ဟာသသရုပ်ဆောင် ဇာဂနာအဖမ်းခံရ

ဟာသသရုပ်ဆောင် လူရွှင်တော် ဇာဂနာ (ခ) ဦးသူရကို ရန်ကုန်မြို့ တာမွေမြို့နယ် ၁၆၆ လမ်းထဲမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဧပြီ ၆ ရက် ဒီနေ့ မနက်ပိုင်းက ရဲနဲ့စစ်တပ်က စစ်ကား ၂ စီးနဲ့ ရောက်ရှိလာပြီး လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဇာဂနာရဲ့ လုပ်ဖော်ကိုင်ဖက် ဟာသသရုပ်ဆောင် ငှက်ပြောကြော်ကလည်း သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဟာသသရုပ်ဆောင် ဇာဂနာ အဖမ်းခံရကြောင်း ရေးသားထားပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လှစ်ခံထားရတဲ့ အနုပညာရှင်တွေ စာရင်းမှာတော့ ဇာဂနာရဲ့ အမည်ပါဝင်ခြင်းမရှိသေးပါဘူး။

—————–

ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ဇာဂနာ (ခ) ဦးသူရကို ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ ၁၆၆ လမ္းထဲမွာရွိတဲ့ သူ႔ရဲ႕ေနအိမ္မွာ ဧၿပီ ၆ ရက္ ဒီေန႔ မနက္ပိုင္းက ရဲနဲ႔စစ္တပ္က စစ္ကား ၂ စီးနဲ႔ ေရာက္ရွိလာၿပီး လာေရာက္ေခၚေဆာင္သြားခဲ့တယ္လို႔ သိရပါတယ္။

ဇာဂနာရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ဟာသသ႐ုပ္ေဆာင္ ငွက္ေျပာေၾကာ္ကလည္း သူ႔ရဲ႕ လူမႈကြန္ရက္ေပၚမွာ ဟာသသ႐ုပ္ေဆာင္ ဇာဂနာ အဖမ္းခံရေၾကာင္း ေရးသားထားပါတယ္။

ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔ အမႈဖြင့္လွစ္ခံထားရတဲ့ အႏုပညာရွင္ေတြ စာရင္းမွာေတာ့ ဇာဂနာရဲ႕ အမည္ပါဝင္ျခင္းမရွိေသးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*