Local News

ရပ်ကွက်ရုံးမီးလောင်လို့ငြှိမ်းပေးသူ အဖမ်းခံရပြီးနောက် သေဆုံး

ဧပြီလ ၄ ရက်နေ့က တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်လို့ ကူငြှိမ်းပေးခဲ့သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်ပိုင်ထွေး၏ အလောင်းကို ယနေ့လာထုတ်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိသားစုထံသို့အကြောင်းကြားခဲ့သည်။ အလောင်းကို မွန်းလွဲ ၁ နာရီလာထုတ်ရန်ပြောဆိုခဲ့သော်လည်း ည​နေ ၄ နာရီမှထုတ်ခွင့်ရခဲ့သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ၎င်း၏အလောင်းတွင် ဦးခေါင်းရိုက်ခွဲဒဏ်ရာ၊ နားရွက်ပြတ်လုနီးပါးဒဏ်ရာ၊ ယောကျ်ားအင်္ဂါပြတ်ဒဏ်ရာ၊ ကျောတွင် ဓားခုတ်ဒဏ်ရာများတွေ့ရှိခဲ့ပြီး ရင်ခွဲစစ်ဆေးမှုလည်းပြုလုပ်ထားကြောင်း ၎င်းတို့က ပြောသည်။ […]

Local News

ရေတပ်သား အရာရှိတစ်ယောက်အပါအဝင် ၁၅ ယောက် တပ်ထဲကနေ ထွက်ပြေး

မော်လမြိုင်မြို့ မုပွန်ရေတပ်စခန်းငယ်က ရေတပ်သား အရာရှိတစ်ယောက်အပါအဝင် ၁၅ ယောက် တပ်ထဲကနေ ထွက်ပြေးသွားတယ်လို ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။ ဘာအကြောင်းကြောင့်ထွက်ပြေးတယ်ဆိုတာ မသိရသေးပေမယ့် ယူနီဖောင်းနဲ့ အတူ ထွက်ပြေးသွားတာလို့ စခန်းအနီးဝန်းကျင်ကဒေသခံတစ်ယောက်က အတည်ပြုပါတယ်။ “စခန်းက စခန်းငယ်လေးပါ။ စစ်သဘော်အသေး တစီးလောက်ပဲ အရင်ထဲက ကမ်းကပ် သွားလာနေတာ။ လက်နက်တွေ သဘောၤတွေတော့ မယူသွားဘူးကြားတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း မပြေပြတတ်သေးဘူး။ လုံခြုံရေး တင်းကျပ်နေလို့” လို့ သူကပြောပါတယ်။ ဒီနေ့ […]

International News

လက်ရှိကြိုးပမ်းနေတဲ့ကိစ္စကို ဦးကျော်မိုးအောင်ပြောပြီ

မြန်မာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အထွေထွေညီလာခံက ချမှတ်လာနိုင်ရေး ကြိုးပမ်းလျက်ရှိ (သံအမတ်ကြီးဦးကျော်မိုးထွန်း) ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သူကို ကုလသမဂ္ဂ က အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA ကိုပြောပါတယ်။ ကုလသမဂ္ဂမှာ လက်ရှိ စစ်ကောင်စီနဲ အပြိုင် ရင်ဆိုင်နေရတဲ့ သံခင်းတမန်ခင်း၊ မြန်မာ့အရေး ကုလအထွေထွေညီလာခံမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူနိုင်ခြေရှိမရှိ စတာတွေကို မအင်ကြင်းနိုင်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ ——————– မြန်မာနဲ့ […]

Local News

မောင်နှမငါးယောက်မှာ လေးယောက်ကမျက်မမြင်ဖြစ်နေတဲ့ မိသားစုလေးရဲ့ လက်ရှိအပူမီး

မျက်မမြင်ညီအကို ၄ယောက်ရှိတယ့် မိသားစုအိမ်ကလေး ဧရာဝတီတိုင်း၊ကျုံမငေးမြို့ရှိ မျက်မမြင်ညီအကို ၄ယောက်ရှိတယ့် မိသားစုလေးအတွက် #ဝေဠုကျော်ဖောင်ဒေးရှင်းမှမြေကွက် လျှောက်ပေးပြီး အိမ်ဆောက်ပေးခဲ့ရာ အိမ်လေးကတော့ ပုံထဲက အတိုင်း ဆောက်လုပ်ပြီးပါပြီ။ သားသမီး၅ယောက်မှာ ၄ယောက်က မျက်မမြင်ဖြစ်နေပြီးအိမ်ငှားနေရတာပါ။အခုတော့အလှူရှင်များရဲ့ လှူဒါန်းပေးမှုကြောင့် သူတို့မိသားစုလေး အိမ်ပိုင်လေးရှိသွားခဲ့ပါပြီ။ သူတို့မိသားစုလေးရဲ့ အိမ်ကလေးအတွက် ရေတွင်းကအစ အိမ်သာလေးအပါအဝင် အခြားလိုအပ်တာလေးတွေလည်းကျန်နေပါသေးတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010(K Pay)'(U Soe Thein)09455500014 / 09776089484(Wave Acc) ————- မ်က္မျမင္ညီအကို […]

Local News

UWSA ကို စစ်တပ်က သင်တန်းပေးနေ

ဝလက်နက်ကိုင်အဖွဲ့ (UWSA) က စင်ပြိုင်တပ်မတော်သဖွယ်ထူထောင်နေ၍ အတော်လေး သည်းခံနေရသည်ဟု ပြောဆိုဖူးသော စစ်တပ်သည် ယခုအခါ ထိုအဖွဲ့အား ဆေးသင်တန်းပို့ချပေးလျက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်မှုကို အစောဆုံးချီးကျူးထောပဏပြုခဲ့သည့် ၀ အဖွဲ့သည် အာဏာသိမ်းကတည်းက ရေငုံနုတ်ပိတ်နေခဲ့ပြီး ယခုအချိန်အထိ စစ်တပ်နှင့် မိတ်ဝတ်မပြတ်ဆက်ဆံရေးကောင်းဆဲဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆက်မြို့ ဝမ်ဟုန်ကျေးရွာရှိ ဝမ်ဟုန်ဆေးရုံ၌ တြိဂံဒေသ တိုင်းစစ်ဋ္ဌာနချုပ် နယ်မြေခံဆေးတပ်ရင်းက UWSA တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ဆေးဘက်ဆိုင်ရာ သင်တန်းအမှတ်စဉ် […]

Local News

ဟာသသရုပ်ဆောင် ဇာဂနာအဖမ်းခံရ

ဟာသသရုပ်ဆောင် လူရွှင်တော် ဇာဂနာ (ခ) ဦးသူရကို ရန်ကုန်မြို့ တာမွေမြို့နယ် ၁၆၆ လမ်းထဲမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဧပြီ ၆ ရက် ဒီနေ့ မနက်ပိုင်းက ရဲနဲ့စစ်တပ်က စစ်ကား ၂ စီးနဲ့ ရောက်ရှိလာပြီး လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဇာဂနာရဲ့ လုပ်ဖော်ကိုင်ဖက် ဟာသသရုပ်ဆောင် ငှက်ပြောကြော်ကလည်း သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဟာသသရုပ်ဆောင် ဇာဂနာ အဖမ်းခံရကြောင်း ရေးသားထားပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ […]