည္နယ္ရွိ ေနရပ္စြန႔္ခြာျပည္သူေပါင္း ၁၂၄,၀၀၀ အတြက္ အက်ိဳးေက်းဇူးရရွိေစမည္ဟုေမွ်ာ္လင့္ပါသည္။

ထပ္ေလာင္းေျပာဆိုရပါလွ်င္ ထိုရန္ပုံေငြသည္ ျမန္မာႏိုင္ငံတစ္၀ွန္းလုံးရွိထိခိုက္ခံစားေနရသည့္ျပည္သူမ်ားအတြက္ UNHCRမွ အသက္ကယ္အကူအညီမ်ားႏွင့္ အေရးေပၚအကူအညီမ်ားပိုမိုေပးအပ္ႏိုင္ရန္အားထုတ္လုပ္ေဆာင္မႈအတြက္အေထာက္အကူျပဳပါလိမ့္မည္။

ကိုရီးယားသမၼတႏိုင္ငံ၏ လႉဒါန္းမႈျဖင့္ WFP သည္ ရန္ကုန္ႏွင့္မႏၲေလးတိုင္းေဒသႀကီးရွိ အႏြမ္းပါးဆုံးႏွင့္ ထိခိုက္အလြယ္ဆုံးေသာၿမိဳ႕နယ္မ်ားတြင္ ျမင့္တက္လာေနသည့္ အငတ္‌ေဘးကို ေျဖရွင္းရန္ အေရးေပၚစားနပ္ရိကၡာအေထာက္အပံ့မ်ားကို ေပးအပ္သြားမည္ျဖစ္ပါသည္။

WFP သည္ ၿမိဳ႕ျပႏွင့္ ၿမိဳ႕စြန္ေဒသမ်ားရွိ လူဦးေရ (၂) သန္းေက်ာ္ကို ကူညီလ်က္ရွိသည့္ ၎၏ ၿမိဳ႕ျပအေထာက္အပံ့စီမံကိန္းကို အရွိန္ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိသည္။ ေနထိုင္မႈအတည္တက်မရွိေသးသည့္ အေျခခ်သူမ်ားရွိၿပီး၊ နဂိုကပင္ ထိခိုက္လြယ္သည့္အေျခအေနရွိသည့္ ၿမိဳ႕နယ္မ်ားကို ဦးစားေပး၍ ကူညီေထာက္ပံ့လ်က္ရွိပါသည္။

ထို႔အျပင္ ကိုရီးယားသမၼတႏိုင္ငံ၏ ရက္ေရာသည့္ လႉဒါန္းမႈျဖင့္ WFP သည္ ရခိုင္ျပည္နယ္ရွိ စားနပ္ရိကၡာအခက္အခဲျဖစ္ေနသည့္ တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာခဲ့ရသည့္ ထိခိုက္လြယ္သူမ်ားႏွင့္ ႐ိုဟင္ဂ်ာလူမႈအသိုက္အဝန္းမ်ား အပါအဝင္ လူဦးေရ ၃၅,၀၀၀ ေက်ာ္အား ကူညီေထာက္ပံ့ေပးမည္လည္း ျဖစ္ပါသည္။

ဤလႉဒါန္းမႈသည္ ရခိုင္ျပည္နယ္အလယ္ပိုင္းႏွင့္ေျမာက္ပိုင္းရွိ လူဦးေရ ၃၂၀,၀၀၀ အတြက္ WFP က လစဥ္‌ေပးအပ္ေနသည့္ အသက္ကယ္ဆယ္ေရး စားနပ္ရိကၡာ သို႔မဟုတ္ ေငြသား အေထာက္အပံ့မ်ားကို ထပ္မံအားျဖည့္ေပးမည္ျဖစ္ပါသည္”ဟု ရွင္းျပထားသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*