စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ NUG ကအကြောင်းကြားစာပေးပို့

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ NUG ကအကြောင်းကြားစာပေးပို့

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နှင့် ICC တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားစာပေးပို့ခဲ့ပါသည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း၊

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် သန်းပေါင်းများစွာသော ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းလျက်ရှိကြောင်း၊

ဧပြီလ ၂၁ ရက်နေ့အထိ ပြည်သူ ၇၃၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ CDM လှုပ်ရှားသူများ အပါအဝင် လူပေါင်း ၃၃၃၁ ဖမ်းဆီးခံထားရကြောင်း စသည့်အချက်အလက်များ အကြောင်းကြားစာတွင် ပါရှိပါသည်။

ဧပြီလ ၂၄ ရက်နေ့ မင်းအောင်လှိုင်အာဆီယံအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးနိုင်ရေးအတွက် အင်ဒိုနီးရှား ရဲတပ်ဖွဲနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ သတိပေးချက် ထုတ်ပြန်ရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) သို့ တောင်းဆိုကြောင်း၊

မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်ပြီး ရာဇဝတ်ကောင်၊ အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊ ၎င်းကျူးလွန်ထားသောအမှုများအတွက် ICJ နှင့် ICC တရားရုံးနှစ်ခုစလုံးတွင် စစ်ဆေးရမည်ဖြစ်ကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နောက်ထပ်ကျူးလွန်ထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်လည်း တရားစွဲဆိုရမည်ဖြစ်ကြောင်း၊

သို့ဖြစ်၍ အင်တာပိုရဲတပ်ဖွဲ့အနေဖြင့် မင်းအောင်လှိုင်ကို အလိုရှိသော တရားခံပြေးအဖြစ်သတ်မှတ်၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရဲတပ်ဖွဲများသို့ အမြင့်ဆုံးအဆင့်သတိပေးချက်ထုတ်ပြန်ပေးရန် တောင်းဆိုကြောင်းနှင့် ၎င်းကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်းရေးသားထားပါသည်။

Source : Mizzima

စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လႈိင္ကို ဖမ္းဆီးေပးရန္ အျပည္ျပည္ဆိုင္ရာ မႈခင္းရဲတပ္ဖြဲ႕ (INTERPOL) အေထြေထြအတြင္းေရးမႉးထံသို႔ NUG ကအေၾကာင္းၾကားစာေပးပို႔

စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္ကို ICJ ႏွင့္ ICC တရား႐ုံးမ်ားသို႔ တရားစြဲတင္ပို႔ႏိုင္ေရးအတြက္ ဧၿပီလ ၂၄ ရက္ေန႔တြင္ က်င္းပမည့္ ျမန္မာႏိုင္ငံအေရး အာဆီယံ ထိပ္သီးအစည္းအေဝးသို႔ လာေရာက္ခ်ိန္တြင္ ဖမ္းဆီးေပးရန္ အျပည္ျပည္ဆိုင္ရာ မႈခင္းရဲတပ္ဖြဲ႕ (INTERPOL) အေထြေထြအတြင္းေရးမႉးထံသို႔ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္က အေၾကာင္းၾကားစာေပးပို႔ခဲ့ပါသည္။

ကုလသမဂၢအခ်က္အလက္ရွာေဖြေရးမစ္ရွင္၏ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၁၂ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည့္ အစီရင္ခံစာတြင္ ရခိုင္ျပည္နယ္ႏွင့္ ႐ိုဟင္ဂ်ာအေရးႏွင့္ ဆက္စပ္သည့္ ျဖစ္ရပ္မ်ားတြင္ အျပည္ျပည္ဆိုင္ရာဥပေဒအရ ရာဇဝတ္မႈက်ဴးလြန္သူတစ္ဦးအျဖစ္ စြပ္စြဲခံထားရေၾကာင္း၊

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔တြင္ မင္းေအာင္လႈိင္သည္ ႏိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည့္ ျပည္သူမ်ားႏွင့္ အၾကမ္းမဖက္အာဏာဖီဆန္ေရးလႈပ္ရွားမႈ(CDM)တြင္ ပါဝင္သည့္ သန္းေပါင္းမ်ားစြာေသာ ျပည္သူမ်ားအေပၚ အၾကမ္းဖက္ၿဖိဳခြင္းလ်က္ရွိေၾကာင္း၊

ဧၿပီလ ၂၁ ရက္ေန႔အထိ ျပည္သူ ၇၃၉ ဦး သတ္ျဖတ္ခံခဲ့ရၿပီး၊ CDM လႈပ္ရွားသူမ်ား အပါအဝင္ လူေပါင္း ၃၃၃၁ ဖမ္းဆီးခံထားရေၾကာင္း စသည့္အခ်က္အလက္မ်ား အေၾကာင္းၾကားစာတြင္ ပါရွိပါသည္။

ဧၿပီလ ၂၄ ရက္ေန႔ မင္းေအာင္လႈိင္အာဆီယံအစည္းအေဝးသို႔ လာေရာက္ခ်ိန္တြင္ ဖမ္းဆီးႏိုင္ေရးအတြက္ အင္ဒိုနီးရွား ရဲတပ္ဖြဲႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္၊ သတိေပးခ်က္ ထုတ္ျပန္ရန္ႏွင့္ လိုအပ္သည့္ ပံ့ပိုးကူညီမႈမ်ား ေဆာင္႐ြက္ေပးႏိုင္ရန္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရက အျပည္ျပည္ဆိုင္ရာ မႈခင္းရဲတပ္ဖြဲ႕ (INTERPOL) သို႔ ေတာင္းဆိုေၾကာင္း၊

မင္းေအာင္လႈိင္သည္ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည္ လူမ်ိဳးတုန္းသတ္ျဖတ္မႈႏွင့္ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္သည့္ ရာဇဝတ္မႈမ်ားအတြက္ တာဝန္ရွိသူျဖစ္ၿပီး ရာဇဝတ္ေကာင္၊ အၾကမ္းဖက္သမား တစ္ဦးျဖစ္ေၾကာင္း၊ ၎က်ဴးလြန္ထားေသာအမႈမ်ားအတြက္ ICJ ႏွင့္ ICC တရား႐ုံးႏွစ္ခုစလုံးတြင္ စစ္ေဆးရမည္ျဖစ္ေၾကာင္း၊ စစ္အာဏာ သိမ္းၿပီးေနာက္ပိုင္း ေနာက္ထပ္က်ဴးလြန္ထားသည့္ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္သည့္ ရာဇဝတ္မႈမ်ားအတြက္လည္း တရားစြဲဆိုရမည္ျဖစ္ေၾကာင္း၊

သို႔ျဖစ္၍ အင္တာပိုရဲတပ္ဖြဲ႕အေနျဖင့္ မင္းေအာင္လႈိင္ကို အလိုရွိေသာ တရားခံေျပးအျဖစ္သတ္မွတ္၍ ကမာၻ႔ႏိုင္ငံအသီးသီးရွိ ရဲတပ္ဖြဲမ်ားသို႔ အျမင့္ဆုံးအဆင့္သတိေပးခ်က္ထုတ္ျပန္ေပးရန္ ေတာင္းဆိုေၾကာင္းႏွင့္ ၎ကို တရားဥပေဒေရွ႕ေမွာက္သို႔ ပို႔ေဆာင္ရမည္ျဖစ္ေၾကာင္း အေၾကာင္းၾကားစာတြင္ ထည့္သြင္းေရးသားထားပါသည္။

Source : Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*