အင္ဒိုနီးရွားေရငုပ္သေဘၤာေရငုပ္သြားတဲ့ေနရာနားမွာ ဆီကြက္ႀကီးေတြ႕ရွိ

အင်ဒိုနီးရှားရေငုပ်သင်္ဘောရေငုပ်သွားတဲ့နေရာနားမှာ ဆီကွက်ကြီးတွေ့ရှိတယ်လို့ဆိုပါတယ်။

အဲ့ဒီရေငုပ်သင်္ဘောဟာ ယနေ့မနက် အင်ဒိုနီးရှားစံတော်ချိန်မနက် ၃ နာရီမှာ ရေငုပ်ခွင့်တောင်းခံပါတယ်။

ရေအောက်ငုပ်သွားပြီးမကြာခင်မှာပဲ အဆက်အသွယ်ပြတ်ကာ စုပ်စမြုပ်စပျောက်သွားခဲ့ပါတယ်။

မနက် ၇ နာရီမှာတော့ အဲ့ဒီရေငုပ်သွားရာနေရာနားမှာ ဆီကွက်ကြီးဖြစ်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။အင်ဒိုနီးရှားကာချုပ်က မနက်ကျရင်အဲ့ဒီနေရာကိုလိုက်သွားမယ်လို့ဆိုပါတယ်။

အရင်ကအင်ဒိုနီးရှားမှာ ဆိုဗီယက်လုပ်အပါအဝင် ရေငုပ်သင်္ဘော ၁၂ စီးရှိခဲ့ရာက အခုပျောက်ဆုံးနေတဲ့ KRI Nanggala 402 အပါအဝင် ၅ စီးပဲကျန်တာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ KRI Nanggala 402 မှာ အမွှာဖြစ်သူ KRI Cakra 401 ရှိပါတယ်။ ၁၉၈၀ အနောက်ဂျာမနီရှိ Howaldtswerke သင်္ဘောကျင်းမှာ ပုံစံတူနှစ်စီးအတူဆောက်ခဲ့တာဖြစ်ပါတယ်။

ဗဟုသုတအနေနဲ့ပြောရရင် ဒီရေငုပ်သင်္ဘောမှာ ဩစတေးလျရေတပ်နဲ့ ရာဇဝင်ရှိပါတယ်။အရှေ့တီမောမှာ နိုင်ငံသားတွေက အင်ဒိုနီးရှားထံမှ လွတ်လပ်ရေးရယူ၍ အရှေ့တီမောနိုင်ငံထူထောင်ရေး ရွေးကောက်ပွဲလုပ်စဉ်မှာ နိုင်ငံတကာငြိမ်းရေးတပ်ဖွဲ့ INTERFET အတွက် ဩစတေးလျစစ်သင်္ဘော HMAS Kanimbla က နယူဇီလန်ရေတပ်ဖရီဂိတ်နှစ်စီးနဲ့အတူ အင်ဒိုနီးရှားရေပိုင်နက်ကိုဝင်စဉ်မှာ ပြဿနာတက်ပါတယ်။

အရင်ကအရှေ့တီမောကပေါ်တူဂီကိုလိုနီမို့လို့ ပေါ်တူဂီရေပိုင်နက်ဖြစ်ခဲ့ပေမယ့် ပေါ်တူဂီအထွက်မှာ အင်ဒိုတပ်တွေဝင်လာလို့ အင်ဒိုရေပိုင်နက်သဘောဖြစ်နေတာပါ။အရှေ့တီမောအတွက်ဖွဲ့တဲ့ နိုင်ငံတကာငြိမ်းရေးတပ်ဖွဲ့ INTERFET ဟာ ကုလသမဂ္ဂ UN လက်အောက်ကမဟုတ်ပါ။

အင်ဒိုရေငုပ်သင်္ဘောကပ္ပတိန်က တိုပီဒိုနဲ့ပစ်ဖို့ပြင်ဆင်ရန်အမိန့်ပေးပါတယ်။နယူးဇီလန်ရေတပ်ဖရီဂိတ်သင်္ဘောက အင်ဒိုရေငုပ်သင်္ဘောရှိနေတာကို ထောက်လှမ်းတွေ့ရှိပေမယ့် ဘယ်နေရာမှာရှိမှန်းအတိအကျမပြောနိုင်ပါ။

ဩစတေးလျအစိုးရက အင်ဒိုအစိုးရကိုလှမ်းပြောတဲ့အတွက် ပြဿနာမဖြစ်ပဲပြီးသွားခဲ့တာပါ။အခုရေငုပ်သင်္ဘောပျောက်ဆုံးနေတော့ ဩစတေးလျရော၊ စင်ကာပူရော၊ အိန္ဒိယကပါ ကူညီရှာဖွေပေးဖို့ ပြောထားပါတယ်။

ရေငုပ်သင်္ဘောတွေမှာ ပြဿနာတစ်ခုခုဖြစ်ရင် သင်္ဘောသားအားလုံးပါသွားတတ်တဲ့ပြဿနာရှိပါတယ်။အိန္ဒိယရေငုပ်သင်္ဘော Sindhurakshak ဆိုရင် ပြဿနာအကြိမ်ကြိမ်တက်ခဲ့ကာ နောက်ဆုံးမီးလောင်ပေါက်ကွဲပြီးသင်္ဘောသားတွေသေဆုံးခဲ့ဖူးပါတယ်။

——————–

အင္ဒိုနီးရွားေရငုပ္သေဘၤာေရငုပ္သြားတဲ့ေနရာနားမွာ ဆီကြက္ႀကီးေတြ႕ရွိတယ္လို့ဆိုပါတယ္။

အဲ့ဒီေရငုပ္သေဘၤာဟာ ယေန႔မနက္ အင္ဒိုနီးရွားစံေတာ္ခ်ိန္မနက္ ၃ နာရီမွာ ေရငုပ္ခြင့္ေတာင္းခံပါတယ္။

ေရေအာက္ငုပ္သြားၿပီးမၾကာခင္မွာပဲ အဆက္အသြယ္ျပတ္ကာ စုပ္စျမဳပ္စေပ်ာက္သြားခဲ့ပါတယ္။

မနက္ ၇ နာရီမွာေတာ့ အဲ့ဒီေရငုပ္သြားရာေနရာနားမွာ ဆီကြက္ႀကီးျဖစ္ေနတာကိုေတြ႕ရတယ္လို့ဆိုပါတယ္။အင္ဒိုနီးရွားကာခ်ဳပ္က မနက္က်ရင္အဲ့ဒီေနရာကိုလိုက္သြားမယ္လို့ဆိုပါတယ္။

အရင္ကအင္ဒိုနီးရွားမွာ ဆိုဗီယက္လုပ္အပါအဝင္ ေရငုပ္သေဘၤာ ၁၂ စီးရွိခဲ့ရာက အခုေပ်ာက္ဆုံးေနတဲ့ KRI Nanggala 402 အပါအဝင္ ၅ စီးပဲက်န္တာျဖစ္ပါတယ္။

ေပ်ာက္ဆုံးေနတဲ့ KRI Nanggala 402 မွာ အမႊာျဖစ္သူ KRI Cakra 401 ရွိပါတယ္။ ၁၉၈၀ အေနာက္ဂ်ာမနီရွိ Howaldtswerke သေဘၤာက်င္းမွာ ပုံစံတူႏွစ္စီးအတူေဆာက္ခဲ့တာျဖစ္ပါတယ္။

ဗဟုသုတအေနနဲ႔ေျပာရရင္ ဒီေရငုပ္သေဘၤာမွာ ဩစေတးလ်ေရတပ္နဲ႔ ရာဇဝင္ရွိပါတယ္။အေရွ႕တီေမာမွာ နိုင္ငံသားေတြက အင္ဒိုနီးရွားထံမွ လြတ္လပ္ေရးရယူ၍ အေရွ႕တီေမာနိုင္ငံထူေထာင္ေရး ေရြးေကာက္ပြဲလုပ္စဥ္မွာ နိုင္ငံတကာၿငိမ္းေရးတပ္ဖြဲ႕ INTERFET အတြက္ ဩစေတးလ်စစ္သေဘၤာ HMAS Kanimbla က နယူဇီလန္ေရတပ္ဖရီဂိတ္ႏွစ္စီးနဲ႔အတူ အင္ဒိုနီးရွားေရပိုင္နက္ကိုဝင္စဥ္မွာ ျပႆနာတက္ပါတယ္။

အရင္ကအေရွ႕တီေမာကေပၚတူဂီကိုလိုနီမို့လို့ ေပၚတူဂီေရပိုင္နက္ျဖစ္ခဲ့ေပမယ့္ ေပၚတူဂီအထြက္မွာ အင္ဒိုတပ္ေတြဝင္လာလို့ အင္ဒိုေရပိုင္နက္သေဘာျဖစ္ေနတာပါ။အေရွ႕တီေမာအတြက္ဖြဲ႕တဲ့ နိုင္ငံတကာၿငိမ္းေရးတပ္ဖြဲ႕ INTERFET ဟာ ကုလသမဂၢ UN လက္ေအာက္ကမဟုတ္ပါ။

အင္ဒိုေရငုပ္သေဘၤာကပၸတိန္က တိုပီဒိုနဲ႔ပစ္ဖို့ျပင္ဆင္ရန္အမိန႔္ေပးပါတယ္။နယူးဇီလန္ေရတပ္ဖရီဂိတ္သေဘၤာက အင္ဒိုေရငုပ္သေဘၤာရွိေနတာကို ေထာက္လွမ္းေတြ႕ရွိေပမယ့္ ဘယ္ေနရာမွာရွိမွန္းအတိအက်မေျပာနိုင္ပါ။

ဩစေတးလ်အစိုးရက အင္ဒိုအစိုးရကိုလွမ္းေျပာတဲ့အတြက္ ျပႆနာမျဖစ္ပဲၿပီးသြားခဲ့တာပါ။​အခုေရငုပ္သေဘၤာေပ်ာက္ဆုံးေနေတာ့ ဩစေတးလ်ေရာ၊ စင္ကာပူေရာ၊ အိႏၵိယကပါ ကူညီရွာေဖြေပးဖို့ ေျပာထားပါတယ္။

ေရငုပ္သေဘၤာေတြမွာ ျပႆနာတစ္ခုခုျဖစ္ရင္ သေဘၤာသားအားလုံးပါသြားတတ္တဲ့ျပႆနာရွိပါတယ္။အိႏၵိယေရငုပ္သေဘၤာ Sindhurakshak ဆိုရင္ ျပႆနာအႀကိမ္ႀကိမ္တက္ခဲ့ကာ ေနာက္ဆုံးမီးေလာင္ေပါက္ကြဲၿပီးသေဘၤာသားေတြေသဆုံးခဲ့ဖူးပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*