လူလုပ်တဲ့အန္တရာယ်နဲ့ သဘာဝဘေးအန္တရာယ်အတွက်လည်း ပြင်ဆင်ပါ…
U Htay Tint
Unicode
လူလုပ်တဲ့အန္တရာယ်နဲ့ သဘာဝဘေးအန္တရာယ်အတွက်လည်း ပြင်ဆင်ပါ…
မြန်မာပြည် မိုးခေါင်ရေရှားဖြစ်ကာ မိုးနောက်ကျလို့ စိုက်ခင်းတွေ ပျက်စီးခဲ့တာ (၃) နှစ်ဆက်တိုက် ရှိလာပါပြီ …။
မြေပြင် အပူချိန်ပြောင်းလဲမှု အပေါ်က ရေငွေ့ပါတဲ့ မုန်တိုင်းလေစီးကြောင်းတွေက မြန်မာပြည်ကို ရေငွေ့ မသယ်ပဲ အိန္ဒိယဖက်ကို သွားနေခဲ့လို့ ဖြစ်ပါတယ် …။
၂၀၂၁ ခုနှစ် တိုင်းတာချက်များအရ လေစီးကြောင်းများ နာရီ လက်တံအတိုင်း လည်ပတ်နေလို့ မြန်မာပြည်ထဲကို ပြင်းထန်တဲ့ မုန်တိုင်းတွေ လာနိုင်သလို …၊
၂၀၁၅ တုံးကလို ရေကြီးနိုင်တဲ့ အခြအနေ တွေ့နေရသလို မိုးဦးလည်း စောနိုင်ပါတယ် …။
အမျှော်အမြင် မရှိသူတွေ ဖုန်းအင်တာနက် သာမက ဝိုင်ဖိုင် အင်တာနက်တွေပါ သုံးခွင့်မပြုရင်
အရေးပေါ်အခြေအနေအတွက် ခန့်မှန်းခက် မသိနိုင်ရင် လူဖန်တီးတဲ့ ဘေးအန္တရာယ် အပြင် မိုးကြီး ရေကြီး တောင်ပြိုကာ လူတွေ ပြေးကြ ပုန်းကြ နဲ့ သေဆုံးမှုတွေ ဖြစ်လာနိုင်ပါတယ် …။
ဘယ်လို အခြအနေ ဖြစ်ပါစေ ကြိုတင် ပြင်ဆင်ထားကြဖို့ လိုပါတယ် …။
အရေးကြီး စာရွတ် စာတမ်းများနဲ့ ငွေသား အနည်းငယ် ကို ပလပ်စတစ်အိပ် ထူထူထဲတွင် ထည့်ထားပါ …။
အခြောက်လှမ်းထားသော စားစရာများ လက်နဲ့ သယ်နိုင်တဲ့ အိပ်တလုံးတွင် ထည့်ထားပါ …။
သုံးနေကြ ဆေးဝါး နဲ့ အရေးပေါ်အတွက် ဆေးဝါးတွေ အတွက်လည်း ပြင်ဆင်ထားပါ …။
လက်နှိပ် ဓါတ်မီး နဲ့ ဓါတ်ခဲ ရှာထားပါ။ နှာခေါင်းစည်း နဲ့ လက်ဆေးဖို့ သယ်သွားပါ …။
အဝတ်အစား ၂ စုံ ရွေးထားပါ။ အမျိုးသမီး ဆိုရင် ရာသီသုံး မမေ့ပါနဲ့ …။
ဖုန်းဓါတ်အား အပိုနဲ့ သွင်းစက် ရေဒီယို နဲ့ ဝီစီ တစ်ခု အိပ်ဆောင်ဓါးသေး တစ်လက် ဖယောင်းတိုင်နဲ့ မီးခြစ် ကြိုတင်ပြင်ဆင်ထားပါနော် …။ ။
U Htay Tint
Be the first to comment
Leave a Reply
Your email address will not be published.
*