သံ႐ုံးဝန္ထမ္းေတြ ထြက္ခြာၾကဖို႔ အေမရိကန္ နိုင္ငံျခားေရးဌာန ညႊန္ၾကား

ျမန္မာနိုင္ငံမွာ ဆိုးရြားလာေနတဲ့ လုံျခဳံေရး အေျခအေနေၾကာင့္ အေရးေပၚတာဝန္ ထမ္းေဆာင္ဖို႔ မလိုအပ္တဲ့ အေမရိကန္ သံ႐ုံး ဝန္ထမ္းေတြနဲ႔ မိသားစုဝင္ေတြ ျမန္မာနိုင္ငံက ထြက္ခြာၾကဖို႔ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာနက ညႊန္ၾကားခ်က္ ထုတ္ျပန္လိုက္ပါတယ္။

သံ႐ုံးကိုေတာ့ ဆက္လက္ဖြင့္ထားမွာ ျဖစ္ၿပီး ျမန္မာျပည္သူေတြကို ဆက္လက္ေထာက္ခံ အားေပးသြားမွာျဖစ္ေၾကာင္း အေမရိကန္သံ႐ုံးက မတ္လ ၃၁ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အေမရိကန္နိုင္ငံသားေတြ ျမန္မာနိုင္ငံကို ခရီးမသြားၾကဖို႔ မတ္လ ၃ဝ ရက္ေန႔မွာ အေမရိကန္နိုင္ငံျခားေရးဌာနက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ကိုဗစ္ အႏၲရာယ္အျပင္ ျမန္မာနိုင္ငံတြင္းက ျပည္တြင္းမၿငိမ္သက္မွုေတြ၊ လက္နက္ကိုင္ အၾကမ္းဖက္မွုေတြေၾကာင့္ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ ေဒသေတြကို ခရီးမသြားၾကဖို႔ အျမင့္ဆုံး သတိေပးခ်က္ “အဆင့္-၄” အျဖစ္ သတ္မွတ္ၿပီး ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

—————————

မြန်မာနိုင်ငံမှာ ဆိုးရွားလာနေတဲ့ လုံခြုံရေး အခြေအနေကြောင့် အရေးပေါ်တာဝန် ထမ်းဆောင်ဖို့ မလိုအပ်တဲ့ အမေရိကန် သံရုံး ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ မြန်မာနိုင်ငံက ထွက်ခွာကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

သံရုံးကိုတော့ ဆက်လက်ဖွင့်ထားမှာ ဖြစ်ပြီး မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်ကြောင်း အမေရိကန်သံရုံးက မတ်လ ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ မတ်လ ၃ဝ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကိုဗစ် အန္တရာယ်အပြင် မြန်မာနိုင်ငံတွင်းက ပြည်တွင်းမငြိမ်သက်မှုတွေ၊ လက်နက်ကိုင် အကြမ်းဖက်မှုတွေကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒေသတွေကို ခရီးမသွားကြဖို့ အမြင့်ဆုံး သတိပေးချက် “အဆင့်-၄” အဖြစ် သတ်မှတ်ပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။