
အလုပ်ဝင်ပြီး ၄ရက်အကြာမှာ ကောင်တာထဲက ပိုက်ဆံတွေအကုန်လုံးကိုခိုးသွားတဲ့ အမျိုးသမီး
အင်တာတိန့်မန့် တစ်ခုရဲ့ အမျိုးသမီးစာရင်းကိုင် အဖြစ်ဝင်ရောက်လာတဲ့ ၀န်ထမ်းအသစ်ဟာ အလုပ်ဝင်ပြီးလေးရက် အကြာမှာ ကောင်တာထဲက ငွေတွေအကုန်လုံးကို ယူပြီးထွက်ပြေးသွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ မေလ (ယခုလ) ၁၀ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဖြစ်ပွားချိန်ကတော့ ညနေ ၃နာရီ ဘဲဖြစ်ပါ တယ်။အခင်းဖြစ်ရာနေရာကတော့ Woodlands မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ဘဲဖြစ်ပါတယ်။ ခိုးယူထွက်ပြေးသွားတဲ့ အမျိုးသမီးရဲ့ အသက်က ၂၃နှစ်ဖြစ်ပြီးတော့ သူမယူဆောင်သွားတဲ့ ပမာဏကတော့ ဒေါ်လာ ၆၀၀ ၀န်းကျင်လို့သိရ ပါတယ်။ […]