Local News

MEC ကို ဗြိတိန် ဒဏ်ခတ်အရေးယူ

မြန်မာစစ်တပ်နဲ့ဆက်စပ်ပတ်သက်နေတဲ့ စီးပွါးရေးလုပ်ငန်းကြီးတခုကို ဗြိတိန်နိုင်ငံက ကြာသပတေးနေ့မှာ အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပေါ် ဗြိတိန်နိုင်ငံက အခုချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုတွေ ချက်ချင်းအသက်ဝင်မှာဖြစ်ပါတယ်။ ကလေးငယ်တွေအပါအ၀င် အပြစ်မဲ့ပြည်သူတွေကို မဆင်မခြင် သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ရဲ့  အောက်တန်းကျတဲ့လုပ်ရပ်တွေ ပိုဆိုးလာတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကပြောပါတယ်။ မြန်မာ့စီးပွါးရေးလုပ်ငန်းအတော်များများကို ထိန်းချုပ်ထားတဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေကို အရေးယူဒဏ်ခတ်နေတာမှာ ဦးပိုင်ကုမ္ပဏီလီမိတက် (MEHL) ကိုတော့ ဗြိတိန်အစိုးရက အစောပိုင်းကတည်းက […]

Local News

ဒီနေ့ညကစပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲများနှင့် သတိထားစရာများ

ဒီနေ့ တစ်နိုင်ငံလုံးမှာ ရာသီဥတုအပြောင်းအလဲတွေ အများကြီး ဖြစ်ကြမှာပါပဲ။ တချို့မှာ လေပြင်းကျတယ်။တချို့မှာ မိုးကျတယ်။တချို့မှာ မြူထပ်တယ်။ဒီလိုမျိုးပေါ့။ ဘာကြောင့် ရာသီဥတုပြောင်းနေကြသလဲဆိုတာကတော့ အခြားသောဆရာများ တင်နေကြလို့ အတော်များများ သိနေကြပြီလို့ ထင်ပါတယ်။ အခုကျနော်ပြောချင်တာက ဒီနေ့ညကနေစလို့ လေးညနဲ့သုံးရက်လောက်အတွင်းကို သတိထားကြပါ။ အိမ်တွင်းမှာ(အထူးသဖြင့်မိမိအိပ်တဲ့နေရာ)ကို တတ်နိုင်သမျှ လင်းအောင်ထားပါ။ ညနေမှောင်လို့ နေရောင်ပျောက်ပြီဆိုတာနဲ့ ကြွေပန်းကန်လုံးအသေးတစ်ခုထဲကို ဆားတစ်ဝက်လောက်ထည့်ပြီး ဖယောင်းတိုင်အဖြူတစ်တိုင်စိုက်ကာ မီးဖိုဆောင်ထဲမှာ ထွန်းပါ။ ညဘက် သာမန်/ပုံမှန်မဟုတ်တဲ့ အသံတွေ သိသိသာသာ ကြားလာရပါလိမ့်မယ်။ […]

Local News

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်အား အမှုရုပ်သိမ်း

ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုကာ အမှုဖွင့်ခံထားရသည့် အောင်သမာဓိရတနာနှင့် ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးအောင်(ခ)ဦးအောင်ဆန်းဝင်းအား ယမန်နေ့ (မတ် ၃၀ ရက်)က အမှုရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI)ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ၎င်းကို မတ် ၄ ရက် ညပိုင်းတွင် အာဏာပိုင်များက လာရောက်ခေါ်ဆောင်သွားပြီးနောက် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ […]

Local News

လမ်း ၃၀ ၆၈လမ်းနဲ့ လမ်း၇၀ကြားရှိ ဗဟိုအမျိုးသမီးဆေးရုံ ရေခဲတိုက်အတွင်းမှာ

မန္တလေးမြို့၊ လမ်း ၃၀ ၆၈လမ်းနဲ့ လမ်း၇၀ကြားရှိ ဗဟိုအမျိုးသမီးဆေးရုံ ရေခဲတိုက်အတွင်းမှာ မစွန့်ပစ်ဘဲ ထားရှိထားတဲ့ မွေးကင်းစ ကလေးအလောင်း ၁၂၆လောင်းကို မနေ့ မတ်လ ၃၁ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံ ဆရာဝန်အသိုင်းအ၀ိုင်းကတော့ ” ဆေးရုံမှာက ပုံမှန် တစ်လကို ကလေး ၇၀၀ နဲ့ ၉၀၀ ကြား မွေးတယ်၊ သေတာလည်း ၅၀ နီးနီးရှိတယ်၊ အခုက CDM […]

Local News

ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး ကုန်တိုက် မီးလောင်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းထောင့်မှာရှိတဲ့ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး (Gandamar Whole Sale) ကုန်တိုက် ဧပြီလ ၁ ရက် မနက်စောစောက မီးလောင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ “မတ်လ ၃၁ ရက် ညသန်းခေါင်ကျော် လူတွေအိပ်မောကြနေချိန် ကမ္ဘာအေးဘုရားလမ်းမပေါ်က ကျယ်လောင်တဲ့ မီးသတ်ကားဥဩဆွဲသံတွေကို ကြားခဲ့ရပြီး၊ ရုတ်တရက် ဘာဖြစ်မှန်း မသိခဲ့ရဘူး၊ မနက်စောစော ထကြည့်မှ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေးကုန်တိုက်ကြီး မီးလောင်ထားတာ တွေ့ရတယ်” လို့ […]

International News

မြန်မာအပေါ် ဒဏ်ခတ်အရေးယူမယ့်ကိစ္စ လုံခြုံရေးကောင်စီမှာ တရုတ်ပယ်ချ

မြန်မာနိုင်ငံရဲ့  အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး မတ်လ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးအစည်းအဝေးမှာ မြန်မာကိုဒဏ်ခတ်အရေး ယူဖို့ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးအတွက် ဘက်ပေါင်းစုံပါဝင်ပြီး တည်ငြိမ်အေးချမ်းမှုရအောင် ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်လို့လည်း တရုတ်နိုင်ငံရဲ့  ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Zhang Jun ကပြောပါတယ်။ မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေပါတယ်ဆိုတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းက ပြည်သူလူထုနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် တိုက်ခိုက်တဲ့ဘယ်လိုလုပ်ရပ်မျိုးကိုမဆို လက်မခံနိုင်ဘူးလို့လည်း ပြောပါတယ်။ မြန်မာ့လက်ရှိအခြေအနေကို […]