မောင်နှမငါးယောက်မှာ လေးယောက်ကမျက်မမြင်ဖြစ်နေတဲ့ မိသားစုလေးရဲ့ လက်ရှိအပူမီး

မျက်မမြင်ညီအကို ၄ယောက်ရှိတယ့် မိသားစုအိမ်ကလေး

ဧရာဝတီတိုင်း၊ကျုံမငေးမြို့ရှိ မျက်မမြင်ညီအကို ၄ယောက်ရှိတယ့် မိသားစုလေးအတွက် #ဝေဠုကျော်ဖောင်ဒေးရှင်းမှမြေကွက် လျှောက်ပေးပြီး အိမ်ဆောက်ပေးခဲ့ရာ အိမ်လေးကတော့ ပုံထဲက အတိုင်း ဆောက်လုပ်ပြီးပါပြီ။

သားသမီး၅ယောက်မှာ ၄ယောက်က မျက်မမြင်ဖြစ်နေပြီးအိမ်ငှားနေရတာပါ။အခုတော့အလှူရှင်များရဲ့ လှူဒါန်းပေးမှုကြောင့် သူတို့မိသားစုလေး အိမ်ပိုင်လေးရှိသွားခဲ့ပါပြီ။

သူတို့မိသားစုလေးရဲ့ အိမ်ကလေးအတွက် ရေတွင်းကအစ အိမ်သာလေးအပါအဝင် အခြားလိုအပ်တာလေးတွေလည်းကျန်နေပါသေးတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(K Pay)'(U Soe Thein)09455500014 / 09776089484(Wave Acc)

————-







Be the first to comment

Leave a Reply

Your email address will not be published.


*