အင်းလျားလမ်းကားတိုက်မှုမှာဆုံးရှုံးခဲ့ရတဲ့ မိဘနှစ်ပါးရဲ့အဖြစ်ကိုကြည့်ပြီးသားဖြစ်သူ က တရားခံကိုသတိပေးပြီ

အင်းလျားလမ်းကားတိုက်မှုမှာ ဆုံးရှုံးခဲ့ရတဲ့ မိဘနှစ်ပါးရဲ့အဖြစ်ကိုကြည့်ပြီးတရားခံကိုသတိပေးစကားပြောလိုက်တဲ့သားဖြစ်သူ

ပြီးခဲ့တဲ့ဇွန်လ (၇) ရက်နေ့ညက ရန်ကုန်မြို့၊ အင်းလျားလမ်းမှာ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ မီးပွိုင့်စိမ်းတာကြောင့် လမ်းမှန်အတိုင်း မောင်းနှင်လာတဲ့ Taxi ကားကို တစ်ဖက်ကားတစ်စီးက အလယ်ကနေ ဖြတ်တိုက်သွားခဲ့တာ ဖြစ်ပါတယ် ။

ဒီဖြစ်စဉ်မှာတော့ ယာဉ်ပေါ်မှာပါလာတဲ့ Taxi ယာဉ်မောင်း လင်မယားနှစ်ယောက်နဲ့ အလှမယ် မေသစ္စာမောင်အပါအဝင် လူသုံးဦးသေဆုံးသွားခဲ့ရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ် ။

ပြည်သူတွေကတော့ Taxi ယာဉ်မောင်း လင်မယားနှစ်ယောက်အတွက် ဝမ်းနည်းခံစားရသလို မိဘမဲ့ဖြစ်သွားရှာပြီဖြစ်တဲ့ သူတို့ရဲ့သားလေးအတွက်လည်း စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။

ယနေ့ ဇွန်လ (၉) ရက်နေ့၊ နေ့လည် (၂)နာရီခန့်မှာတော့ Taxi ယာဉ်မောင်းဦးလေးကြီးနဲ့ ဇနီးဖြစ်သူတို့ရဲ့ရုပ်အလောင်းတွေကို ထိန်ပင်သုဿာန်မှာ မီးသင်္ဂြိုဟ်မှာပဲ ဖြစ်ပါတယ် ။

အခုလည်း သူတို့ရဲ့သားလေးက မိဘနှစ်ပါးရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နေတဲ့ မြင်ကွင်းပုံရိပ်တွေကို မျှဝေထားတာ တွေ့ရပါတယ်။နေ့ချင်းညချင်းဆိုသလို မိဘနှစ်ပါးလုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးရဲ့ရင်ထဲမှာတော့

ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးနေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကောင်လေးက သူ့ရဲ့မိဘနှစ်ပါးကို ကားနဲ့တိုက်ခဲ့တဲ့ တရားခံကို အပြစ်ဝန်ခံဖို့နဲ့ ဥပဒေကို မျက်ကွယ်ပြုတာမျိုးမလုပ်ဖို့ ကောင်းကောင်းမွန်မွန် တောင်းဆိုထားတာ ဖြစ်ပါတယ် ။

ဒါ့အပြင် “ကျွန်တော့်အဖေနဲ့အမေခုလိုသေရတဲ့အတွက် ခင်ဗျားမှာ အပြစ်ရှိတယ်ဆိုတာလည်း လက်ခံပါ ကျွန်တော့်မိဘတွေကို ခုလို ဒဏ်ရာတွေနဲ့လုပ်လိုက်တဲ့ ခင်ဗျားကို ကျွန်တော့်အနေနဲ့ ကျေအေးပေးမှာမဟုတ်သလို ခွင့်လွှတ်ပေးမှာလည်းမဟုတ်ဘူး” ဆိုပြီး ပြောထားတာလည်း တွေ့ရပါတယ်။Credit

Zawgyi

အင္းလ်ားလမ္းကားတိုက္မႈမွာ ဆုံးရႈံးခဲ့ရတဲ့ မိဘႏွစ္ပါးရဲ႕အျဖစ္ကိုၾကည့္ၿပီးတရားခံကိုသတိေပးစကားေျပာလိုက္တဲ့သားျဖစ္သူ

ၿပီးခဲ့တဲ့ဇြန္လ (၇) ရက္ေန႔ညက ရန္ကုန္ၿမိဳ႕၊ အင္းလ်ားလမ္းမွာ ယာဥ္တိုက္မႈတစ္ခုျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္ ။ မီးပြိဳင့္စိမ္းတာေၾကာင့္ လမ္းမွန္အတိုင္း ေမာင္းႏွင္လာတဲ့ Taxi ကားကို တစ္ဖက္ကားတစ္စီးက အလယ္ကေန ျဖတ္တိုက္သြားခဲ့တာ ျဖစ္ပါတယ္ ။

ဒီျဖစ္စဥ္မွာေတာ့ ယာဥ္ေပၚမွာပါလာတဲ့ Taxi ယာဥ္ေမာင္း လင္မယားႏွစ္ေယာက္နဲ႔ အလွမယ္ ေမသစၥာေမာင္အပါအဝင္ လူသုံးဦးေသဆုံးသြားခဲ့ရၿပီး ဒဏ္ရာရရွိသူေတြလည္း ရွိခဲ့တာ ျဖစ္ပါတယ္ ။

ျပည္သူေတြကေတာ့ Taxi ယာဥ္ေမာင္း လင္မယားႏွစ္ေယာက္အတြက္ ဝမ္းနည္းခံစားရသလို မိဘမဲ့ျဖစ္သြားရွာၿပီျဖစ္တဲ့ သူတို႔ရဲ႕သားေလးအတြက္လည္း စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္ ။

ယေန႔ ဇြန္လ (၉) ရက္ေန႔၊ ေန႔လည္ (၂)နာရီခန႔္မွာေတာ့ Taxi ယာဥ္ေမာင္းဦးေလးႀကီးနဲ႔ ဇနီးျဖစ္သူတို႔ရဲ႕႐ုပ္အေလာင္းေတြကို ထိန္ပင္သုႆာန္မွာ မီးသၿဂႋဳဟ္မွာပဲ ျဖစ္ပါတယ္ ။

အခုလည္း သူတို႔ရဲ႕သားေလးက မိဘႏွစ္ပါးရဲ႕ေနာက္ဆုံးခရီးကို လိုက္ပါပို႔ေဆာင္ေနတဲ့ ျမင္ကြင္းပုံရိပ္ေတြကို မွ်ေဝထားတာ ေတြ႕ရပါတယ္။ေန႔ခ်င္းညခ်င္းဆိုသလို မိဘႏွစ္ပါးလုံးကို တစ္ၿပိဳင္နက္တည္း ဆုံးရႈံးလိုက္ရတဲ့ ေကာင္ေလးရဲ႕ရင္ထဲမွာေတာ့

ေျဖမဆည္ႏိုင္ေအာင္ ဝမ္းနည္းပူေဆြးေနရတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ေကာင္ေလးက သူ႔ရဲ႕မိဘႏွစ္ပါးကို ကားနဲ႔တိုက္ခဲ့တဲ့ တရားခံကို အျပစ္ဝန္ခံဖို႔နဲ႔ ဥပေဒကို မ်က္ကြယ္ျပဳတာမ်ိဳးမလုပ္ဖို႔ ေကာင္းေကာင္းမြန္မြန္ ေတာင္းဆိုထားတာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ “ကြၽန္ေတာ့္အေဖနဲ႔အေမခုလိုေသရတဲ့အတြက္ ခင္ဗ်ားမွာ အျပစ္ရွိတယ္ဆိုတာလည္း လက္ခံပါ ကြၽန္ေတာ့္မိဘေတြကို ခုလို ဒဏ္ရာေတြနဲ႔လုပ္လိုက္တဲ့ ခင္ဗ်ားကို ကြၽန္ေတာ့္အေနနဲ႔ ေက်ေအးေပးမွာမဟုတ္သလို ခြင့္လႊတ္ေပးမွာလည္းမဟုတ္ဘူး” ဆိုၿပီး ေျပာထားတာလည္း ေတြ႕ရပါတယ္။Credit

Zawgyi

Be the first to comment

Leave a Reply

Your email address will not be published.


*