ဂွကမ်းခြေတွင် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ဆရာဝန်တစ်ဦးအပါအဝင် သုံးဦးရေနစ်သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကြွေဂျိုင်ကမ်းခြေတွင် အသက် ၁၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် ဆရာဝန်တစ်ဦး အပါအဝင် အခြားတစ်ဦးတို့ ရေကူးနေရင်းကနေ ရေနစ်မြုပ်ပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ဂွမြို့နယ် ကြွေဂျိုင်ကမ်းခြေတွင် မေ ၁၄ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်က မိသားစု ၃ ဦးကမ်းခြေတွင် ရေဆင်းကူနေစဉ် အသက် ၁၉ နှစ်အရွယ်မိန်းကလေးငယ်မှာ ရေနစ်နေစဉ် ဆရာဝန်ဖြစ်သူနှင့် အခြားတစ်ဦးတို့မှာ သွားရောက်ကယ်ဆယ်ရာကနေ သုံးဦးစလုံးရေနစ် သေဆုံးခြင်းဖြစ်သည်ဟု ဂွမြို့နယ် လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူ ကိုကျော်မြင့်မောင်က Western News ကိုပြောသည်။

“မနေ့က ဆရာဝန်တစ်ဦးအပါအဝင်ပေ့ါမိသားစုသုံးဦးပါ။ သူတို့က ရန်ကုန်ကနေအလည်လာကြတာပါ။ အဲ့ဒီမှာမနေ့က ကြွေဂျိုင်ကျေးရွာ ကမ်းခြေမှာ ရေဆင်းကူးတာပေါ့။ ကလေးမလေးက ရေကွင်းနဲ့ ရေကူးနေရင်းကနေ ရေနစ်မြုပ်တာလို့ပြောတယ်။ အဲ့ဒီမှာ ဆရာဝန်က မိန်းကလေးကို သွားကယ်တယ်။ နောက်တစ်ယောက်လည်းသွားကယ်တယ်။ အဲဒီမှာ သုံးယောက်လုံးရေနစ်မြုပ်သွားတာပါ။ နှစ်ယောက်ဆုံးတယ်။ ဆေးရုံးရောက်တော့ တစ်ယောက်ဆုံးပါတယ်” ဟုပြောသည်။

သေဆုံးသူများမှာ ဒေါက်တာအောင်ဇော်လတ် အသက် ၄၆ နှစ်၊ မထက်ရည်လင်း အသက် ၁၉ နှစ်၊ ဦးဇော်မျိုးမြင့် အသက် ၃၄ ဖြစ်ကြပြီး ဒေါက်တာအောင်ဇော်လတ်သည် ရန်ကုန်တွင်တာဝန်ကျနေသူတစ်ဦးဖြစ်ကာ မထက်ရည်လင်းက ၁၀ တန်းအောင်မြင်ထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

သေဆုံးမိသားစုများသည် ရန်ကုန်တွင်နေထိုင်သူများဖြစ်ကြပြီး ဂွမြို့နယ် ကြွေဂျိုင်းကျေးရွာ မိဘများဆီသို့ ပြီးခဲ့သည့် ရက်ပိုင်းများက လာရောက်လည်ပတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ယခုရာသီအချိန်တွင် ကြွေဂျိုင်ကမ်းခြေအနီးတစ်ဝိုက် လှိုင်းကြီးမှုများ၊ အောက်ရေဆွဲမှုများ၊ ပင်လယ်ရေအောက် ကြမ်းခင်းသည် မညီမညာမှုများဖြစ်သောကြောင့် သတိထားရေကူးကြရန်လိုကြောင်း ဒေသခံများပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ကြွေဂျိုင်ကျေးရွာမိသားစုများ၏ နေအိမ်တွင်ထားရှိထားပြီး မနက်ဖြန်မေလ ၁၆ ရက်နေ့ သြဂိုဟ်သွားမည်ဖြစ်ကြောင်း ဂွမြို့နယ် လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူ ကိုကျော်မြင်မောင်က ပြောသည်။

Western News- WN

—————-

ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္ ေၾကြဂ်ိဳင္ကမ္းေျခတြင္ အသက္ ၁၉ ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦးႏွင့္ ဆရာဝန္တစ္ဦး အပါအဝင္ အျခားတစ္ဦးတို႔ ေရကူးေနရင္းကေန ေရနစ္ျမဳပ္ျပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ဂြၿမိဳ႕နယ္ ေၾကြဂ်ိဳင္ကမ္းေျခတြင္ ေမ ၁၄ ရက္ေန႔ ညေနပိုင္း ၅ နာရီဝန္းက်င္ေလာက္က မိသားစု ၃ ဦးကမ္းေျခတြင္ ေရဆင္းကူေနစဥ္ အသက္ ၁၉ ႏွစ္အရြယ္မိန္းကေလးငယ္မွာ ေရနစ္ေနစဥ္ ဆရာဝန္ၿဖစ္သူႏွင့္ အျခားတစ္ဦးတို႔မွာ သြားေရာက္ကယ္ဆယ္ရာကေန သုံးဦးစလုံးေရနစ္ ေသဆုံးျခင္းျဖစ္သည္ဟု ဂြၿမိဳ႕နယ္ လူမႈကယ္ဆယ္ေရးလုပ္ကိုင္ေနသူ ကိုေက်ာ္ျမင့္ေမာင္က Western News ကိုေျပာသည္။

“မေန႔က ဆရာဝန္တစ္ဦးအပါအဝင္ေပ့ါမိသားစုသုံးဦးပါ။ သူတို႔က ရန္ကုန္ကေနအလည္လာၾကတာပါ။ အဲ့ဒီမွာမေန႔က ေၾကြဂ်ိဳင္ေက်းရြာ ကမ္းေျခမွာ ေရဆင္းကူးတာေပါ့။

ကေလးမေလးက ေရကြင္းနဲ႔ ေရကူးေနရင္းကေန ေရနစ္ျမဳပ္တာလို႔ေျပာတယ္။ အဲ့ဒီမွာ ဆရာဝန္က မိန္းကေလးကို သြားကယ္တယ္။ ေနာက္တစ္ေယာက္လည္းသြားကယ္တယ္။ အဲဒီမွာ သုံးေယာက္လုံးေရနစ္ၿမဳပ္သြားတာပါ။ ႏွစ္ေယာက္ဆုံးတယ္။ ေဆးရုံးေရာက္ေတာ့ တစ္ေယာက္ဆုံးပါတယ္” ဟုေျပာသည္။

ေသဆုံးသူမ်ားမွာ ေဒါက္တာေအာင္ေဇာ္လတ္ အသက္ ၄၆ ႏွစ္၊ မထက္ရည္လင္း အသက္ ၁၉ ႏွစ္၊ ဦးေဇာ္မ်ိဳးျမင့္ အသက္ ၃၄ ျဖစ္ၾကျပီး ေဒါက္တာေအာင္ေဇာ္လတ္သည္ ရန္ကုန္တြင္တာဝန္က်ေနသူတစ္ဦးျဖစ္ကာ မထက္ရည္လင္းက ၁၀ တန္းေအာင္ျမင္ထားသူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

ေသဆုံးမိသားစုမ်ားသည္ ရန္ကုန္တြင္ေနထိုင္သူမ်ားျဖစ္ၾကျပီး ဂြၿမိဳ႕နယ္ ေၾကြဂ်ိဳင္းေက်းရြာ မိဘမ်ားဆီသို႔ ျပီးခဲ့သည့္ ရက္ပိုင္းမ်ားက လာေရာက္လည္ပတ္ခဲ့ၾကျခင္းျဖစ္သည္ဟု သိရသည္။ ယခုရာသီအခ်ိန္တြင္ ေၾကြဂ်ိဳင္ကမ္းေျခအနီးတစ္ဝိုက္ လိႈင္းၾကီးမႈမ်ား၊ ေအာက္ေရဆြဲမႈမ်ား၊ ပင္လယ္ေရေအာက္ ၾကမ္းခင္းသည္ မညီမညာမႈမ်ားျဖစ္ေသာေၾကာင့္ သတိထားေရကူးၾကရန္လိုေၾကာင္း ေဒသခံမ်ားေျပာသည္။

ေသဆုံးသူမ်ား၏ ရုပ္အေလာင္းမ်ားကို ေၾကြဂ်ိဳင္ေက်းရြာမိသားစုမ်ား၏ ေနအိမ္တြင္ထားရွိထားျပီး မနက္ျဖန္ေမလ ၁၆ ရက္ေန႔ သျဂ္ိဳဟ္သြားမည္ျဖစ္ေၾကာင္း ဂြၿမိဳ႕နယ္ လူမႈကယ္ဆယ္ေရးလုပ္ကိုင္ေနသူ ကိုေက်ာ္ျမင္ေမာင္က ေျပာသည္။

Western News- WN