ရပ်ကွက်ရုံးမီးလောင်လို့ငြှိမ်းပေးသူ အဖမ်းခံရပြီးနောက် သေဆုံး

ဧပြီလ ၄ ရက်နေ့က တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်လို့ ကူငြှိမ်းပေးခဲ့သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်ပိုင်ထွေး၏ အလောင်းကို ယနေ့လာထုတ်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိသားစုထံသို့အကြောင်းကြားခဲ့သည်။

အလောင်းကို မွန်းလွဲ ၁ နာရီလာထုတ်ရန်ပြောဆိုခဲ့သော်လည်း ည​နေ ၄ နာရီမှထုတ်ခွင့်ရခဲ့သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူအချို့ထံမှ သိရသည်။

၎င်း၏အလောင်းတွင် ဦးခေါင်းရိုက်ခွဲဒဏ်ရာ၊ နားရွက်ပြတ်လုနီးပါးဒဏ်ရာ၊ ယောကျ်ားအင်္ဂါပြတ်ဒဏ်ရာ၊ ကျောတွင် ဓားခုတ်ဒဏ်ရာများတွေ့ရှိခဲ့ပြီး ရင်ခွဲစစ်ဆေးမှုလည်းပြုလုပ်ထားကြောင်း ၎င်းတို့က ပြောသည်။

ကိုအောင်ပိုင်ထွေးသည် စစ်ကောင်စီလက်ပါးစေများ၏ ညှင်းပန်းနှိပ်စက်မှုကြောင့်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့ကပြောသည်။

သို့သော် စစ်ကောင်စီ၏လက်ပါးစေများက မီးသတ်ကားတိုက်၍သေဆုံးခြင်းဖြစ်​ကြောင်းပြန်လည်ပြောကြားခဲ့သည်ဟုဆိုသည်။

ဧပြီလ ၄ ရက်နေ့က တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးသည် ည ၈ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၈ နာရီခွဲခန့်တွင် ပြည်သူများ၏ငြှိမ်းသတ်မှုကြောင့်မီးငြိမ်းခဲ့သည်။ သို့သော် မီးငြှိမ်းကူသူများကို လက်နက်ကိုင်အဖွဲ့ဝင်တွေက ကိုယ်ထိလက်ရောက် ရန်ရှာမှုများပြုလုပ်ခဲ့သည်။

ထိုသတင်းနှင့်ပတ်သက်၍ စစ်ကောင်စီလက်ပါးစေသတင်းဌာန MRTV သတင်းတွင် ” ည ၈ နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင်ခဲ့ရာ မီးသတ်ကား ၁၀ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ၈နာရီ၂၀မိနစ်တွင်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊

ထိုသို့​ငြှိမ်းသတ်နေစဥ် ကိုအောင်ပိုင်ထွေးသည် Toyota Mark2 ယာဥ်ဖြင့် အကြမ်းမောင်းနှင်လာပြီး ရဲများကိုတိုက်ကာထွက်ပြေးခဲ့ပြီး ၎င်းကားကို အမိဖမ်းမိစဉ် ကားအတွင်းရှိ လောင်စာဆီထည့်ထားပီးပုလင်းအဝတွင် ပိတ်စစွတ်ထားသောပုလင်း ၂ လုံးကိုရှာဖွေတွေရှိရသဖြင့် ဖမ်းဆီးအရေးယူလိုက်ပါကြောင်းဟု ကြေညာခဲ့သည်။

သို့သော် ထိုနေ့မီးလောင်မှုဖြစ်စဥ်သို့ မည်သည့်မီးသတ်ကားမျှလာရောက်ခဲ့ခြင်းမရှိဘဲ ကိုအောင်ပိုင်ထွေးတွင်လည်း ရေပုံးတစ်ခုသာပါလာကာ မည်သည့်ယာဥ်တိုက်မှုဖြစ်စဥ်မျှလည်းမရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။

Burma Associated Press

ဧၿပီလ ၄ ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ ေညာင္ျဖဴစခန္းရပ္ကြက္႐ုံးမီးေလာင္လို႔ ကူျငႇိမ္းေပးခဲ့သူကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားၿပီးေနာက္ ေသဆုံးခဲ့သည္။

အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ ကိုေအာင္ပိုင္ေထြး၏ အေလာင္းကို ယေန႔လာထုတ္ရန္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မိသားစုထံသို႔အေၾကာင္းၾကားခဲ့သည္။

အေလာင္းကို မြန္းလြဲ ၁ နာရီလာထုတ္ရန္ေျပာဆိုခဲ့ေသာ္လည္း ည​ေန ၄ နာရီမွထုတ္ခြင့္ရခဲ့သည္ဟု မိသားစုဝင္မ်ားႏွင့္နီးစပ္သူအခ်ိဳ႕ထံမွ သိရသည္။

၎၏အေလာင္းတြင္ ဦးေခါင္း႐ိုက္ခြဲဒဏ္ရာ၊ နား႐ြက္ျပတ္လုနီးပါးဒဏ္ရာ၊ ေယာက်္ားအဂၤါျပတ္ဒဏ္ရာ၊ ေက်ာတြင္ ဓားခုတ္ဒဏ္ရာမ်ားေတြ႕ရွိခဲ့ၿပီး ရင္ခြဲစစ္ေဆးမႈလည္းျပဳလုပ္ထားေၾကာင္း ၎တို႔က ေျပာသည္။

ကိုေအာင္ပိုင္ေထြးသည္ စစ္ေကာင္စီလက္ပါးေစမ်ား၏ ညႇင္းပန္းႏွိပ္စက္မႈေၾကာင့္ေသဆုံးခဲ့ရျခင္းျဖစ္သည္ဟု ၎တို႔ကေျပာသည္။

သို႔ေသာ္ စစ္ေကာင္စီ၏လက္ပါးေစမ်ားက မီးသတ္ကားတိုက္၍ေသဆုံးျခင္းျဖစ္​ေၾကာင္းျပန္လည္ေျပာၾကားခဲ့သည္ဟုဆိုသည္။

ဧၿပီလ ၄ ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ ေညာင္ျဖဴစခန္းရပ္ကြက္႐ုံးသည္ ည ၈ နာရီခန္႔က မီးစတင္ေလာင္ကြၽမ္းခဲ့ၿပီး ည ၈ နာရီခြဲခန္႔တြင္ ျပည္သူမ်ား၏ျငႇိမ္းသတ္မႈေၾကာင့္မီးၿငိမ္းခဲ့သည္။ သို႔ေသာ္ မီးျငႇိမ္းကူသူမ်ားကို လက္နက္ကိုင္အဖြဲ႕ဝင္ေတြက ကိုယ္ထိလက္ေရာက္ ရန္ရွာမႈမ်ားျပဳလုပ္ခဲ့သည္။

ထိုသတင္းႏွင့္ပတ္သက္၍ စစ္ေကာင္စီလက္ပါးေစသတင္းဌာန MRTV သတင္းတြင္ ” ည ၈ နာရီအခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမီးေလာင္ခဲ့ရာ မီးသတ္ကား ၁၀ စီးျဖင့္ ျငႇိမ္းသတ္ခဲ့ရာ ၈နာရီ၂၀မိနစ္တြင္ျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း၊

ထိုသို႔​ျငႇိမ္းသတ္ေနစဥ္ ကိုေအာင္ပိုင္ေထြးသည္ Toyota Mark2 ယာဥ္ျဖင့္ အၾကမ္းေမာင္းႏွင္လာၿပီး ရဲမ်ားကိုတိုက္ကာထြက္ေျပးခဲ့ၿပီး ၎ကားကို အမိဖမ္းမိစဥ္ ကားအတြင္းရွိ ေလာင္စာဆီထည့္ထားပီးပုလင္းအဝတြင္ ပိတ္စစြတ္ထားေသာပုလင္း ၂ လုံးကိုရွာေဖြေတြရွိရသျဖင့္ ဖမ္းဆီးအေရးယူလိုက္ပါေၾကာင္းဟု ေၾကညာခဲ့သည္။

သို႔ေသာ္ ထိုေန႔မီးေလာင္မႈျဖစ္စဥ္သို႔ မည္သည့္မီးသတ္ကားမွ်လာေရာက္ခဲ့ျခင္းမရွိဘဲ ကိုေအာင္ပိုင္ေထြးတြင္လည္း ေရပုံးတစ္ခုသာပါလာကာ မည္သည့္ယာဥ္တိုက္မႈျဖစ္စဥ္မွ်လည္းမရွိခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားကေျပာသည္။

Burma Associated Press

Be the first to comment

Leave a Reply

Your email address will not be published.


*