ျပန္လည္သင့္ျမတ္ေရး၊ ေဆြးေႏြးေရးလမ္းကိုပဲ တ႐ုတ္အစိုးရကလည္း တိုက္တြန္း

တ႐ုတ္ျပည္မႀကီး အစိုးရ ႏိုင္ငံျခားေရး ဌာနကလည္း ျမန္မာႏိုင္ငံထဲက အေျခအေနေတြ အေပၚ အင္မတန္ စိုးရိမ္ပူပန္တယ္လို႔ ေျပာရင္း ေတြ႕ဆုံေရးလမ္း ေလွ်ာက္လွမ္းၾကဖို႔ တိုက္တြန္းပါတယ္။

ျမန္မာႏိုင္ငံထဲ ခက္ခက္ခဲခဲ တည္ေဆာက္ ရယူထားႏိုင္ခဲ့တဲ့ ဒီမိုကေရစီ ေဖာ္ေဆာင္ေရး လမ္းေၾကာင္းကို ေရွ႕ဆက္သြားႏိုင္ဖို႔ ေမွ်ာ္လင့္တယ္ ဆိုၿပီး၊ တ႐ုတ္ႏိုင္ငံျခားေရးဌာနရဲ႕ ေျပာခြင့္ရ ဟြာရႈရင္က အခုလို ဆိုပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ ေရရွည္အက်ိဳးကို တြက္ဆၿပီး အဖြဲ႕အားလုံး၊ ဘက္အားလုံး အေနနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြ အျမန္ဆုံး ေဖာ္ေဆာင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ခက္ခက္ခဲခဲ ရယူထားတဲ့ ဒီမိုကေရစီ ေဖာ္ေဆာင္ေရး’ လုပ္ငန္းစဥ္ကို ေရွ႕ဆက္ႏိုင္ေအာင္ ကြဲျပားမႈေတြကို ဖြဲ႕စည္းပုံနည္းက်၊ ဥပေဒမူေဘာင္ေတြ ေအာက္ကေန ညႇိႏႈိင္းၾကပါ” လို႔ ေျပာသြားတာပါ။

“ျမန္မာႏိုင္ငံထဲက အၾကမ္းဖက္မႈေတြ အေပၚ တ႐ုတ္အေနနဲ႔ အင္မတန္ စိုးရိမ္တယ္၊ ဒီလုပ္ရပ္ေတြဟာ ဘယ္သူ႔အတြက္မွ အက်ိဳးမရွိဘူး၊ ခံစားၾကရတာ ျမန္မာျပည္သူေတြပဲ”လို႔လည္း ေျပာခြင့္ရ ဟြာရႈရင္က ထုတ္ျပန္သြားပါတယ္။

—————————-

တရုတ်ပြည်မကြီး အစိုးရ နိုင်ငံခြားရေး ဌာနကလည်း မြန်မာနိုင်ငံထဲက အခြေအနေတွေ အပေါ် အင်မတန် စိုးရိမ်ပူပန်တယ်လို့ ပြောရင်း တွေ့ဆုံရေးလမ်း လျှောက်လှမ်းကြဖို့ တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံထဲ ခက်ခက်ခဲခဲ တည်ဆောက် ရယူထားနိုင်ခဲ့တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းကို ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်တယ် ဆိုပြီး၊ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ဟွာရှုရင်က အခုလို ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးကို တွက်ဆပြီး အဖွဲ့အားလုံး၊ ဘက်အားလုံး အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး ဖော်ဆောင်ဖို့ မျှော်လင့်ပါတယ်။ ခက်ခက်ခဲခဲ ရယူထားတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး’ လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်အောင် ကွဲပြားမှုတွေကို ဖွဲ့စည်းပုံနည်းကျ၊ ဥပဒေမူဘောင်တွေ အောက်ကနေ ညှိနှိုင်းကြပါ” လို့ ပြောသွားတာပါ။

“မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ အပေါ် တရုတ်အနေနဲ့ အင်မတန် စိုးရိမ်တယ်၊ ဒီလုပ်ရပ်တွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ ခံစားကြရတာ မြန်မာပြည်သူတွေပဲ”လို့လည်း ပြောခွင့်ရ ဟွာရှုရင်က ထုတ်ပြန်သွားပါတယ်။