CRPH ခေါင်းဆောင်များနှင့် အမေရိကန် ထိပ်တန်းအရာရှိများဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တာဝန်ရှိသူတွေနဲ့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိတ်ဖိတ်ရေးရာ ဗျူရိုထိပ်တန်းအရာရှိ Atual Keshap၊ အမေရိကန်ပြည်ထောင်စု လူ့အခွင့်အရေးဒီမိုရေစီနဲ့ အလုပ်သမားရေးရာဗျူရိုထိပ်တန်းအရာရှိ Scott Busby တို့ ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို ခေတ္တဒုတိယသမ္မတဦးမန်းဝင်းခိုင်သန်းအပါအဝင် ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အစိုးရအဖွဲ့ဝန်ကြီး ဦးလွင်ကိုလတ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တက်ရောက်ခဲ့တာပါ။

နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာက ထောက်ခံအားပေးမှုအပြည့်ရှိနေပြီး ဒီကနေ့ဆွေးနွေးမှုမှာ CRPH အတွက်ရော ပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေးအစိုးရအတွက်ရော အာဏာရှင်ကို နည်းပေါင်းစုံနဲ့ တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက်အရေးပါတဲ့ ကိစ္စတွေ ဆွေးနွေးပြီး သဘောတူညီမှုတွေရရှိခဲ့တယ်လို့ ခေတ္တအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးလွင်ကိုလတ်က ဒီဗွီဘီသတင်းဌာနကို ပြောဆိုပါတယ်။

ဒီကနေ့ဆွေးနွေးခဲ့တဲ့ Atual Keshap ကလည်း သူ့ရဲ့တွစ်တာလူမှုကွန်ရက်ကနေ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့အရေးကြီးတာတွေကို သဘောတူခဲ့ပြီး ဒီမိုကရေစီအရေးကြိုးပမ်းနေတာကို အလေးနက်ထောက်ခံတယ်လို့ရေးသားထားပါတယ်။

——————————

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) တာဝန္ရွိသူေတြနဲ႔ အေမရိကန္ျပည္ေထာင္စု အေရွ႕အာရွနဲ႔ ပစိတ္ဖိတ္ေရးရာ ဗ်ဴ႐ိုထိပ္တန္းအရာရွိ Atual Keshap၊ အေမရိကန္ျပည္ေထာင္စု လူ႔အခြင့္အေရးဒီမိုေရစီနဲ႔ အလုပ္သမားေရးရာဗ်ဴ႐ိုထိပ္တန္းအရာရွိ Scott Busby တို႔ ဒီကေန႔ ဧၿပီလ ၁၆ ရက္ေန႔မွာ ေဆြးေႏြးခဲ့ပါတယ္။

အဲဒီေဆြးေႏြးပြဲကို ေခတၱဒုတိယသမၼတဦးမန္းဝင္းခိုင္သန္းအပါအဝင္ ေခတၱႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၊ လူမႈေရးဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး အစိုးရအဖြဲ႕ဝန္ႀကီး ဦးလြင္ကိုလတ္နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို တက္ေရာက္ခဲ့တာပါ။

ေႏြဦးေတာ္လွန္ေရးမွာ ႏိုင္ငံတကာက ေထာက္ခံအားေပးမႈအျပည့္ရွိေနၿပီး ဒီကေန႔ေဆြးေႏြးမႈမွာ CRPH အတြက္ေရာ ေပၚေပါက္လာမယ့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရအတြက္ေရာ အာဏာရွင္ကို နည္းေပါင္းစုံနဲ႔ ေတာ္လွန္ၿပီး ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံတည္ေဆာက္ေရးအတြက္အေရးပါတဲ့ ကိစၥေတြ ေဆြးေႏြးၿပီး သေဘာတူညီမႈေတြရရွိခဲ့တယ္လို႔ ေခတၱအစိုးရအဖြဲ႕႐ုံးဝန္ႀကီး ဦးလြင္ကိုလတ္က ဒီဗြီဘီသတင္းဌာနကို ေျပာဆိုပါတယ္။

ဒီကေန႔ေဆြးေႏြးခဲ့တဲ့ Atual Keshap ကလည္း သူ႔ရဲ႕တြစ္တာလူမႈကြန္ရက္ကေန ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္သြားဖို႔အေရးႀကီးတာေတြကို သေဘာတူခဲ့ၿပီး ဒီမိုကေရစီအေရးႀကိဳးပမ္းေနတာကို အေလးနက္ေထာက္ခံတယ္လို႔ေရးသားထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*