Local News
ကလေးကအခုမှ အသက် ၁၅ နှစ်ပဲရှိသေးတဲ့အတွက် ကူညီရှာဖွေပေးကြဖို့လဲအကူအညီတောင်းပါတယ်
Local News
ဦးဝင်းမြင့်ကို နိုင်ငံခေါင်းဆောင်အဖြစ် ‌ASEAN ဝက်ဘ်ဆိုက် ဖော်ပြထားဆဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ASEAN Summit 2021 တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် ASEAN အဖွဲ့ ဝက်ဘ်ဆိုက်မှာတော့ ဦးဝင်းမြင့်ကို နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ဖော်ပြထားဆဲ ဖြစ်ပါတယ်။ ASEAN အဖွဲ့ရဲ့ ဝက်ဘ်ဆိုက် asean.org မှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စာရင်းနဲ့ အချက်အလက်တွေကို ဖော်ပြထားတဲ့ ကဏ္ဍမှာတော့ လက်ရှိအချိန်အထိ မြန်မာနိုင်ငံရဲ့ Head of State နိုင်ငံ့ခေါင်းဆောင်အဖြစ် သမ္မတ ဦးဝင်းမြင့်ကိုဖော်ပြထားဆဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါက […]
Local News
အာဆီယံအစည်းထိပ်သီးအစည်းအဝေးကို အကြမ်းဖက်စစ်ခေါင်းဆောင် အွန်လိုင်းကသာတက်မည်၊ အာဆီယံကို ၈၈မျိုးဆက် သတိပေး
ဧပြီ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာအရေး ဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အွန်လိုင်းကနေပဲ Video Conferencing နဲ့ တက်ရောက်တော့မယ်လို့ အင်ဒိုနီးရှာ သံရုံးကတဆင့်စာပို့ ထားကြောင်းသိရပါတယ်။ အစကတော့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ဂျကာတာမြို့ကို လူကိုယ်တိုင်လာတက်မယ်လို့ စကားဦးသန်းထားခဲ့တာပါ။ တကယ်လို့ သူသာ မြန်မာနိုင်ငံအပြင်ဘက် ထွက်ခွာလာခဲ့ရင် အာဏာသိမ်းကာလအတွင်း လူပေါင်း ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် လက်ထိတ်ခတ်သင့်တယ်လို့ […]
Local News
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုတေဇာဆန်းကို ပိုက်စိပ်တိုက် ရှာနေ
ဧပြီလ ၁၉ ရက် ညနေပိုင်းက မန္တလေးသပိတ်စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်း နေခဲ့ဖူးသည့် တိုက်ခန်းကို အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများကို အဓမ္မ သိမ်းယူသွားတယ်လို့ ကိုတေဇာဆန်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ပြောသည်။ “ဒီနေ့ ညနေနဲ့ ညဦးပိုင်းမှာ မန်းလေးက ကျနော် နေခဲ့ဖူးတဲ့ တိုက်ခန်းလေးကို အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ စစ်သား၊ ရဲ၊ အရပ်ဝတ်အစုံ အင်အားအလုံးအရင်းနဲ့ နှစ်ကြိမ် လာသွားတယ်လို့ ကြားသိရပါတယ်။ အချို့သတင်းတွေကလည်း သုံးကြိမ်လို့ […]