ရေတပ်သား အရာရှိတစ်ယောက်အပါအဝင် ၁၅ ယောက် တပ်ထဲကနေ ထွက်ပြေး

မော်လမြိုင်မြို့ မုပွန်ရေတပ်စခန်းငယ်က ရေတပ်သား အရာရှိတစ်ယောက်အပါအဝင် ၁၅ ယောက် တပ်ထဲကနေ ထွက်ပြေးသွားတယ်လို ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။ ဘာအကြောင်းကြောင့်ထွက်ပြေးတယ်ဆိုတာ မသိရသေးပေမယ့် ယူနီဖောင်းနဲ့ အတူ ထွက်ပြေးသွားတာလို့ စခန်းအနီးဝန်းကျင်ကဒေသခံတစ်ယောက်က အတည်ပြုပါတယ်။

“စခန်းက စခန်းငယ်လေးပါ။ စစ်သဘော်အသေး တစီးလောက်ပဲ အရင်ထဲက ကမ်းကပ် သွားလာနေတာ။ လက်နက်တွေ သဘောၤတွေတော့ မယူသွားဘူးကြားတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း မပြေပြတတ်သေးဘူး။ လုံခြုံရေး တင်းကျပ်နေလို့” လို့ သူကပြောပါတယ်။

ဒီနေ့ မနက်ပိုင်းကစပြီး မော်လမြိုင်မြိုတွင်း အဲဒီစခန်းအနီးသာမက လမုတန်း တလျှောက် စစ်သားနဲ့ ရဲတွေ သွားလာနေသလို ဇေယျာသီရိ မြို့သစ်ဘက်အထိ ဦးတည်သွားလာနေကြောင်း မော်လမြိုင်မြို့ ဒေသခံစ်ယောက်ကလည်း အတည်ပြုပါတယ်။

ရေတပ်သားတွေ ထွက်ပြေးတာကြောင့်လိုက်လံရှာဖွေ နေခြင်းဖြစ်နိုင်တယ်လို့လဲ မော်လမြိုင်မြို့ ဒေသခံတချို့က သုံးသပ်နေကြပါတယ်။
နေကြပါတယ်။

Photo – Getty Images

 

ေမာ္လၿမိဳင္ၿမိဳ႕ မုပြန္ေရတပ္စခန္းငယ္က ေရတပ္သား အရာရွိတစ္ေယာက္အပါအဝင္ ၁၅ ေယာက္ တပ္ထဲကေန ထြက္ေျပးသြားတယ္လို ေဒသခံေတြက အတည္ျပဳေျပာဆိုပါတယ္။ ဘာအေၾကာင္းေၾကာင့္ထြက္ေျပးတယ္ဆိုတာ မသိရေသးေပမယ့္ ယူနီေဖာင္းနဲ႔ အတူ ထြက္ေျပးသြားတာလို႔ စခန္းအနီးဝန္းက်င္ကေဒသခံတစ္ေယာက္က အတည္ျပဳပါတယ္။

“စခန္းက စခန္းငယ္ေလးပါ။ စစ္သေဘာ္အေသး တစီးေလာက္ပဲ အရင္ထဲက ကမ္းကပ္ သြားလာေနတာ။ လက္နက္ေတြ သေဘာေတၤြေတာ့ မယူသြားဘူးၾကားတယ္။ အေသးစိတ္ေတာ့ က်ေနာ္တို႔လည္း မေျပျပတတ္ေသးဘူး။ လုံၿခဳံေရး တင္းက်ပ္ေနလို႔” လို႔ သူကေျပာပါတယ္။

ဒီေန႔ မနက္ပိုင္းကစၿပီး ေမာ္လၿမိဳင္ၿမိဳတြင္း အဲဒီစခန္းအနီးသာမက လမုတန္း တေလွ်ာက္ စစ္သားနဲ႔ ရဲေတြ သြားလာေနသလို ေဇယ်ာသီရိ ၿမိဳ႕သစ္ဘက္အထိ ဦးတည္သြားလာေနေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕ ေဒသခံစ္ေယာက္ကလည္း အတည္ျပဳပါတယ္။

ေရတပ္သားေတြ ထြက္ေျပးတာေၾကာင့္လိုက္လံရွာေဖြ ေနျခင္းျဖစ္ႏိုင္တယ္လို႔လဲ ေမာ္လၿမိဳင္ၿမိဳ႕ ေဒသခံတခ်ိဳ႕က သုံးသပ္ေနၾကပါတယ္။
ေနၾကပါတယ္။

Photo – Getty Images

Be the first to comment

Leave a Reply

Your email address will not be published.


*