အာဆီယံအတွင်း ပထမဆုံးကျရှုံးနိုင်ငံ မြန်မာဖြစ်လာနိုင်ကြောင်း မလေးရှား ပြော

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့အတွင်း ပထမဆုံးသော ကျရှုံးနိုင်ငံ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Hamid Albar က သတိပေး ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံရဲ့ ကျရှုံးမှုဂယက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ်မှာပါ သက်ရောက်ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ ကျရှုံးမယ့်အခြေအနေကို တားဆီးရေးဟာ အာဆီယံရဲ့ လတ်တလောနဲ့ ရေရှည်အကျိုးစီးပွားအတွက် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်ငြိမ်းချမ်းတဲ့ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည် ရောက်ရှိရေးအတွက် အာဆီယံရဲ့ ဒေသတွင်းဦးဆောင်မှုနဲ့ သံတမန်ရေးဆိုင်ရာ ဦးဆောင်မှု လိုအပ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာာဏာသိမ်းလိုက်‌ပြီးတဲ့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာကို အခြေအနေဆိုးတွေအတွင်းက လွတ်မြောက်အောင် ကူညီဖို့ ကြိုးပမ်းနေကြကြောင်းလည်း ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Hamid Albar ဟာ မြန်မာဆိုင်ရာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ပါတယ်။

– Unicode
——–

အာဆီယံအတြင္း ပထမဆုံးက်ရွုံးနိုင္ငံ ျမန္မာျဖစ္လာနိုင္ေၾကာင္း မေလးရွား ေျပာ

~~~~~~

■ ျမန္မာနိုင္ငံဟာ အာဆီယံအဖြဲ႕အတြင္း ပထမဆုံးေသာက်ရွုံးနိုင္ငံ ျဖစ္လာနိုင္တဲ့ အႏၲရာယ္ရွိေနေၾကာင္း မေလးရွား နိုင္ငံျခားေရးဝန္ႀကီးေဟာင္း Hamid Albar က သတိေပး ေျပာဆိုလိုက္ပါတယ္။

ဒါ့ျပင္ ျမန္မာနိုင္ငံရဲ့ က်ရွုံးမွုဂယက္ဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ လုံျခဳံေရးအေပၚမွာပါ သက္ေရာက္ရိုက္ခတ္မွုေတြ ေပၚေပါက္လာနိုင္ေၾကာင္း၊ ျမန္မာနိုင္ငံ က်ရွုံးမယ့္အေျခအေနကို တားဆီးေရးဟာ အာဆီယံရဲ့လတ္တေလာနဲ႔ ေရရွည္ အက်ိဳးစီးပြားအတြက္ ျဖစ္ေၾကာင္း၊

ျမန္မာနိုင္ငံတည္ၿငိမ္ၿငိမ္းခ်မ္းတဲ့ ဒီမိုကေရစီလမ္းေၾကာင္းဆီ ျပန္လည္ ေရာက္ရွိေရးအတြက္ အာဆီယံရဲ့ ေဒသတြင္းဦးေဆာင္မွုနဲ႔ သံတမန္ေရးဆိုင္ရာ ဦးေဆာင္မွု လိုအပ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေရြးေကာက္ခံအစိုးရကို စစ္တပ္က အာာဏာသိမ္းလိုက္‌ၿပီးတဲ့ေနာက္ အာဆီယံအဖြဲ႕ဝင္ နိုင္ငံေတြက ျမန္မာကို အေျခအေနဆိုးေတြအတြင္းက လြတ္ေျမာက္ေအာင္ ကူညီဖို႔ ႀကိဳးပမ္းေနၾကေၾကာင္းလည္း ေျပာပါတယ္။

မေလးရွားနိုင္ငံျခားေရးဝန္ႀကီးေဟာင္း Hamid Albar ဟာ ျမန္မာဆိုင္ရာ အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ရဲ့ ဥကၠ႒ေဟာင္းလည္း ျဖစ္ပါတယ္။

File Photo/Reuters

Be the first to comment

Leave a Reply

Your email address will not be published.


*