ငွေ၁၅သိန်း နဲ့ ရှာမှ ရှားတဲ့ TAXI ကားဆရာ

ဒီလိုလူရှိလား

၁၄-၁၂-၂၀၁၈ နေ့ နံနက် ကိုးနာရီခန့် ဗဟို အမျိုးသမီးဆေးရုံသို့ ကျွန်ုပ်သွားခဲ့သည်။ ဇနီးဗိုက်ခွဲ၍ မြေး ကြယ်စင်နှင့်သွား ခဲ့ခြင်းဖြစ်သည်။

ကျွန်ုပ်ကိုယ်တိုင်က အူမကြီး ကင်ဆာဖြင့် ဗိုက်ခွဲထားရပြီး အရိုး ကင်ဆာ ခံစားနေရသူဖြစ်သည်။ သို့အတွက် ခြေ ကောင်းကောင်း မထောက်နိုင် သဖြင့် တောင်မွှေး အားပြု လမ်းလျှောက်ရသည်။သင်္ကန်းကျွန်းမှ ဆေးရုံသို့ TAXI ငှားပြီးထွက်လာရာ သောကပေါင်းစုံဖြင့် ထူပူနေတော့သည်။

သွားလေရာပါသော အိတ်နက်ကြီးအား ကိုင်လျက် ၎င်းထဲတွင် ဆေးအတွက် သုံးစွဲရန်ငွေ တစ်ဆယ့်ငါးသိန်း အရေးကြီးသော ကျွန်ုပ်ရောဂာ၏ ဆေးစာများ ဆေးမှတ်တမ်းများ မှတ်ပုံတင်တို့ ပါရှိလေရာ သတိနှင့် အမြဲယူဆောင်လာခဲ့သည် ။

ဆေးရုံ ဆင်ဝင်အောက် ရောက်သောအခါ ဧည့်တွေ့ချိန် မှီရန်အတွက် တုတ်ကောက်တဘက်ထောက် မြေးကိုလက်ဆွဲ၍ ကားပေါ်မှ ဆင်းသည်။ဗိုက်ခွဲထားသောဇနီးထံ ခပ်သုတ်သုတ် သွားခဲ့သည်။ဆေးရုံမှ ဆင်းခိုင်းကြောင်း သိရ၍ ပြင်ဆင်ပြီး လိုအပ်သော ပစ္စည်းဝယ်ရန် မိမိအိတ်မဲကြီးအား ကြည့်လိုက်ရာ မရှိတော့ပဲ ကားပေါ်ပါသွားကြောင်း အမှတ်ရတော့သည်။

ငယ်ထိပ် မြွေပေါက်သလိုပ မျက်စေ့များ ပြာဝေသွားတော့သည်။ နမော်နမဲ့နိုင်လှသော မိမိကိုယ်ကိုအပြစ်တင်မိသည်။ ပါဆုံးသွားသောငွေက အရေးမကြီးပါ။ ၁၀- နှစ်ခန့် ကုသထားရသော ဆေးမှတ်တမ်းများ ဆေးစာအုပ်များ ဆရာဝန်ပြရမည့် လောလောဆယ် ဆေးစစ်ချက်များ ပျောက်ဆုံးခြင်းသည် သောက ဒုက္ခ ကိုဖြစ်စေခဲ့သည်။

ကျွန်ုပ် အလွန်ဝမ်းနည်း၍ စိတ်မကောင်းဖြစ်ခဲ့သည်။ ဇနီးသည် မှလည်း ပူဆွေးသောက ရောက်၍ မျက်နှာငြိုးငယ်နေတော့သည်။မည်သို့ လုပ်ရမည် မသိ။ အားလျော့ စိတ်ပျက်စွာ ခေါင်းငိုက်စိုက်ကျ၍ ဆေးရုံမှ ထွက်လာသော အခါ ဆေးရုံ အဝင်ပေါက် အနီး၍ TAXI မောင်း ကားဆရာ အား ဗြုန်းကနဲ မျက်နှာခြင်းဆိုင် တွေ့လိုက်ရသည်။ အမြင်အာရုံနှင့် ဦးနှောက်ထဲမှ လျက်တပြက် လက်လိုက်သလို တောက်ပ၍ ဝမ်းသာအယ်လဲ ဖြစ်မိတော့သည်။

ကားဆရာမှ ကားပေါ်မှာ ကျန်ခဲ့သော အိတ်ပြန်ပေးရန် ဆေးရုံတစ်ခုလုံး လိုက်ရှာခဲ့ကြောင်း ရှာမရလျှင် မူလ ကားငှားသောနေရာသို့ ပြန်၍ စုံစမ်းရန် စိတ်ကူးပြီး ပြန်ထွက်လာခြင်းဖြစ်ကြောင်း ပြောပြသည်။
ကျွန်ုပ် ဘဝ၌ ဖော်မပြနိုင်သော ဝမ်းသာပီတိ များ ခံစားရတော့သည်။

ကားဆရာကို ကျေးဇူးတင်မဆုံး ဖြစ်ပြီး ရိုးသားဖြူစင်၍ မွန်မြတ်သော စိတ်ထား ရှိသူတစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၎င်း အပေါ် တန်ပြန်သော မေတ္တာ စေတနာများ ပေါ်ပေါက်လာခဲ့တော့သည်။၎င်း၏ရိုးသားမှု ကိုယ်ချင်းစာနာတတ်မှု မေတ္တာ စေတနာ ထားမှုတို့ကို ဂုဏ်ပြုလို၍ ကျေးဇူးဆပ်သည့် အနေဖြင့် ငွေအချို့ ပေးအပ်ခဲ့သည်။

သို့သော်၎င်းမှ မယူ။ နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ပေးသော်လည်း လက်မခံ။ ဘယ်လိုလူလဲ။ ရှားပါး လူသားပေလား။ ၎င်းနောက် မိမိထံပြန်လာရသည့် ကြံ့ကြာမှု ထို့အတွက် အသုံးပြုရသည့် ဆီဖိုး ကားခ အဖြစ်လက်ခံရန် အဖန်ဖန် တောင်းပန်သော်လည်း ၎င်းက အိတ်ပြန်ပေးသည့် ကိစ္စနှင့်နွယ်နေသဖြင့် မည်သို့မျှ လက်မခံနိုင်ကြောင်း အချိန်ကုန်ဆီကုန်ခြင်းသည် ၎င်း၏ ဒါနပင်ဖြစ်ကြောင်းပြောဆိုသဖြင့် လောက၌ ဒီလိုလူ ရှိပါသေးလား ဟု တွေးတောပြီး ရင်ထဲ၌ သာဓု အကြိမ်ကြိမ် ခေါ်မိတော့သည်။

‘ဒီလိုလူ ဇမ္ဗူ မှာ ရှိသေးလား’

AA /4484 Taxi ယာဉ်မောင်း ဦးထွန်းဦး ယုဇနဥယျာဉ်မြို့တော် ပိတောက်လမ်း (B) တိုက် (26) အခန်း (404) အား ကျေးဇူးတင် ဂုဏ်ပြု ရေးသားအပ်ပါသည်။၎င်း၏ ဘဝတလျှောက် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံပြီး သူတော်ကောင်းတရားများပွားများနိုင်ပါစေ။

Credit:ဦးလှထွန်း(ပဲခူး)ခေတ္တ သင်္ကန်းကျွန်း

———————-

ဒီလိုလူရွိလား

၁၄-၁၂-၂၀၁၈ ေန႔ နံနက္ ကိုးနာရီခန္႔ ဗဟို အမ်ိဳးသမီးေဆး႐ုံသို့ ကၽြန္ုပ္သြားခဲ့သည္။ ဇနီးဗိုက္ခြဲ၍ ေျမး ၾကယ္စင္ႏွင့္သြား ခဲ့ျခင္းျဖစ္သည္။

ကၽြန္ုပ္ကိုယ္တိုင္က အူမႀကီး ကင္ဆာျဖင့္ ဗိုက္ခြဲထားရၿပီး အရိုး ကင္ဆာ ခံစားေနရသူျဖစ္သည္။ သို့အတြက္ ေျခ ေကာင္းေကာင္း မေထာက္နိုင္ သျဖင့္ ေတာင္ေမႊး အားျပဳ လမ္းေလၽွာက္ရသည္။သကၤန္းကၽြန္းမွ ေဆး႐ုံသို့ TAXI ငွားၿပီးထြက္လာရာ ေသာကေပါင္းစုံျဖင့္ ထူပူေနေတာ့သည္။

သြားေလရာပါ​ေသာ အိတ္နက္ႀကီးအား ကိုင္လ်က္ ၄င္းထဲတြင္ ေဆးအတြက္ သုံးစြဲရန္ေငြ တစ္ဆယ့္ငါးသိန္း အေရးႀကီးေသာ ကၽြန္ုပ္ေရာဂာ၏ ေဆးစာမ်ား ေဆးမွတ္တမ္းမ်ား မွတ္ပုံတင္တို့ ပါရွိေလရာ သတိႏွင့္ အျမဲယူေဆာင္လာခဲ့သည္ ။

ေဆး႐ုံ ဆင္ဝင္ေအာက္ ေရာက္ေသာအခါ ဧည့္ေတြ႕ခ်ိန္ မွီရန္အတြက္ တုတ္ေကာက္တဘက္ေထာက္ ေျမးကိုလက္ဆြဲ၍ ကားေပၚမွ ဆင္းသည္။ဗိုက္ခြဲထားေသာဇနီးထံ ခပ္သုတ္သုတ္ သြားခဲ့သည္။ေဆး႐ုံမွ ဆင္းခိုင္းေၾကာင္း သိရ၍ ျပင္ဆင္ၿပီး လိုအပ္ေသာ ပစၥည္းဝယ္ရန္ မိမိအိတ္မဲႀကီးအား ၾကည့္လိုက္ရာ မရွိေတာ့ပဲ ကားေပၚပါသြားေၾကာင္း အမွတ္ရေတာ့သည္။

ငယ္ထိပ္ ေႁမြေပါက္သလိုပ မ်က္ေစ့မ်ား ျပာေဝသြားေတာ့သည္။ နေမာ္နမဲ့နိုင္လွေသာ မိမိကိုယ္ကိုအျပစ္တင္မိသည္။ ပါဆုံးသြားေသာေငြက အေရးမႀကီးပါ။ ၁၀- ႏွစ္ခန္႔ ကုသထားရေသာ ေဆးမွတ္တမ္းမ်ား ေဆးစာအုပ္မ်ား ဆရာဝန္ျပရမည့္ ေလာေလာဆယ္ ေဆးစစ္ခ်က္မ်ား ေပ်ာက္ဆုံးျခင္းသည္ ေသာက ဒုကၡ ကိုျဖစ္ေစခဲ့သည္။

ကၽြန္ုပ္ အလြန္ဝမ္းနည္း၍ စိတ္မေကာင္းျဖစ္ခဲ့သည္။ ဇနီးသည္ မွလည္း ပူေဆြးေသာက ေရာက္၍ မ်က္ႏွာၿငိဳးငယ္ေနေတာ့သည္။မည္သို့ လုပ္ရမည္ မသိ။ အားေလ်ာ့ စိတ္ပ်က္စြာ ေခါင္းငိုက္စိုက္က်၍ ေဆး႐ုံမွ ထြက္လာေသာ အခါ ေဆး႐ုံ အဝင္ေပါက္ အနီး၍ TAXI ေမာင္း ကားဆရာ အား ျဗဳန္းကနဲ မ်က္ႏွာျခင္းဆိုင္ ေတြ႕လိုက္ရသည္။ အျမင္အာ႐ုံႏွင့္ ဦးေႏွာက္ထဲမွ လ်က္တျပက္ လက္လိုက္သလို ေတာက္ပ၍ ဝမ္းသာအယ္လဲ ျဖစ္မိေတာ့သည္။

ကားဆရာမွ ကားေပၚမွာ က်န္ခဲ့ေသာ အိတ္ျပန္ေပးရန္ ေဆး႐ုံတစ္ခုလုံး လိုက္ရွာခဲ့ေၾကာင္း ရွာမရလၽွင္ မူလ ကားငွားေသာေနရာသို့ ျပန္၍ စုံစမ္းရန္ စိတ္ကူးၿပီး ျပန္ထြက္လာျခင္းျဖစ္ေၾကာင္း ေျပာျပသည္။
ကၽြန္ုပ္ ဘဝ၌ ေဖာ္မျပနိုင္ေသာ ဝမ္းသာပီတိ မ်ား ခံစားရေတာ့သည္။

ကားဆရာကို ေက်းဇူးတင္မဆုံး ျဖစ္ၿပီး ရိုးသားျဖဴစင္၍ မြန္ျမတ္ေသာ စိတ္ထား ရွိသူတစ္ဦးျဖစ္ေၾကာင္း သိရွိရၿပီး ၄င္း အေပၚ တန္ျပန္ေသာ ေမတၱာ ေစတနာမ်ား ေပၚေပါက္လာခဲ့ေတာ့သည္။၄င္း၏ရိုးသားမွု ကိုယ္ခ်င္းစာနာတတ္မွု ေမတၱာ ေစတနာ ထားမွုတို့ကို ဂုဏ္ျပဳလို၍ ေက်းဇူးဆပ္သည့္ အေနျဖင့္ ေငြအခ်ိဳ့ ေပးအပ္ခဲ့သည္။

သို့ေသာ္၄င္းမွ မယူ။ နည္းမ်ိဳးစုံျဖင့္ အႀကိမ္ႀကိမ္ ေပးေသာ္လည္း လက္မခံ။ ဘယ္လိုလူလဲ။ ရွားပါး လူသားေပလား။ ၄င္းေနာက္ မိမိထံျပန္လာရသည့္ ႀကံ့ၾကာမွု ထို့အတြက္ အသုံးျပဳရသည့္ ဆီဖိုး ကားခ အျဖစ္လက္ခံရန္ အဖန္ဖန္ ေတာင္းပန္ေသာ္လည္း ၄င္းက အိတ္ျပန္ေပးသည့္ ကိစၥႏွင့္ႏြယ္ေနသျဖင့္ မည္သို့မၽွ လက္မခံနိုင္ေၾကာင္း အခ်ိန္ကုန္ဆီကုန္ျခင္းသည္ ၄င္း၏ ဒါနပင္ျဖစ္ေၾကာင္းေျပာဆိုသျဖင့္ ေလာက၌ ဒီလိုလူ ရွိပါေသးလား ဟု ေတြးေတာၿပီး ရင္ထဲ၌ သာဓု အႀကိမ္ႀကိမ္ ေခၚမိေတာ့သည္။

‘ဒီလိုလူ ဇမၺဴ မွာ ရွိေသးလား’

AA /4484 Taxi ယာဥ္ေမာင္း ဦးထြန္းဦး ယုဇနဥယ်ာဥ္ၿမိဳ့ေတာ္ ပိေတာက္လမ္း (B) တိုက္ (26) အခန္း (404) အား ေက်းဇူးတင္ ဂုဏ္ျပဳ ေရးသားအပ္ပါသည္။၄င္း၏ ဘဝတေလၽွာက္ စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္း ႏွင့္ျပည့္စုံၿပီး သူေတာ္ေကာင္းတရားမ်ားပြားမ်ားနိုင္ပါေစ။

Credit:ဦးလွထြန္း(ပဲခူး)ေခတၱ သကၤန္းကၽြန္း