၂၀၂၁ ဧပြီလကုန် – မေလဆန်းတွင် မိုးကြိုးမုန်တိုင်းများ ပြင်းထန်လာနိုင်

မိုးတိမ်တောင် လို့ခေါ်တဲ့ မိုးကြိုးမုန်တိုင်း (Thunderstorm) များရဲ့ အစဟာ အပူချိန် မြင့်မားခြင်းဖြစ်ပါတယ်။ မတ်လ ၂၁ ရက်နေ့ ရာသီကူးပြောင်းချိန်ကစလို့ နေရောင်ခြည်ဟာ အီကွေတာနဲ့ ကျနော်တို့ နေထိုင်တဲ့ မြောက်ဘက်ခြမ်း ဒေသပေါ် တိုက်ရိုက် ဖြတ်သန်း ကျရောက်နေတာဖြစ်ပါတယ်။ နေမှရရှိသော အပူကြောင့် လေ နဲ့ ရေဟာ ပွပြီး အထက်သို့ တက်ကြပါတယ်။

ဘင်္ဂလားရပ်ဝန်းမှာရှိနေတဲ့ ပူနွေးစိုစွတ်သော လေများဟာလည်း အပူချိန်မြင့်မားမှုကြောင့် အထက်သို့ အလုံးအရင်းဖြင့် အလျှင်အမြန် ဆန်တက်ကြပါတယ်။ အပေါ်ရောက်တဲ့အခါ ငွေ့ရည်လျှင်မြန်စွာပြန်ဖွဲ့ကြပြီး ရေခိုးရေငွေ့၊ ရေ၊ ရေခဲ တို့ စုပေါင်းပါဝင်တဲ့ မိုးတိမ်တောင်ကြီး ဖြစ်လာပါတော့တယ်။ (ပုံ)

မိုးတိမ်တောင်ကြီးထဲက ရေမှုန်၊ ရေစက်၊ ရေခဲတွေ အချင်းချင်း ပွတ်တိုက်ကြတဲ့အခါမှာတော့ လျှပ်စစ်ဓါတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အမဓါတ်ရှိတဲ့ လျှပ်စစ် (အီလက်ထရွန်) တွေဟာ မြေပြင်ရှိ (သို့မဟုတ်) မိုးတိမ်တောင်အတွင်းရှိ အဖိုဓါတ်များရှိရာသို့ စီးကူးကြတဲ့အချိန်မှာတော့ လျှပ်စီးလက်ခြင်း (တနည်း) မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာရပါတယ်။

လျှပ်စစ်မိုးကြိုး ပစ်လွှတ်လိုက်ခြင်းကြောင့် မိုးတိမ်တောင်နဲ့ မြေပြင်အကြားက လေထုမှာ အပေါက် (လမ်းကြောင်း) တစ်ခု ဖြစ်သွားကြပါတယ်။ အဲ့ဒီ့ အပေါက်လမ်းကြောင်းထဲကို ဘေးပတ်ဝန်းကျင်မှ လေများ တိုးဝင်ပြိုဆင်းကြတဲ့အခါမှာတော့ ပြင်းထန်သောတုန်ခါမှုနှင့်အတူ ကျယ်လောင်သောအသံတစ်ခု ပေါ်ထွက်လာပါတယ်။ အဲ့ဒါကတော့ မိုးခြိမ်းသံ (တနည်း) မိုးကြိုးပစ်သံပါပဲ။ အဲ့ဒါကြောင့် မိုးကြိုးပစ်သံကို လျှပ်စီးလက်ပြီး အချိန်တစ်ခုကြာမှ ကြားရခြင်း ဖြစ်ပါတယ်။

မိုးကြိုးများ ပစ်ခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများဖြစ်တဲ့ မိုးကြိုးထိမှန်ခြင်း၊ တောမီး၊ တောင်ယာမီးများ လောင်ကျွမ်းခြင်း၊ တောင်ပေါ်ဒေသများတွင် မိုးများ၍ မြေပြိုခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ပြင်ဦးလွင်မြို့မှာ မိုးသီးများ ကြွေသွားခဲ့သလို ချင်းပြည်နယ်နဲ့ ထိစပ် နေတဲ့ အိန္ဒိယအရှေ့ပိုင်းမှာလည်း တောမီးအချို့ လောင်ကျွမ်းနေတာ တွေ့ရပါတယ်။

အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

———————

မိုးတိမ္ေတာင္ လို႔ေခၚတဲ့ မိုးႀကိဳးမုန္တိုင္း (Thunderstorm) မ်ားရဲ႕ အစဟာ အပူခ်ိန္ ျမင့္မားျခင္းျဖစ္ပါတယ္။ မတ္လ ၂၁ ရက္ေန႔ ရာသီကူးေျပာင္းခ်ိန္ကစလို႔ ေနေရာင္ျခည္ဟာ အီေကြတာနဲ႔ က်ေနာ္တို႔ ေနထိုင္တဲ့ ေျမာက္ဘက္ျခမ္း ေဒသေပၚ တိုက္႐ိုက္ ျဖတ္သန္း က်ေရာက္ေနတာျဖစ္ပါတယ္။ ေနမွရရွိေသာ အပူေၾကာင့္ ေလ နဲ႔ ေရဟာ ပြၿပီး အထက္သို႔ တက္ၾကပါတယ္။

ဘဂၤလားရပ္ဝန္းမွာရွိေနတဲ့ ပူေႏြးစိုစြတ္ေသာ ေလမ်ားဟာလည္း အပူခ်ိန္ျမင့္မားမႈေၾကာင့္ အထက္သို႔ အလုံးအရင္းျဖင့္ အလွ်င္အျမန္ ဆန္တက္ၾကပါတယ္။ အေပၚေရာက္တဲ့အခါ ေငြ႕ရည္လွ်င္ျမန္စြာျပန္ဖြဲ႕ၾကၿပီး ေရခိုးေရေငြ႕၊ ေရ၊ ေရခဲ တို႔ စုေပါင္းပါဝင္တဲ့ မိုးတိမ္ေတာင္ႀကီး ျဖစ္လာပါေတာ့တယ္။ (ပုံ)


မိုးတိမ္ေတာင္ႀကီးထဲက ေရမႈန္၊ ေရစက္၊ ေရခဲေတြ အခ်င္းခ်င္း ပြတ္တိုက္ၾကတဲ့အခါမွာေတာ့ လွ်ပ္စစ္ဓါတ္ေတြ ျဖစ္ေပၚလာၾကပါတယ္။ အမဓါတ္ရွိတဲ့ လွ်ပ္စစ္ (အီလက္ထ႐ြန္) ေတြဟာ ေျမျပင္ရွိ (သို႔မဟုတ္) မိုးတိမ္ေတာင္အတြင္းရွိ အဖိုဓါတ္မ်ားရွိရာသို႔ စီးကူးၾကတဲ့အခ်ိန္မွာေတာ့ လွ်ပ္စီးလက္ျခင္း (တနည္း) မိုးႀကိဳးပစ္ျခင္းမ်ား ျဖစ္ေပၚလာရပါတယ္။

လွ်ပ္စစ္မိုးႀကိဳး ပစ္လႊတ္လိုက္ျခင္းေၾကာင့္ မိုးတိမ္ေတာင္နဲ႔ ေျမျပင္အၾကားက ေလထုမွာ အေပါက္ (လမ္းေၾကာင္း) တစ္ခု ျဖစ္သြားၾကပါတယ္။ အဲ့ဒီ့ အေပါက္လမ္းေၾကာင္းထဲကို ေဘးပတ္ဝန္းက်င္မွ ေလမ်ား တိုးဝင္ၿပိဳဆင္းၾကတဲ့အခါမွာေတာ့ ျပင္းထန္ေသာတုန္ခါမႈႏွင့္အတူ က်ယ္ေလာင္ေသာအသံတစ္ခု ေပၚထြက္လာပါတယ္။ အဲ့ဒါကေတာ့ မိုးၿခိမ္းသံ (တနည္း) မိုးႀကိဳးပစ္သံပါပဲ။ အဲ့ဒါေၾကာင့္ မိုးႀကိဳးပစ္သံကို လွ်ပ္စီးလက္ၿပီး အခ်ိန္တစ္ခုၾကာမွ ၾကားရျခင္း ျဖစ္ပါတယ္။

မိုးႀကိဳးမ်ား ပစ္ျခင္းေၾကာင့္ ေနာက္ဆက္တြဲ ျပႆနာမ်ားျဖစ္တဲ့ မိုးႀကိဳးထိမွန္ျခင္း၊ ေတာမီး၊ ေတာင္ယာမီးမ်ား ေလာင္ကြၽမ္းျခင္း၊ ေတာင္ေပၚေဒသမ်ားတြင္ မိုးမ်ား၍ ေျမၿပိဳျခင္း အစရွိသည္တို႔ ျဖစ္ေပၚလာႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ၂ ပတ္အတြင္း ျပင္ဦးလြင္ၿမိဳ႕မွာ မိုးသီးမ်ား ေႂကြသြားခဲ့သလို ခ်င္းျပည္နယ္နဲ႔ ထိစပ္ ေနတဲ့ အိႏၵိယအေရွ႕ပိုင္းမွာလည္း ေတာမီးအခ်ိဳ႕ ေလာင္ကြၽမ္းေနတာ ေတြ႕ရပါတယ္။

အနာဂတ္ ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ)