မုန်တိုင်းတစ်လုံး မေလတတိယပတ်မှာ ဖြစ်ပေါ်လာနိုင်

မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် ရက်အချိန်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာမြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သောမုန်တိုင်းတစ်လုံး မေလတတိယပတ်မှာ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ဧပြီလမိုးကြို/မိုးဦးခန့်မှန်းချက်မှာ ကြိုတင်ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါတယ်။

ယခင် ခန့်မှန်းချက်ထက်၃ရက်လောက်နောက်ကျပြီးမှဖြစ်လာမှာမို့ အနီးကပ်updateသတင်း ထပ်မံထုတ်ပြန်ပေးခြင်းသာ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ကိုကိုးကျွန်း၏အနောက်ဘက်တွင် ယခုမေလ ၂၂-၂၃ရက်နေ့တွင် လေထုမငြိမ်သက်မှုဖြစ်ပေါ်လာရာမှ မေလ ၂၄ နေ့တွငလေဖိအားနည်းရပ်ဝန်းတစ်ခု အဖြစ်သို့ရောက်ရှိလာနိုင်ပါတယ်။

အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်အားကောင်းလာပြီး မေလ ၂၅ရက်နေ့မှာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။

မုန်တိုင်းလမ်းကြောင်းလမ်းကြောင်းအနေနဲ့ကတော့ မြောက်(သို့)အနောက်-မြောက်ဘက် ဘင်္ဂလားဒေ့ရ်ှရဲ့ အရှေ့တောင်ဘက်ကိုဦးတည်ရွေ့လျား သွားနိုင်တယ်လို့တော့ ကနဦး ခန့်မှန်းပါတယ်။

မုန်တိုင်းပြင်းအား

ယခုဖြစ်ပေါ်လာမဲ့မုန်တိုင်းဟာ စုဖွဲ့မှု၊ ရစ်ခွေမှုနှင့် ရေငွေ့ပါဝင်မှုတွေက အားကောင်းနိုင်တော့ မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတစ်လျောက်မှာ အဖျက်စွမ်းအားကြီးမားနိုင်လို့ ကြိုတင်ပြင်ဆင်မှုအားနည်းရင်တော့အပျက်အစီးများနိုင်ပါတယ်။

အထူးသဖြင့် မြန်မာ့ပင်လယ်ပြင်မှ ရေလုပ်သားများသတိထားသင့်ပါတယ်။

မြန်မာနိုင်ငံ အပေါ်အကျိုးသက်ရောက်မှုမြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုအနေ့နဲ့ကတော့မေလ ၂၅မှ ဇွန် ၂ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ခုလုံးနေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းပါတယ်။

အထူးသဖြင့်ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့အထိတောင် ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။

ပြီးခဲ့အပတ်စဉ်ခန့်မှန်းချက်မှာ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်းမြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် မိုးနည်းဒေသအချို့မှာအခုရက်ပိုင်းထဲ မိုးပြတ်ပြီးနေ့အပူချိန်များတိုးနေနိုင်ပါတယ်။

သို့သော် ယခင်အကြံပြုထားတဲ့အတိုင်း စိုက်ပျိုးရေးပြုလုပ်မည့် တောင်သူများအနေဖြင့် မိုးနည်းချိန်တွင်ထယ်ရေးပြင်ထားကြဖို့ကိုလဲ ဆက်လက် အကြံပြုတင်ပြလိုပါတယ်။

လာမည့်မေလ ၂၅မှ ဇွန်လ၂ရက်နေ့အတွင်းမြန်မာနိုင်ငံတစ်ခုလုံး မိုးရွာသွန်းဖို့ရှိတော့ ထယ်ရေးအောက်ချိန်မိုးရွာသွန်းလာပါက အချိန်မီအသင့်စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာ့ပင်လယ်ပြင်ဖြစ်တဲ့ မုတ္တမကွေ့၊ရခိုင်၊မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ လေပြင်းများတိုက်ခတ်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်လို့ ရေလုပ်သားများပင်လယ်ပြင်တွင်ခုတ်မောင်းသွားလာနေသော လှေနှင့်သင်္ဘောများအဆိုပါရက်တွေမှာ သတိထားင့်ကြောင်းအကြံပြုတင်ပြလိုပါတယ်။

အုပ်လုပ်ငန်းလုပ်ကိုင်နေသူများ၊ ဆားလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့်လဲ ရာသီဥတု အခြေအနေများကိုကြိုတင်သိရှိနားလည်ပြီး မိမိတို့ရဲ့ လုပ်ငန်းလိုအပ်ချက်များအပေါ်မှုတည်ပြီး လိုအပ်သလိုဆက်လက်လုပ်ဆာင်နိုင်အောင် ကြိုတင်ခန့်မှန်းထုတ်ပြန် တင်ပြပေးလိုက်ရပါတယ် ခင်ဗျာ။

မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲနေသောကြောင့် အပြောင်းအလဲအနည်းငယ်ရှိနိုင်လို့ကျွန်တော်ရဲ့နေ့စဉ်သတင်းထုတ်ပြန်ချက်များ၊အနီးကပ်Updateသတင်းခန့်မှန်းချက်များနှင့် မိုးလေဝသနှင့်ဇလဗေညွန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်များကိုသာစောင့်ကြည်စေလိုပါတယ်။

ကျွန်တော်တင်ပေးနေသော မိုးလေဝသ နေ့စဉ်ခန့်မှန်းချက် အပတ်စဉ်နှင့် လစဉ်ကဲ့သို့သော ရက်ဝေးခန့်မှန်းချက်များကို အမြဲတမ်းဖတ်ရှုလိုပါကကျွန်တော်အကောင့်
ကိုFollowedလုပ်ထားခြင်း နှင့် See First လုပ်ထားခြင်းတို့ဖြင့် ကျွန်တော်သတင်းတင်ပေးလိုက်တိုင်းမြင်တွေ့ရနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

တောင်သူဦးကြီးများလဲ သီးနှံးပင်များအထွက်တိုးပြီး မြေကြီးကရွှေသီးသလို အောင်မြင်ဖြစ်ထွန်းပြီး တိုးတက် ကြီးပွားကြပါစေ….

Creditဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)

မုန္တိုင္းျဖစ္ေပၚလာႏိုင္သည့္ ရက္အခ်ိန္

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာျမန္မာႏိုင္ငံအေပၚ အက်ိဳးသက္ေရာက္မႈရွိႏိုင္ေသာမုန္တိုင္းတစ္လုံး ေမလတတိယပတ္မွာ ျဖစ္ေပၚလာႏိုင္တယ္လို႔ ၿပီးခဲ့တဲ့ဧၿပီလမိုးႀကိဳ/မိုးဦးခန္႔မွန္းခ်က္မွာ ႀကိဳတင္ထုတ္ျပန္ေပးခဲ့ၿပီးျဖစ္ပါတယ္။

ယခင္ ခန္႔မွန္းခ်က္ထက္၃ရက္ေလာက္ေနာက္က်ၿပီးမွျဖစ္လာမွာမို႔ အနီးကပ္updateသတင္း ထပ္မံထုတ္ျပန္ေပးျခင္းသာ ျဖစ္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း ကိုကိုးကြၽန္း၏အေနာက္ဘက္တြင္ ယခုေမလ ၂၂-၂၃ရက္ေန႔တြင္ ေလထုမၿငိမ္သက္မႈျဖစ္ေပၚလာရာမွ ေမလ ၂၄ ေန႔တြငေလဖိအားနည္းရပ္ဝန္းတစ္ခု အျဖစ္သို႔ေရာက္ရွိလာႏိုင္ပါတယ္။

အဆိုပါေလဖိအားနည္းရပ္ဝန္းဟာ ဆက္လက္အားေကာင္းလာၿပီး ေမလ ၂၅ရက္ေန႔မွာ မုန္တိုင္းအျဖစ္သို႔ ေရာက္ရွိလာႏိုင္တယ္လို႔ခန္႔မွန္းတြက္ခ်က္ရရွိထားပါတယ္။

မုန္တိုင္းလမ္းေၾကာင္းလမ္းေၾကာင္းအေနနဲ႔ကေတာ့ ေျမာက္(သို႔)အေနာက္-ေျမာက္ဘက္ ဘဂၤလားေဒ့ရ္ွရဲ႕ အေရွ႕ေတာင္ဘက္ကိုဦးတည္ေ႐ြ႕လ်ား သြားႏိုင္တယ္လို႔ေတာ့ ကနဦး ခန္႔မွန္းပါတယ္။

မုန္တိုင္းျပင္းအား

ယခုျဖစ္ေပၚလာမဲ့မုန္တိုင္းဟာ စုဖြဲ႕မႈ၊ ရစ္ေခြမႈႏွင့္ ေရေငြ႕ပါဝင္မႈေတြက အားေကာင္းႏိုင္ေတာ့ မုန္တိုင္းျဖတ္သန္းရာလမ္းေၾကာင္းတစ္ေလ်ာက္မွာ အဖ်က္စြမ္းအားႀကီးမားႏိုင္လို႔ ႀကိဳတင္ျပင္ဆင္မႈအားနည္းရင္ေတာ့အပ်က္အစီးမ်ားႏိုင္ပါတယ္။

အထူးသျဖင့္ ျမန္မာ့ပင္လယ္ျပင္မွ ေရလုပ္သားမ်ားသတိထားသင့္ပါတယ္။

ျမန္မာႏိုင္ငံ အေပၚအက်ိဳးသက္ေရာက္မႈျမန္မာႏိုင္ငံအေပၚ အက်ိဳးသက္ေရာက္မႈအေန႔နဲ႔ကေတာ့ေမလ ၂၅မွ ဇြန္ ၂ရက္ေန႔အတြင္း ျမန္မာႏိုင္ငံတစ္ခုလုံးေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္း႐ြာသြန္းပါတယ္။

အထူးသျဖင့္ရခိုင္ျပည္နယ္၊ရန္ကုန္တိုင္းေဒသႀကီးႏွင့္ဧရာဝတီတိုင္းေဒသႀကီးတို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔အထိေတာင္ ခန္႔မွန္းတြက္ခ်က္ရရွိထားပါတယ္။

ၿပီးခဲ့အပတ္စဥ္ခန္႔မွန္းခ်က္မွာ ႀကိဳတင္ခန္႔မွန္းခဲ့တဲ့အတိုင္းျမန္မာႏိုင္ငံအလယ္ပိုင္းအပါအဝင္ မိုးနည္းေဒသအခ်ိဳ႕မွာအခုရက္ပိုင္းထဲ မိုးျပတ္ၿပီးေန႔အပူခ်ိန္မ်ားတိုးေနႏိုင္ပါတယ္။

သို႔ေသာ္ ယခင္အႀကံျပဳထားတဲ့အတိုင္း စိုက္ပ်ိဳးေရးျပဳလုပ္မည့္ ေတာင္သူမ်ားအေနျဖင့္ မိုးနည္းခ်ိန္တြင္ထယ္ေရးျပင္ထားၾကဖို႔ကိုလဲ ဆက္လက္ အႀကံျပဳတင္ျပလိုပါတယ္။

လာမည့္ေမလ ၂၅မွ ဇြန္လ၂ရက္ေန႔အတြင္းျမန္မာႏိုင္ငံတစ္ခုလုံး မိုး႐ြာသြန္းဖို႔ရွိေတာ့ ထယ္ေရးေအာက္ခ်ိန္မိုး႐ြာသြန္းလာပါက အခ်ိန္မီအသင့္စိုက္ပ်ိဳးႏိုင္မွာ ျဖစ္ပါတယ္။

အထူးသျဖင့္ ျမန္မာ့ပင္လယ္ျပင္ျဖစ္တဲ့ မုတၱမေကြ႕၊ရခိုင္၊မြန္-တနသၤာရီကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ ေလျပင္းမ်ားတိုက္ခတ္ၿပီးလႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္လို႔ ေရလုပ္သားမ်ားပင္လယ္ျပင္တြင္ခုတ္ေမာင္းသြားလာေနေသာ ေလွႏွင့္သေဘၤာမ်ားအဆိုပါရက္ေတြမွာ သတိထားင့္ေၾကာင္းအႀကံျပဳတင္ျပလိုပါတယ္။

အုပ္လုပ္ငန္းလုပ္ကိုင္ေနသူမ်ား၊ ဆားလုပ္ငန္းလုပ္ကိုင္ေနသူမ်ားအေနျဖင့္လဲ ရာသီဥတု အေျခအေနမ်ားကိုႀကိဳတင္သိရွိနားလည္ၿပီး မိမိတို႔ရဲ႕ လုပ္ငန္းလိုအပ္ခ်က္မ်ားအေပၚမႈတည္ၿပီး လိုအပ္သလိုဆက္လက္လုပ္ဆာင္ႏိုင္ေအာင္ ႀကိဳတင္ခန္႔မွန္းထုတ္ျပန္ တင္ျပေပးလိုက္ရပါတယ္ ခင္ဗ်ာ။

မိုးေလဝသျဖစ္စဥ္မ်ားသည္ အခ်ိန္ႏွင့္အမွ် ေျပာင္းလဲေနေသာေၾကာင့္ အေျပာင္းအလဲအနည္းငယ္ရွိႏိုင္လို႔ကြၽန္ေတာ္ရဲ႕ေန႔စဥ္သတင္းထုတ္ျပန္ခ်က္မ်ား၊အနီးကပ္Updateသတင္းခန္႔မွန္းခ်က္မ်ားႏွင့္ မိုးေလဝသႏွင့္ဇလေဗၫြန္ၾကားမႈဦးစီးဌာနရဲ႕ တရားဝင္ထုတ္ျပန္ခ်က္မ်ားကိုသာေစာင့္ၾကည္ေစလိုပါတယ္။

ကြၽန္ေတာ္တင္ေပးေနေသာ မိုးေလဝသ ေန႔စဥ္ခန္႔မွန္းခ်က္ အပတ္စဥ္ႏွင့္ လစဥ္ကဲ့သို႔ေသာ ရက္ေဝးခန္႔မွန္းခ်က္မ်ားကို အၿမဲတမ္းဖတ္ရႈလိုပါကကြၽန္ေတာ္အေကာင့္
ကိုFollowedလုပ္ထားျခင္း ႏွင့္ See First လုပ္ထားျခင္းတို႔ျဖင့္ ကြၽန္ေတာ္သတင္းတင္ေပးလိုက္တိုင္းျမင္ေတြ႕ရႏိုင္မွာ ျဖစ္ပါတယ္ခင္ဗ်ာ။

ေတာင္သူဦးႀကီးမ်ားလဲ သီးႏွံးပင္မ်ားအထြက္တိုးၿပီး ေျမႀကီးကေ႐ႊသီးသလို ေအာင္ျမင္ျဖစ္ထြန္းၿပီး တိုးတက္ ႀကီးပြားၾကပါေစ….

Creditေဝၿဖိဳးဟန္( ေလေၾကာင္းမိုးေလဝသ)