International News

တရုတ်က ယူကေလေယာဉ်တင်သင်္ဘောအုပ်စုကို တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီ ဖြစ်ကြောင်းသတိပေး

တောင်တရုတ်ပင်လယ်ပြင်ထဲ ဝင်ရောက်လာနေတဲ့ ဗြိတိသျှ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေတပ်သင်္ဘာ အုပ်စုကို မသင့်လျော်တဲ့ အပြုအမူတွေ မလုပ်ဖို့ တရုတ်က သတိပေးလိုက်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်အနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေအောင် အဆင့်မြင့်မြင့် ပြင်ဆင်ထားပြီ ဖြစ်ကြောင်း အစိုးရ လိုလားတဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ အာဘော် Global Times သတင်းစာက ရေးပါတယ်။ […]

Local News

မုတ်သုန်လေအားကောင်းနေပြီး နောက်(၂)ရက်အတွက် မိုးကြီးနိုင်သော ဒေသများ

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် […]

Local News

ကုလသမဂ္ဂအဖွဲ့ က ချက်ချင်း အက်ရှင်ဝင်ပေးပါ ” လို့ တောင်းဆို

– မြန်မာ့အရေး  အထူးစုံစမ်းစစ်ဆေးရေး အရာရှိ တွမ်အင်ဒရူး က ” စစ်ကောင်စီ ဟာ ကိုဗစ်ကပ်ရောဂါ ကို လုံးဝမထိန်းချုပ်နိုင်တော့တဲ့ အတွက်  ၊ ကုလသမဂ္ဂအဖွဲ့ က ချက်ချင်း အက်ရှင်ဝင်ပေးပါ ” လို့ ဒီနေ့ တောင်းဆိုလိုက်တယ် ။ ကုလအက်ရှင် နောက်ကျခဲ့မယ်ဆိုရင်  နှစ်ဘက်စလုံးမှာ အသေအပျောက်များနိုင်တယ် လို့ဆိုထားတယ် ။  စစ်ကောင်စီ ရဲ့ ရက်စက် ကြမ်းကြုတ်မှု့တွေ ကို ဖော်ထုတ်ထားတယ် […]

Local News

ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူပြီးတဲ့နောက် အောင်လ ဘာပြောခဲ့လဲ

ပြိုင်ဘက်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူပြီးတဲ့နောက် အောင်လ ဘာပြောခဲ့လဲ၊ ” ခက်ခဲတဲ့ ယခုလို အချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ကိုဘဲ စဉ်းစားပေးကြပါ။ ကိုယ့်အတွက်ကိုဘဲ မစဉ်းစားပါနဲ့လို့ ပြောကြားသွားခဲ့ပါတယ်။ ” အစီအစဉ်တင်ဆက်သူရဲ့ အမေးတွေကို အောင်လဖြေကြားခဲ့ပုံ အပြည့်စုံကတော့ – မေး၊ ခင်ဗျားရဲ့ ပြင်းထန်လှတဲ့ ညာလက်သီးနဲ့ ပွဲသိမ်းလိုက်ပြီးတဲ့နောက် တကဲ့ကို ခံစားချက်အပြည့်နဲ့ ခင်ဗျားကို တွေ့ရတယ်၊ ပွဲအပြီးမှာ ဘာတွေ စိတ်ထဲဖြစ်နေလဲ။ အောင်လ၊ […]

Local News

ယမန်နေ့တိုက်ပွဲ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၀ ဦးသေ

ချင်းပြည်နယ်တွင် ယမန်နေ့တိုက်ပွဲ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၀ ဦးသေ ရန်ကုန်၊ ဇူလိုင် ၃၁ ချင်းပြည်နယ်တွင် CDF-Matupi, CNA ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား ၂၀၂၁ခုနှစ် ဇူလိုင် ၃၀ ရက်နေ့ မတူပီ-မင်းတပ်လမ်းမကြီး မိုင်တိုင် ၇၃ တွင် တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်တပ်မှ တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် စစ်ဗိုလ် ၁၀ ဦးသေဆုံးကြောင်း […]

Uncategorized

လာမယ့်အပတ် ကိုဗစ်ကူးစက်မှု အမြင့်မားဆုံးရောက်ဖွယ်ရှိ

(လာမယ့်အပတ် အမြင့်မားဆုံးရောက်ဖွယ်ရှိ။) ဆရာဝန်တချို့က မြန်မာ့လူဦးရေ …ကိုဗစ်ကူးစက်နိုင်ပြီး ဖြစ်ပွါးသူ ၅% အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ လူ ၁ သိန်းခွဲလောက် အသက်ဆုံးပါးနိုင်တဲ့ သဘောပါပဲ။ သေဆုံးသူ ဒီထက်ပိုများနိုင်ကြောင်း တခြားပြောဆိုချက်တွေလည်း ကြားသိကြပြီး ဖြစ်မှာပါ။ WHO က ကိုဗစ်တတိယလှိုင်းကူးစက်မှုဟာ မြန်မာပြည်မှာ လာမယ့် ဩဂုတ်လ ပထမအပတ်မှာ အမြင့်မားဆုံးကို ရောက်မယ်။ (ရန်ကုန်တိုင်း အများဆုံးခံရကိန်းရှိ။) ပြီးရင် ပြန်ကျဖို့ နောက်ထပ်သီတင်းပတ် […]

International News

မြန်မာစစ်တပ်ကို ကုလသမဂ္ဂ သတိပေးပြီ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာကြောင့် အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ လက်စဖျောက်ခံရမှုတွေ ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်တာပါ။ “မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၆လတာကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား […]

Local News

ကန်နဲ့တရုတ်အကြား ညှိနှိုင်းလို့ရတဲ့ကိစ္စတွေထဲ မြန်မာ့အရေးပါဝင်

တရုတ်နဲ့ အမေရိကန်ကြား သဘောထားကွဲပြားတဲ့ကဏ္ဍတွေ အများအပြားရှိနေပေမယ့်လည်း ညှိနှိုင်းလုပ်ဆောင်လို့ရတဲ့ကိစ္စတွေလည်းရှိပြီး အဲဒီထဲမှာ မြန်မာ့အရေးလည်းပါဝင်တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ “ကျမတို့ကြားမှာ ညှိနှိုင်းလို့ရတဲ့ကိစ္စရပ်တွေလည်း ရှိပါတယ်။ ဥတုရာသီဆိုင်ရာ အကျပ်အတည်း၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ထိန်းချုပ်ရေးနဲ့ မြောက်ကိုရီးယား၊ အီရန်၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံလို ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေဖြစ်ပါတယ်” လို့ Jen Psaki ကပြောပါတယ်။ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman […]

Local News

အိမ်ထဲမှာသေဆုံးနေတာ ၃ရက်ရှိပြီဖြစ်တဲ့အဖွားနဲ့ ပြုစုစောင့်ရှောက်မဲ့သူမရှိတော့တဲ့ အဖိုး

ကြည်မြင့်တိုင် ရတနာပုံလမ်းမှာ နေထိုင်တဲ့အဖွားတစ်ဦးသေဆုံးနေတာ ၃ရက်ရှိပြီဖြစ်ပြီး ကျန်ခဲ့တဲ့အဘိုးကိုလည်း   ပြုစုစောင့်ရှောက်မဲ့သူမရှိဘူးလို့ သိရပါတယ်။ “အဘိုးနဲ့ အဘွားကျန်းမာရေးမကောင်းဖြစ်နေတယ် ပြောလို့ ကမ်းလက်များမောင်နှစ်မတွေဖြစ်တဲ့ ကျနော်တို့ သွားကြည့်ဖြစ်တယ်။ဟိုရောက်တော့အဘွားကဆုံးတာသုံးရက်တောင်ရှိလို့ အနံ့တောင်ထွက်နေပြီ။ အဘိုးကတာ့ သတိရတစ်ချက်မရတစ်ချက် ဖြစ်နေတာကနေ  ကျနော်တို့ရောက်ချိန်မှာတော့ သတိကောင်းကောင်း ပြန်ရလာပြီ ။  အဘွားနားကိုသွားသွားပြီးနှိပ်နယ်ပေးနေလို့မနည်းတားယူရတယ်။ ကျနော်တို့အဖွဲ့ကတော့ ကိုယ်နိုင်တာအကုန် ကူညီပေးခဲ့ပါတယ်။  တစ်ယောက်ထဲကျန်ခဲ့တဲ့ အဘိုးကတော့ ခြင်ကိုက်ထားတဲ့ အဖုအပိန့်တွေနဲ့ ဒီညကို တစ်ယောက်ထဲဘယ်လိုများဖြတ် သန်းမလဲဆိုပြီ းတွေးပူနေရတယ်။ ဆရာဝန်ပြောတာကတော့ အနီးကပ်ပြုစုစောင့်ရှောက်သူမရှိရင် […]

Local News

ကိုဗစ်၁၉ရောဂါနဲ့ သီပေါဘုရင် ကွယ်လွန်

သီပေါမင်းသား ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ပြီ သူ့ကျွန်မခံပြီ ရုပ်ရှင်ဇာတ်ကားမှာ သီပေါဘုရင် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဒေါက်တာကျော်ငြိမ်းအေး ဟာ ဇူလိုင်လ ၃၁ရက်ေ န့မှာ ကိုဗစ်၁၉ရောဂါနဲ့ ကွယ်လွန်ခဲ့တယ် လို့ သိရပါတယ်။ SSC ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရင်းနဲ့ နံနက် ၆နာရီ ၁၅ မိနစ်ခန့်မှာ ကွယ်လွန်ခဲ့တာပါ။ ဒေါက်တာကျော်ငြိမ်းအေး ဟာ မုံရွာမြို့ဇာတိဖြစ်ပြီး ရန်ကုန် YIT က ဒေါက်တာဘွဲ့ ၊ ထိုင်းနိုင်ငံ […]