Local News

အဆိုတော်ပိုပို နှင့် သရုပ်ဆောင်ဇင်ဝိုင်းလည်း ဖမ်းဆီးခံရ

သရုပ်ဆောင်ဇင်ဝိုင်းလည်း ဖမ်းဆီးခံရ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်းကို ဒီနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သားဖြစ်သူ ကိုကြည်သာဌေးလွင်က ရေးသားထားပါတယ်။ ဇင်ဝိုင်းဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖြိုခွဲမှုတချို့မှာ ပါဝင် ဖြန်ဖြေခဲ့သူလည်း ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ […]

Local News

ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကိုဝေမိုးနိုင်ကို ဒီနေ့ သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်မှာ ဖမ်းဆီးခံရ

မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းတွေ၊ နေ့စဉ် ပုံစံမျိုးစုံနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကိုဝေမိုးနိုင်ကို ဒီနေ့ သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်မှာ ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။   ကိုဝေမိုးနိုင်ကို သာစည်လမ်း၊ ယင်းမာမြိုင်လမ်းထိပ်အနီးမှာ ကားနဲ့ တိုက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့လည်းဒေသတွင်းသတင်းတွေက ဖော်ပြနေပါတယ်။ ဒါ့အပြင် ဒီမနက်မှာ ဆိုင်ကယ်တွေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြလမ်းကြောင်းပေါ်မှာ သွားနေတဲ့ ကိုဝေမိုးနိုင်လိုက်ပါလာတယ်လို့ထင်ရတဲ့ ဆိုင်ကယ်ကို ကားတစ်စီးက ဝင်တိုက်လိုက်တဲ့ ရုပ်သံလည်း […]

Knowledge

တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း . . 15.4.2021 မှ 21.4.2021 အထိ

တနင်္ဂနွေ ဒီကာလအတွင်းမှာ ခရီးတိုတွေ တစ်ခုပြီးတစ်ခု သွားနေရတတ်ပါတယ်။ မနားရအောင်လည်း သွားလာ ရတတ်ပါတယ်။ ကိုယ့်ကိစ္စသာမက သူတစ်ပါးအတွက်ပါ ခရီးတွေလည်း သွားလာရတတ်ပါတယ်။ ဒါပေမယ့် သွားပါများ ခရီးရောက် ဆိုတဲ့အတိုင်းပဲ အလုပ်အဆက်အသွယ်ကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက် လာတတ်ပါတယ်။ ပြဿနာကြီးတစ်ခု ကတော အလိုလို ရှင်းသွားပါလိမ့်မည်။ ကိုယ့်ကို ရန်လုပ်နေတဲ့သူ၊ ဒုက္ခပေး နေတဲ့သူ အရပ်ဝေးကို ရောက်သွား ပါလိမ့်မည်။ ထီထိုးလိုလျှင် (၂အစ၊ ၇အစ)ထိုးပါ။ငွေကြေးနှင့် ပတ်သက် […]

Local News

ဧပြီလ ၁၅ ရက်မှ ၂၄ ရက်အကြား မိုးတိမ်တောင်၊ မိုးကြိုးများပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသော အရှေ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်း (ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း) ဒေသများမှာ ဧပြီလ ၁၅ ရက်မှ ၂၄ ရက်အကြား မိုးတိမ်တောင်ဖြစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးရွာသွန်းခြင်း နှင့် မိုးသီးကြွေခြင်းဖြစ်စဉ်အချို့ ဖြစ်ပေါ်လညနိုင်ကြောင်း အိန္ဒိယ မိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။ အခုလို နွေဦးကာလမှာ အမြဲတစေ ကြုံတွေ့ရတတ်တဲ့ မိုးတိမ်တောင် ရာသီဥတုမျိုး ဖြစ်ပါတယ်။ မိုးတိမ်တောင်ရဲ့ […]