ာ အင်ဒိုနီးရှား ရေငုပ်သင်္ဘောတစ်စင်း ပျောက်ချင်းမလှ ပျောက်ဆုံး

လူ ၅၃ ဦးပါတဲ့ အင်ဒိုနီးရှား ရေတပ်ပိုင် ရေငုပ်သင်္ဘောတစင်း ရေပြင်မှာ ပျောက်ဆုံးနေတယ်လို့ အင်ဒိုနီးရှား စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အဲဒီရေငုပ်သင်္ဘောဟာ ဒီကနေ့ ဗုဒ္ဓဟူနေ့မှာ ဘာလီကျွန်း မြောက်ဘက်မှာ စစ်ရေး လေ့ကျင့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြန်လည်သတင်းပို့တာမျိုး မရှိဘဲ အဆက်အသွယ်လည်း မရ ဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒီ KRI Nanggala-402 ရေငုပ်သင်္ဘောကို လိုက်ရှာဖို့ စစ်သင်္ဘောတွေ စေလွှတ်ထားတယ်လို့ အင်ဒိုနီးရှား စစ်ဦးစီးချုပ်က ပြောပါတယ်။

ရှာဖွေမှုမှာ အကူအညီပေးဖို့ သြစတြေးလျနဲ့ စင်္ကာပူနိုင်ငံတွေကို အင်ဒိုနီးရှား တာဝန်ရှိပုဂ္ဂိုလ်တွေက ပန်ကြားထားပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေကတော့ တရားဝင် ထုတ်ပြောထားတာမျိုး မရှိသေးပါဘူး။

ဂျာမနီနိုင်ငံလုပ် အဲဒီ ရေငုပ်သင်္ဘာဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ဘာလီကျွန်း ကမ်းရိုးတန်းအနီး မိုင် ၆၀ အကွာ ရေပြင်မှာ ပျောက်ဆုံးသွားတာလို့ ယူဆရပါတယ်။

“လောလောဆယ်မှာ လိုက်လံရှာဖွေမှုကို အင်ဒိုနီးရှားရေတပ်က လုပ်နေပါတယ်။ ဒီနေရာကို ကျွန်တော်တို့ ကျွမ်းပါတယ်။ ဒါပေမဲ့ ရေပြင်က အတော်လေး နက်တယ်”လို့ ရေတပ်ဗိုလ်ချုပ် ဂျူးလီးယပ်စ် ဝစ်ဂျိုဂျိုနို က AFP သတင်းဌာနကို ပြောပါတယ်။

ပင်လယ်ရေနက်ထဲ ခုတ်မောင်းဖို့ အန္တရာယ်ကင်းတယ်လို့ ညွှန်ကြားခဲ့ပြီးမှာပဲ အဲဒီ ရေငုပ်သင်္ဘောနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာလို့ သတင်းတချို့က ဆိုပါတယ်။

အဲဒီ ရေငုပ်သင်္ဘောဟာ အင်ဒိုနီးရှား အစိုးရပိုင် ရေငုပ်သင်္ဘော ၅ စင်းထဲက တစ်စင်း ဖြစ်ပါတယ်။

အဲဒီ ရေငုပ်သင်္ဘောကို ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းတုန်းက ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံမှာ နှစ်နှစ်ကြာ ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့တယ်လို့ ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။

အခုဖြစ်ရပ်ဟာ အင်ဒိုနီးရှားမှာ ပထမဆုံးအကြိမ် ရေငုပ်သင်္ဘော ပျောက်ဆုံးမှု ဖြစ်တယ်လို့ ရေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အလားတူ ဖြစ်ရပ်မျိုး တခြားနိုင်ငံတွေမှာတော့ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အတ္တလန္တိတ်သမုဒ္ဒရာ တောင်ပိုင်းမှာ ရေတပ်သား ၄၄ ဦး ပါတဲ့ အာဂျင်တီးနား စစ်ရေငုပ်သင်္ဘောတစ်စင်း ပျောက်ဆုံးခဲ့ပါတယ်။

တစ်နှစ်အကြာမှာ သင်္ဘောပျက်ကို ပြန်ရှာတွေ့ခဲ့ပြီး အဲဒီရေငုပ်သင်္ဘောဟာ စက်ချို့ယွင်း နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောခဲ့ပါတယ်။

——————–

လူ ၅၃ ဦးပါတဲ့ အင္ဒိုနီးရွား ေရတပ္ပိုင္ ေရငုပ္သေဘၤာတစင္း ေရျပင္မွာ ေပ်ာက္ဆုံးေနတယ္လို႔ အင္ဒိုနီးရွား စစ္ဘက္ဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္ေတြက ေျပာပါတယ္။

အဲဒီေရငုပ္သေဘၤာဟာ ဒီကေန႔ ဗုဒၶဟူေန႔မွာ ဘာလီကြၽန္း ေျမာက္ဘက္မွာ စစ္ေရး ေလ့က်င့္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ျပန္လည္သတင္းပို႔တာမ်ိဳး မရွိဘဲ အဆက္အသြယ္လည္း မရ ျဖစ္ေနတယ္လို႔ သိရပါတယ္။

အဲဒီ KRI Nanggala-402 ေရငုပ္သေဘၤာကို လိုက္ရွာဖို႔ စစ္သေဘၤာေတြ ေစလႊတ္ထားတယ္လို႔ အင္ဒိုနီးရွား စစ္ဦးစီးခ်ဳပ္က ေျပာပါတယ္။

ရွာေဖြမႈမွာ အကူအညီေပးဖို႔ ၾသစေၾတးလ်နဲ႔ စကၤာပူႏိုင္ငံေတြကို အင္ဒိုနီးရွား တာဝန္ရွိပုဂၢိဳလ္ေတြက ပန္ၾကားထားပါတယ္။ ဒါေပမဲ့ အဲဒီႏိုင္ငံေတြကေတာ့ တရားဝင္ ထုတ္ေျပာထားတာမ်ိဳး မရွိေသးပါဘူး။

ဂ်ာမနီႏိုင္ငံလုပ္ အဲဒီ ေရငုပ္သဘၤာဟာ ဗုဒၶဟူးေန႔ မနက္ပိုင္းက ဘာလီကြၽန္း ကမ္း႐ိုးတန္းအနီး မိုင္ ၆၀ အကြာ ေရျပင္မွာ ေပ်ာက္ဆုံးသြားတာလို႔ ယူဆရပါတယ္။

“ေလာေလာဆယ္မွာ လိုက္လံရွာေဖြမႈကို အင္ဒိုနီးရွားေရတပ္က လုပ္ေနပါတယ္။ ဒီေနရာကို ကြၽန္ေတာ္တို႔ ကြၽမ္းပါတယ္။ ဒါေပမဲ့ ေရျပင္က အေတာ္ေလး နက္တယ္”လို႔ ေရတပ္ဗိုလ္ခ်ဳပ္ ဂ်ဴးလီးယပ္စ္ ဝစ္ဂ်ိဳဂ်ိဳႏို က AFP သတင္းဌာနကို ေျပာပါတယ္။

ပင္လယ္ေရနက္ထဲ ခုတ္ေမာင္းဖို႔ အႏၲရာယ္ကင္းတယ္လို႔ ၫႊန္ၾကားခဲ့ၿပီးမွာပဲ အဲဒီ ေရငုပ္သေဘၤာနဲ႔ အဆက္အသြယ္ ျပတ္သြားခဲ့တာလို႔ သတင္းတခ်ိဳ႕က ဆိုပါတယ္။

အဲဒီ ေရငုပ္သေဘၤာဟာ အင္ဒိုနီးရွား အစိုးရပိုင္ ေရငုပ္သေဘၤာ ၅ စင္းထဲက တစ္စင္း ျဖစ္ပါတယ္။

အဲဒီ ေရငုပ္သေဘၤာကို ၁၉၇၀ ျပည့္လြန္ေႏွာင္းပိုင္းတုန္းက ေဆာက္လုပ္ခဲ့တာ ျဖစ္ၿပီး ၂၀၁၂ ခုႏွစ္မွာ ေတာင္ကိုရီးယားႏိုင္ငံမွာ ႏွစ္ႏွစ္ၾကာ ျပန္လည္ျပင္ဆင္ တည္ေဆာက္ခဲ့တယ္လို႔ ႐ိုက္တာစ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

အခုျဖစ္ရပ္ဟာ အင္ဒိုနီးရွားမွာ ပထမဆုံးအႀကိမ္ ေရငုပ္သေဘၤာ ေပ်ာက္ဆုံးမႈ ျဖစ္တယ္လို႔ ေရတပ္ ေျပာခြင့္ရပုဂၢိဳလ္က ဘီဘီစီကို ေျပာပါတယ္။

ဒါေပမဲ့ အလားတူ ျဖစ္ရပ္မ်ိဳး တျခားႏိုင္ငံေတြမွာေတာ့ ျဖစ္ခဲ့ဖူးပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက အတၱလႏၲိတ္သမုဒၵရာ ေတာင္ပိုင္းမွာ ေရတပ္သား ၄၄ ဦး ပါတဲ့ အာဂ်င္တီးနား စစ္ေရငုပ္သေဘၤာတစ္စင္း ေပ်ာက္ဆုံးခဲ့ပါတယ္။

တစ္ႏွစ္အၾကာမွာ သေဘၤာပ်က္ကို ျပန္ရွာေတြ႕ခဲ့ၿပီး အဲဒီေရငုပ္သေဘၤာဟာ စက္ခ်ိဳ႕ယြင္း နစ္ျမဳပ္ခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက အတည္ျပဳ ေျပာခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*