ဗိုလ်ချုပ် အောင်ဆန်းသာရှိခဲ့ရင် ”မိုက်လိုက်တာ ငါ့သမီးရယ်”လို့ ပြောမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန် းပြောဆို

ဗိုလ်ချုပ်အောင်ဆန်းဟာ သွေးသားတော်စပ်မှုအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် အောင်ဆန်းဟာ နိုင်ငံတော်ရဲ့ ဖခင်ဖြစ်သလို တပ်မတော်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။

ဒါကြောင့် ခုချိန်မှာ ဗိုလ်ချုပ် အောင်ဆန်းသာ ရှိနေခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကို ” မိုက်လိုက်တာ ငါ့သမီးရယ်”လို့ ပြောနိုင်ကြောင်း ခံစားရတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးအဖြစ် တာဝန် ပေးထားတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက CNN နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။

———————————-


