လှိုင်သာယာ၏ လှုပ်နှိုးခြင်း ခံလိုက်ရသော တရုတ်နဂါးကြီး အမောက်ထောင်လာပြီ

ယမန်နေ့က တရုတ်ပိုင် စက်ရုံ ၃၂ ရုံ ဖျက်ဆီးခြင်း ခံလိုက်ရပြီဟု တရုတ် သတင်းမီဒီယာ များက ဖေါ်ပြလာ ကြပြီး အမေရိကန် ဒေါ်လာ ၃၂ သန်း ခန့် ဆုံးရှုံးသွားသည်ဟု ဆိုသည်။ ၎င်းတို့ ပြောဆိုချက်အတွက် သက်သေ အထောက်အထားများ မတွေ့ရသေးသော်လည်း အဆိုပါ သတင်း အပေါ် တရုတ် နိုင်ငံပိုင် CGTN ရုပ်သံ မှ First Voice ဟု ဆိုကာ ဝေဖန်ချက် ထုတ်ပြန်လာခဲ့သည်။

ထိုအထဲတွင် မြန်မာအာဏာပိုင်များက တရုတ်နိုင်ငံသားများ နှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ခြင်း မရှိ သဖြင့် ပို၍ ဆိုးလာပါက ၎င်းတို့ အနေဖြင့် မဖြစ်မနေ ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်ရတော့ မည်ဟု ရာဇသံ ပေးသည့် စကား ပါရှိလာခဲ့ပေသည်။

တရုတ်သည် မြန်မာ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်သည်ဟု ပြောနေသော်လည်း ၎င်းတို့ အကျိုးစီးပွားကို ထိပါးလာသည့်အခါတွင်တော့ ဝင်ရောက်စွက်ဖက်တော့မည်ဟု ဗြောင်ကျကျ စတင် ပြောဆိုလာခဲ့သည့် နိုင်ငံ အဖြစ် ထွက်ပေါ်လာခဲ့ပေပြီ။

တရုတ်တို့ အဖို့ ပို၍ သိက္ခာကျစရာ ဖြစ်လာရပြန်သည်မှာ တိုင်ဝမ် ပိုင် စက်ရုံများကို တရုတ်ပိုင် ဟု ထင်မှတ် ခံရမည်စိုး၍ တိုင်ဝမ် အလံ လွှင့်ထူထားကြရန် နှင့် စာဖြင့် ရေးပြီး ကပ်ထားရန် ရန်ကုန်ရှိ တိုင်ဝမ် ဆက်ဆံရေး ရုံးက သူတို့၏ ကုမ္ပဏီများကို အကြံပေးစာ ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားကလည်း အလားတူ အကြံ ပေးလာခဲ့သည်။

တရုတ်တို့ ဖက်မှ စက်ရုံများ ဖျက်ဆီးခံရသည် ဆိုသော်လည်း ၎င်းတို့ အပြောကို ထောက်ခံသည့် သက်သေ အထောက်အထားများ မတွေ့ရ၊ ဤသည်က တရုတ်တို့ မှ အကျပ်အတည်း ကျလာသည့် အခါတိုင်း Wolf Warrior Diplomacy ဟု ထင်ရှားသည့် နိုင်ငံခြားရေး မူဝါဒကို ထုတ်သုံးလာခြင်းဟု ပြော၍ရပေသည်။

ဆိုလိုသည်က မိမိတို့ အကျိုးစီးပွားကို ခြိမ်းခြောက်ခံရသည်ဟု ယူဆတိုင်း ပြည်တွင်းရေးဟု မယူဆတော့ပဲ အင်အားအသုံးပြုမည် ဆိုကာ နိုင်ငံတနိုင်ငံ၏ အနေအထားကို ပျက်ပြားစေရန် ရည်ရွယ်ပြီး တရုတ်အစိုးရ မီဒီယာ များ နှင့် ဆိုရှယ်မီဒီယာ များ မှတဆင့် ခြိမ်းခြောက်လာခြင်းပင် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ လက်ရှိ အနေအထားအရ တရုတ်တို့ ဝင်ရောက် စွက်ဖက်လာမည့် အလားအလာမှာ များလာ နေပြီဟု ယူဆမိသည်။ သို့သော် မည်သည့် အနေအထား ဖြင့် ပတ်သက်လာမည် ဆိုသည်ကား မသဲကွဲလှပေ။

မင်းအောင်လှိုင်၏အာဏာသိမ်း အဖွဲ့ကို ကျားကန်ပေးသည့် ပုံစံမျိုးလော၊ သို့မဟုတ် ပြည်တွင်း တွင် တည်ငြိမ်မှု အနေအထားကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိတော့ဟု ယူဆပြီး လျှပ်တပြက် စစ်ဆင်ရေး မျိုး ဖြင့် အာဏာသိမ်း အဖွဲ့ကို ဖယ်ရှားပြစ်မည်လော။ သို့မဟုတ်ပါက နိုင်ငံတွင်း အခြေအနေများ ဒီထက် ဆိုးမလာရန် ဘီဂျင်းရှိ ခေါင်းဆောင်ပိုင်း အနေနှင့် အာဏာသိမ်း အဖွဲ့ကို နိုင်ငံရေး အရ အဖြေရှာရန် ပို၍ တွန်းတွန်းတိုက်တိုက် လုပ်လာမည်လော။

ပထမ အချက် ဆိုလျှင် မြန်မာ ပြည် အနေအထားသည် ပြည်ပ လက်အောက်ခံ ဘဝကို မလွှဲမသေ ရောက်ရှိ သွားရပြီ ဖြစ်သဖြင့် မင်းအောင်လှိုင် မျှော်လင့်နေသလို ဆက်လက် အသက်ဆက်နိုင်ဖို့ ဖြစ်မလာသည့်အပြင် စစ်တပ် အတွင်း ကြိမ်းသေပေါက် ပြိုကွဲကာ ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်ပြီး အမေရိကန် နှင့် ဒေသတွင်း မဟာမိတ်များကလည်း ဝင်ရောက်စွက်ဖက် တော့မည် ဖြစ်သည်။

ဒုတိယ အချက် သည် ပထမ အချက်လောက် မဆိုးလှသော်လည်း ကောင်းသည်ဟူတော့ ပြော၍ မရပေ။ တရုတ်အနေနှင့် ပေးဆပ်ထားရသမျှကို ပြန်လည် တောင်းခံမည် ဖြစ်ပြီး၊ အစိုးရ အဖို့ ပုံရိပ် ကောင်းလာနိုင်ခြင်း မရှိ။ မဆိုးလှသည့် အချက်မှာ ပြည်သူများ သေကြေနေမှု ရပ်ဆိုင်းသွားမည့် အရေးပင် ဖြစ်သည်။

တရုတ်သည် မင်းအောင်လှိုင်ကို လိုလာခြင်း မရှိသည်မှာ ထင်ရှားသော်လည်း တဖက်တွင် ၎င်းတို့၏ အိမ်နောက် ဖေး၌ လူထု လှုပ်ရှားမှု အသွင်ဖြင့် အာဏာပိုင်များကို ဖြုတ်ချ နိုင်ခဲ့ပြီ ဆိုသည့် အတွေး အခေါ်များ ၎င်းတို့နိုင်ငံ သားများထံ ကူးစက်လာမည့် အရေးကို လွန်စွာ စိုးရိမ်ထိတ်လန့်နေကြသည်။

ရှစ်လေးလုံး အရေးတော်ပုံကြီး နှင့် လ အနည်းငယ်သာ ခြားကာ တရုတ် ကျောင်းသားများ၏ တီယန်မင် အရေးအခင်းကြီး ပေါ်ပေါက်လာခဲ့ရ သည်ကို အမှတ်ရနေဆဲ ဖြစ်နေလျှင် ဤအချက်မှာ ဖြစ်လာဖို့ အလားအလာ နည်းနေသည်။

တတိယ အချက်သည်ကား လက်ရှိတွင် ဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။ မြန်မာ အရေးတွင် တရုတ်သည် ဗြောင်ကျကျ စွက်ဖက်သည့် လမ်းကို ရွေးချယ်ပါက အာဆီယံ နိုင်ငံများ အပါအဝင် ဒေသတွင်း နိုင်ငံများ၏ ဆန့်ကျင်ခြင်းကို ခံရတော့မည် ဖြစ်သည်။

လက်ရှိတွင် တရုတ်သံရုံး၏ ကြေညာချက်သည် ရာနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသူများ အပေါ် စာနာစိတ် အလျှင်း မရှိ၊ အတ္တကြီးသူ မိမိတို့ အကျိုးစီးပွားကိုသာ ကြည့်သူများအဖြစ် လူထု၏ မုန်းတီးခြင်းကို ပို၍ ပြင်းထန်လာအောင် ဆွပေးလိုက်သလို ဖြစ်သွားရသည်က အဖတ်တင်သွားခဲ့ရသည်။

တရုတ် ၏ ကြေညာချက်သည် ပြည်သူများကို တိုး၍ သတ်ဖြတ်ရန် အချက်ပေးသည့် စကားဟုပင် ဧရာဝတီ သတင်းတွင် သုံးသပ်ထားသည်။ ပြည်သူများက တရုတ် တို့၏ ရင်းနှီးမြှုပ်နှံမှုများ နှင့် ထုတ်ကုန်များကို သပိတ်မှောက်ကြရန် လှုံ့ဆော် လာနေကြပြီ ဖြစ်သည်။ သို့သော် တရုတ်တို့သည် မိမိတို့ အပြစ်ကို မိမိတို့ သုံးသပ်နိုင်ခြင်း မရှိကာ ပြည်တွင်းတွင် တရုတ် မုန်းတီးရေး နှင့် အကျိုးစီးပွား ပျက်စီးအောင် ပြည်ပမှ လှုံ့ဆော်ပေးနေခြင်းကြောင့် ဖြစ်သည်ဟု ရေးသားလာကြသည်။

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ၏ လုပ်ရပ်များက နဂိုကပင် မာရှယ်လောထက် ရက်စက်ကြမ်းကြုတ်နေပြီ ဖြစ်သော်လည်း တရုတ် အလိုကျ ရန်ကုန် တိုင်း အတွင်း မြို့နယ် ၆ မြို့နယ် နှင့် မန္တလေး တိုင်းတွင် ၅ မြို့နယ် အတွက် မာရှယ်လော ထုတ်ပြန်လာခဲ့သည်။

ပြည်သူများက နောက်တွန့်ဖို နေနေသာသာ ထုတ်ပြန်ခြင်း မခံရသော မြို့နယ် ရှိ လူထုကြီးက ၎င်းတို့၏ တော်လှန်‌ရေးသည် အထုတ်ခံရသော မြို့နယ် များလောက် ပြောင်မြောက်ခြင်း မရှိ၍လောဟုပင် အားငယ် လာကြသည်။ လှိုင်သာယာ ရှိ ပြည်သူများပင် အင်အား အလုံးအရင်းနှင့် လမ်းပေါ်ထွက်ပြီး ဆက်လက် ဆန္ဒပြခဲ့ကြသည်ကို လေးစားဖွယ် တွေ့မြင်ရပေသည်။

ဘိုင်ဒင် အစိုးရ၏ ထိပ်တန်း အရာရှိကြီးများ ဖြစ်သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး နှင့် ကာကွယ်ရေး ဝန်ကြီး နှစ်ဦးစလုံးသည် ဂျပန်၊ တောင်ကိုရီယား နှင့် အိန္ဒိယ နိုင်ငံများသို့ ခရီးထွက်ပြီး ဘုံအန္တရာယ်ကြီးကို စုပေါင်း ကာကွယ်နိုင်ရေး အတွက် ဒေသတွင်း နိုင်ငံများ နှင့် မဟာမိတ် ဖွဲ့ရန် ဟူ၍ ပြောဆိုလာခဲ့ကြသည်။

ထို့နောက်တွင် ၎င်းတို့ နှစ်ဦးသည် ဝမ်ယီ အပါအဝင် တရုတ် ထိပ်တန်း အရာရှိကြီးများ နှင့် အလက်ဆကာ ရှိ အင်ကာရပ်ချ် တွင် လူချင်း တွေ့ဆုံ ဆွေးနွေးရန် ရှိနေသည်ဟု ဆိုသည်။
မြန်မာ အနေအထားသည် အမေရိကန် တို့ဖက်မှ လက်ဦးမှု ယူနိုင်ခြင်းမရှိ တုန့်နှေးနေမည် ဆိုလျှင် ဆီရီးယား ပြည်တွင်းစစ်တွင် ရုရှားတို့ ဝင်ကူခဲ့သည့် အတွက် နေ့လားညလား ဖြစ်နေသော သမ္မတ အာဆတ် တယောက် ယခုတိုင် သက်ဆိုး ရှည်နေသည့် နမူနာ များက ရှိနေပြီး ဖြစ်သည်။

သို့သော် တရုတ် အစိုးရ အဖို့ ရုရှား ကဲ့သို့ မဟုတ်၍ ကမ္ဘာတဝှမ်းတွင် စီးပွားရေး အရ နယ်ချဲ့လိုသော ရည်ရွယ် ချက်များ ရှိနေသဖြင့် လူသတ် အာဏာသိမ်း အဖွဲ့ကို အကာအကွယ် ပေးနေသည့် လုပ်ရပ်က ၎င်းတို့ အတွက် ကြီးမားစွာ ရိုက်ခတ်ခံရမည့် အရေး ကို ထည့်သွင်း စဉ်းစားကြမည်လည်း ဖြစ်သည်။

ဒေါက်တာ ဆာဆာ က တော့ မင်းအောင်လှိုင်သည် ကဒါဖီ၊ ဆက်ဒမ်ဟူစိန် နှင့် အိုစမာ ဘင်လေဒင်တို့ ၏ သွားရာလမ်း သို့ ဦးတည်နေပြီ ဖြစ်သည်ဟု စကိုင်းနယူးစ် နှင့် တွေ့ဆုံခန်းတွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ မှ ထုတ်ပြန်ချက်အရ ယခုအချိန်အထိ သေဆုံးသွားသူ စုစုပေါင်း ၁၃၈ ဦး ရှိလာပြီ ဟု သိရပြီး တနင်္လာနေ့တွင် စစ်တပ် လက်ချက်ကြောင့် မန္တလေး၊ မြင်းခြံ နှင့် အောင်လံ မြို့များ တွင် နောက်ထပ် ၁၅ ဦး ထပ်မံ ကျဆုံးသွားခဲ့သော်လည်း ပြည်သူများ၏ ဆန့်ကျင် အုံကြွနေမှုများမှာ ကမ္ဘာတဝှမ်းက အံ့အားသင့်စရာ ကောင်းလှအောင် လျော့ကျသွားခြင်း မရှိခဲ့ပေ။

ကုလ အတွင်းရေးမှူးချုပ်က ကမ္ဘာနိုင်ငံများ သွေးစည်း ညီညွတ်စွာ ဖြင့် မြန်မာပြည်သူများကို အကူအညီ ပေးကြ ပါရန် ပန်ကြားလိုက်သည်ဟု ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က ဆိုသည်။ ပြည်သူများအတွက် မထင်မှတ်သော အလေးသာမှုများက အချိန် နှင့် မရွေး ဖြစ်ပေါ်လာနိုင်ပေသည်။

Fortify Rights လူ့အခွင့်အရေး အဖွဲ့ကြီး မှ စစ်အာဏာသိမ်းသူများ သည် နေ့စဉ်နှင့် အမျှ လူသတ်မှု ကျူးလွန် လာနေသဖြင့် ကုလ အထွေထွေ ညီလာခံ အရေးပေါ် အထူး အစည်း အဝေးကြီး ခေါ်ယူပြီး လိုအပ်သည့် အရေး ယူမှုများ ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ လုံခြုံရေး ကောင်စီ တွင် တရုတ် နှင့် ရုရှား တို့၏ ဗီတို အာဏာများ ရှိနေသဖြင့် ယခုအချိန်အထိ ကြေညာချက် နှစ်ခုသာ ထုတ်ပြန်နိုင်ပေသေးသည်။

ထိုအနေအထားကို ကျော်လွန်၍ ကုလ အထွေထွေ ညီလာခံကြီးအား လုပ်ပိုင်ခွင့် အပြည့်ပေးထားသည့် Uniting for Peace ဆိုသည့် ၁၉၄၇ က ဆိုဗီယက် ဗီတိုကို ကျော်လွှားနိုင်ရန် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်သင့်သည်ဟု တောင်းဆို သည့် ကြေညာချက် ကို ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။ ထိုသို့ သော အစည်းအဝေး ကျင်းပရန် မည်သည့် နိုင်ငံကမဆို တောင်းဆိုခွင့် ရှိပြီး နိုင်ငံအများစုက သဘောတူလျှင် နှစ်ဆယ့် လေးနာရီအတွင်း ကျင်းပပေးရန် တာဝန် ရှိနေသည်။

ထိုအစည်းအဝေးမျိုးကို ယခုအချိန်အထိ ဆယ်ကြိမ်သာ ကျင်းပခဲ့ပြီး ဖြစ်သော်လည်း လေးကြိမ်တွင် လက်နက် ရောင်းချမှု ပိတ်ဆို့ခြင်း၊ နှစ်ကြိမ်တွင် စီးပွားရေးအရ အလုံးစုံ ပိတ်ဆို့ အရေး ယူခြင်း နှင့် တကြိမ်တွင် ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ စေလွှတ်ရန် ဆုံးဖြတ်ချက်များ ချမှတ် အရေးယူနိုင်ခဲ့သည့် အစဉ်အလာများ ရှိနေပြီး ဖြစ်သည်။

ယခုအခါ တရုတ်က ဗြောင်ကျကျ ဝင်ရောက် စွက်ဖက်လာမည့် အရေး နှင့် မင်းအောင်လှိုင် ၏ အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နိုင်စွမ်း မရှိတော့သည့် အဖြစ်ကို တွေ့မြင်လာနေရသည့်အတွက် တပ်တွင်း တွင် စိတ်ဓါတ်များ ချောက်ချားလာနေပြီး မိမိတို့ အဖို့ ယခုလို လမ်းပေါ်တွင်လူများကို နေ့စဉ်လို ပစ်ခတ်

သတ်ဖြတ် နေရတော့မည်လား ဟု မေးခွန်းများ သေချာပေါက် ထွက်ပေါ်လာနေပြီ ဖြစ်သည်။
မင်းအောင်လှိုင် အဖို့လည်း လက်ရှိ အကျပ်အတည်းကို အခြားနည်းလမ်းဖြင့် ရုန်းထွက် နိုင်အောင် စဉ်းစား ကြံဆနိုင်သူ မဟုတ်မှန်းလည်း တနေ့တခြား သိသာလာနေရသည်။

အရေးတော်ပုံ အောင်ရမည်!!!  Hla Soewai

ယမန္ေန႔က တ႐ုတ္ပိုင္ စက္႐ုံ ၃၂ ႐ုံ ဖ်က္ဆီးျခင္း ခံလိုက္ရၿပီဟု တ႐ုတ္ သတင္းမီဒီယာ မ်ားက ေဖၚျပလာ ၾကၿပီး အေမရိကန္ ေဒၚလာ ၃၂ သန္း ခန႔္ ဆုံးရႈံးသြားသည္ဟု ဆိုသည္။ ၎တို႔ ေျပာဆိုခ်က္အတြက္ သက္ေသ အေထာက္အထားမ်ား မေတြ႕ရေသးေသာ္လည္း အဆိုပါ သတင္း အေပၚ တ႐ုတ္ ႏိုင္ငံပိုင္ CGTN ႐ုပ္သံ မွ First Voice ဟု ဆိုကာ ေဝဖန္ခ်က္ ထုတ္ျပန္လာခဲ့သည္။

ထိုအထဲတြင္ ျမန္မာအာဏာပိုင္မ်ားက တ႐ုတ္ႏိုင္ငံသားမ်ား ႏွင့္ အက်ိဳးစီးပြားကို ကာကြယ္ေပးႏိုင္ျခင္း မရွိ သျဖင့္ ပို၍ ဆိုးလာပါက ၎တို႔ အေနျဖင့္ မျဖစ္မေန ထိထိေရာက္ေရာက္ ျဖစ္ေအာင္ ေဆာင္႐ြက္ရေတာ့ မည္ဟု ရာဇသံ ေပးသည့္ စကား ပါရွိလာခဲ့ေပသည္။

တ႐ုတ္သည္ ျမန္မာ၏ ျပည္တြင္းေရး သက္သက္သာ ျဖစ္သည္ဟု ေျပာေနေသာ္လည္း ၎တို႔ အက်ိဳးစီးပြားကို ထိပါးလာသည့္အခါတြင္ေတာ့ ဝင္ေရာက္စြက္ဖက္ေတာ့မည္ဟု ေျဗာင္က်က် စတင္ ေျပာဆိုလာခဲ့သည့္ ႏိုင္ငံ အျဖစ္ ထြက္ေပၚလာခဲ့ေပၿပီ။

တ႐ုတ္တို႔ အဖို႔ ပို၍ သိကၡာက်စရာ ျဖစ္လာရျပန္သည္မွာ တိုင္ဝမ္ ပိုင္ စက္႐ုံမ်ားကို တ႐ုတ္ပိုင္ ဟု ထင္မွတ္ ခံရမည္စိုး၍ တိုင္ဝမ္ အလံ လႊင့္ထူထားၾကရန္ ႏွင့္ စာျဖင့္ ေရးၿပီး ကပ္ထားရန္ ရန္ကုန္ရွိ တိုင္ဝမ္ ဆက္ဆံေရး ႐ုံးက သူတို႔၏ ကုမၸဏီမ်ားကို အႀကံေပးစာ ထုတ္ျပန္ခဲ့သည္။ ေတာင္ကိုရီးယားကလည္း အလားတူ အႀကံ ေပးလာခဲ့သည္။

တ႐ုတ္တို႔ ဖက္မွ စက္႐ုံမ်ား ဖ်က္ဆီးခံရသည္ ဆိုေသာ္လည္း ၎တို႔ အေျပာကို ေထာက္ခံသည့္ သက္ေသ အေထာက္အထားမ်ား မေတြ႕ရ၊ ဤသည္က တ႐ုတ္တို႔ မွ အက်ပ္အတည္း က်လာသည့္ အခါတိုင္း Wolf Warrior Diplomacy ဟု ထင္ရွားသည့္ ႏိုင္ငံျခားေရး မူဝါဒကို ထုတ္သုံးလာျခင္းဟု ေျပာ၍ရေပသည္။

ဆိုလိုသည္က မိမိတို႔ အက်ိဳးစီးပြားကို ၿခိမ္းေျခာက္ခံရသည္ဟု ယူဆတိုင္း ျပည္တြင္းေရးဟု မယူဆေတာ့ပဲ အင္အားအသုံးျပဳမည္ ဆိုကာ ႏိုင္ငံတႏိုင္ငံ၏ အေနအထားကို ပ်က္ျပားေစရန္ ရည္႐ြယ္ၿပီး တ႐ုတ္အစိုးရ မီဒီယာ မ်ား ႏွင့္ ဆိုရွယ္မီဒီယာ မ်ား မွတဆင့္ ၿခိမ္းေျခာက္လာျခင္းပင္ ျဖစ္သည္။

မည္သို႔ပင္ ျဖစ္ေစ လက္ရွိ အေနအထားအရ တ႐ုတ္တို႔ ဝင္ေရာက္ စြက္ဖက္လာမည့္ အလားအလာမွာ မ်ားလာ ေနၿပီဟု ယူဆမိသည္။ သို႔ေသာ္ မည္သည့္ အေနအထား ျဖင့္ ပတ္သက္လာမည္ ဆိုသည္ကား မသဲကြဲလွေပ။

မင္းေအာင္လႈိင္၏အာဏာသိမ္း အဖြဲ႕ကို က်ားကန္ေပးသည့္ ပုံစံမ်ိဳးေလာ၊ သို႔မဟုတ္ ျပည္တြင္း တြင္ တည္ၿငိမ္မႈ အေနအထားကို ေဖၚေဆာင္ေပးႏိုင္ျခင္း မရွိေတာ့ဟု ယူဆၿပီး လွ်ပ္တျပက္ စစ္ဆင္ေရး မ်ိဳး ျဖင့္ အာဏာသိမ္း အဖြဲ႕ကို ဖယ္ရွားျပစ္မည္ေလာ။ သို႔မဟုတ္ပါက ႏိုင္ငံတြင္း အေျခအေနမ်ား ဒီထက္ ဆိုးမလာရန္ ဘီဂ်င္းရွိ ေခါင္းေဆာင္ပိုင္း အေနႏွင့္ အာဏာသိမ္း အဖြဲ႕ကို ႏိုင္ငံေရး အရ အေျဖရွာရန္ ပို၍ တြန္းတြန္းတိုက္တိုက္ လုပ္လာမည္ေလာ။

ပထမ အခ်က္ ဆိုလွ်င္ ျမန္မာ ျပည္ အေနအထားသည္ ျပည္ပ လက္ေအာက္ခံ ဘဝကို မလႊဲမေသ ေရာက္ရွိ သြားရၿပီ ျဖစ္သျဖင့္ မင္းေအာင္လႈိင္ ေမွ်ာ္လင့္ေနသလို ဆက္လက္ အသက္ဆက္ႏိုင္ဖို႔ ျဖစ္မလာသည့္အျပင္ စစ္တပ္ အတြင္း ႀကိမ္းေသေပါက္ ၿပိဳကြဲကာ ျပည္တြင္းစစ္ႀကီး ျဖစ္လာႏိုင္ၿပီး အေမရိကန္ ႏွင့္ ေဒသတြင္း မဟာမိတ္မ်ားကလည္း ဝင္ေရာက္စြက္ဖက္ ေတာ့မည္ ျဖစ္သည္။

ဒုတိယ အခ်က္ သည္ ပထမ အခ်က္ေလာက္ မဆိုးလွေသာ္လည္း ေကာင္းသည္ဟူေတာ့ ေျပာ၍ မရေပ။ တ႐ုတ္အေနႏွင့္ ေပးဆပ္ထားရသမွ်ကို ျပန္လည္ ေတာင္းခံမည္ ျဖစ္ၿပီး၊ အစိုးရ အဖို႔ ပုံရိပ္ ေကာင္းလာႏိုင္ျခင္း မရွိ။ မဆိုးလွသည့္ အခ်က္မွာ ျပည္သူမ်ား ေသေၾကေနမႈ ရပ္ဆိုင္းသြားမည့္ အေရးပင္ ျဖစ္သည္။

တ႐ုတ္သည္ မင္းေအာင္လႈိင္ကို လိုလာျခင္း မရွိသည္မွာ ထင္ရွားေသာ္လည္း တဖက္တြင္ ၎တို႔၏ အိမ္ေနာက္ ေဖး၌ လူထု လႈပ္ရွားမႈ အသြင္ျဖင့္ အာဏာပိုင္မ်ားကို ျဖဳတ္ခ် ႏိုင္ခဲ့ၿပီ ဆိုသည့္ အေတြး အေခၚမ်ား ၎တို႔ႏိုင္ငံ သားမ်ားထံ ကူးစက္လာမည့္ အေရးကို လြန္စြာ စိုးရိမ္ထိတ္လန႔္ေနၾကသည္။

ရွစ္ေလးလုံး အေရးေတာ္ပုံႀကီး ႏွင့္ လ အနည္းငယ္သာ ျခားကာ တ႐ုတ္ ေက်ာင္းသားမ်ား၏ တီယန္မင္ အေရးအခင္းႀကီး ေပၚေပါက္လာခဲ့ရ သည္ကို အမွတ္ရေနဆဲ ျဖစ္ေနလွ်င္ ဤအခ်က္မွာ ျဖစ္လာဖို႔ အလားအလာ နည္းေနသည္။

တတိယ အခ်က္သည္ကား လက္ရွိတြင္ ျဖစ္ႏိုင္ေခ် အမ်ားဆုံး ျဖစ္သည္။ ျမန္မာ အေရးတြင္ တ႐ုတ္သည္ ေျဗာင္က်က် စြက္ဖက္သည့္ လမ္းကို ေ႐ြးခ်ယ္ပါက အာဆီယံ ႏိုင္ငံမ်ား အပါအဝင္ ေဒသတြင္း ႏိုင္ငံမ်ား၏ ဆန႔္က်င္ျခင္းကို ခံရေတာ့မည္ ျဖစ္သည္။

လက္ရွိတြင္ တ႐ုတ္သံ႐ုံး၏ ေၾကညာခ်က္သည္ ရာႏွင့္ခ်ီ၍ အသက္ဆုံးရႈံးခဲ့ရသူမ်ား အေပၚ စာနာစိတ္ အလွ်င္း မရွိ၊ အတၱႀကီးသူ မိမိတို႔ အက်ိဳးစီးပြားကိုသာ ၾကည့္သူမ်ားအျဖစ္ လူထု၏ မုန္းတီးျခင္းကို ပို၍ ျပင္းထန္လာေအာင္ ဆြေပးလိုက္သလို ျဖစ္သြားရသည္က အဖတ္တင္သြားခဲ့ရသည္။

တ႐ုတ္ ၏ ေၾကညာခ်က္သည္ ျပည္သူမ်ားကို တိုး၍ သတ္ျဖတ္ရန္ အခ်က္ေပးသည့္ စကားဟုပင္ ဧရာဝတီ သတင္းတြင္ သုံးသပ္ထားသည္။ ျပည္သူမ်ားက တ႐ုတ္ တို႔၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ႏွင့္ ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ၾကရန္ လႈံ႕ေဆာ္ လာေနၾကၿပီ ျဖစ္သည္။ သို႔ေသာ္ တ႐ုတ္တို႔သည္ မိမိတို႔ အျပစ္ကို မိမိတို႔ သုံးသပ္ႏိုင္ျခင္း မရွိကာ ျပည္တြင္းတြင္ တ႐ုတ္ မုန္းတီးေရး ႏွင့္ အက်ိဳးစီးပြား ပ်က္စီးေအာင္ ျပည္ပမွ လႈံ႕ေဆာ္ေပးေနျခင္းေၾကာင့္ ျဖစ္သည္ဟု ေရးသားလာၾကသည္။

အာဏာသိမ္း အဖြဲ႕သည္ ၎တို႔ ၏ လုပ္ရပ္မ်ားက နဂိုကပင္ မာရွယ္ေလာထက္ ရက္စက္ၾကမ္းၾကဳတ္ေနၿပီ ျဖစ္ေသာ္လည္း တ႐ုတ္ အလိုက် ရန္ကုန္ တိုင္း အတြင္း ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ ႏွင့္ မႏၲေလး တိုင္းတြင္ ၅ ၿမိဳ႕နယ္ အတြက္ မာရွယ္ေလာ ထုတ္ျပန္လာခဲ့သည္။

ျပည္သူမ်ားက ေနာက္တြန႔္ဖို ေနေနသာသာ ထုတ္ျပန္ျခင္း မခံရေသာ ၿမိဳ႕နယ္ ရွိ လူထုႀကီးက ၎တို႔၏ ေတာ္လွန္‌ေရးသည္ အထုတ္ခံရေသာ ၿမိဳ႕နယ္ မ်ားေလာက္ ေျပာင္ေျမာက္ျခင္း မရွိ၍ေလာဟုပင္ အားငယ္ လာၾကသည္။ လႈိင္သာယာ ရွိ ျပည္သူမ်ားပင္ အင္အား အလုံးအရင္းႏွင့္ လမ္းေပၚထြက္ၿပီး ဆက္လက္ ဆႏၵျပခဲ့ၾကသည္ကို ေလးစားဖြယ္ ေတြ႕ျမင္ရေပသည္။

ဘိုင္ဒင္ အစိုးရ၏ ထိပ္တန္း အရာရွိႀကီးမ်ား ျဖစ္ေသာ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ႏွင့္ ကာကြယ္ေရး ဝန္ႀကီး ႏွစ္ဦးစလုံးသည္ ဂ်ပန္၊ ေတာင္ကိုရီယား ႏွင့္ အိႏၵိယ ႏိုင္ငံမ်ားသို႔ ခရီးထြက္ၿပီး ဘုံအႏၲရာယ္ႀကီးကို စုေပါင္း ကာကြယ္ႏိုင္ေရး အတြက္ ေဒသတြင္း ႏိုင္ငံမ်ား ႏွင့္ မဟာမိတ္ ဖြဲ႕ရန္ ဟူ၍ ေျပာဆိုလာခဲ့ၾကသည္။

ထို႔ေနာက္တြင္ ၎တို႔ ႏွစ္ဦးသည္ ဝမ္ယီ အပါအဝင္ တ႐ုတ္ ထိပ္တန္း အရာရွိႀကီးမ်ား ႏွင့္ အလက္ဆကာ ရွိ အင္ကာရပ္ခ်္ တြင္ လူခ်င္း ေတြ႕ဆုံ ေဆြးေႏြးရန္ ရွိေနသည္ဟု ဆိုသည္။
ျမန္မာ အေနအထားသည္ အေမရိကန္ တို႔ဖက္မွ လက္ဦးမႈ ယူႏိုင္ျခင္းမရွိ တုန႔္ေႏွးေနမည္ ဆိုလွ်င္ ဆီရီးယား ျပည္တြင္းစစ္တြင္ ႐ုရွားတို႔ ဝင္ကူခဲ့သည့္ အတြက္ ေန႔လားညလား ျဖစ္ေနေသာ သမၼတ အာဆတ္ တေယာက္ ယခုတိုင္ သက္ဆိုး ရွည္ေနသည့္ နမူနာ မ်ားက ရွိေနၿပီး ျဖစ္သည္။

သို႔ေသာ္ တ႐ုတ္ အစိုးရ အဖို႔ ႐ုရွား ကဲ့သို႔ မဟုတ္၍ ကမာၻတဝွမ္းတြင္ စီးပြားေရး အရ နယ္ခ်ဲ႕လိုေသာ ရည္႐ြယ္ ခ်က္မ်ား ရွိေနသျဖင့္ လူသတ္ အာဏာသိမ္း အဖြဲ႕ကို အကာအကြယ္ ေပးေနသည့္ လုပ္ရပ္က ၎တို႔ အတြက္ ႀကီးမားစြာ ႐ိုက္ခတ္ခံရမည့္ အေရး ကို ထည့္သြင္း စဥ္းစားၾကမည္လည္း ျဖစ္သည္။

ေဒါက္တာ ဆာဆာ က ေတာ့ မင္းေအာင္လႈိင္သည္ ကဒါဖီ၊ ဆက္ဒမ္ဟူစိန္ ႏွင့္ အိုစမာ ဘင္ေလဒင္တို႔ ၏ သြားရာလမ္း သို႔ ဦးတည္ေနၿပီ ျဖစ္သည္ဟု စကိုင္းနယူးစ္ ႏွင့္ ေတြ႕ဆုံခန္းတြင္ ေျပာၾကားလိုက္သည္။

ကုလသမဂၢ မွ ထုတ္ျပန္ခ်က္အရ ယခုအခ်ိန္အထိ ေသဆုံးသြားသူ စုစုေပါင္း ၁၃၈ ဦး ရွိလာၿပီ ဟု သိရၿပီး တနလၤာေန႔တြင္ စစ္တပ္ လက္ခ်က္ေၾကာင့္ မႏၲေလး၊ ျမင္းၿခံ ႏွင့္ ေအာင္လံ ၿမိဳ႕မ်ား တြင္ ေနာက္ထပ္ ၁၅ ဦး ထပ္မံ က်ဆုံးသြားခဲ့ေသာ္လည္း ျပည္သူမ်ား၏ ဆန႔္က်င္ အုံႂကြေနမႈမ်ားမွာ ကမာၻတဝွမ္းက အံ့အားသင့္စရာ ေကာင္းလွေအာင္ ေလ်ာ့က်သြားျခင္း မရွိခဲ့ေပ။

ကုလ အတြင္းေရးမႉးခ်ဳပ္က ကမာၻႏိုင္ငံမ်ား ေသြးစည္း ညီၫြတ္စြာ ျဖင့္ ျမန္မာျပည္သူမ်ားကို အကူအညီ ေပးၾက ပါရန္ ပန္ၾကားလိုက္သည္ဟု ေျပာခြင့္ရ စတက္ဖနီ ဒူဂ်ာရစ္က ဆိုသည္။ ျပည္သူမ်ားအတြက္ မထင္မွတ္ေသာ အေလးသာမႈမ်ားက အခ်ိန္ ႏွင့္ မေ႐ြး ျဖစ္ေပၚလာႏိုင္ေပသည္။

Fortify Rights လူ႔အခြင့္အေရး အဖြဲ႕ႀကီး မွ စစ္အာဏာသိမ္းသူမ်ား သည္ ေန႔စဥ္ႏွင့္ အမွ် လူသတ္မႈ က်ဴးလြန္ လာေနသျဖင့္ ကုလ အေထြေထြ ညီလာခံ အေရးေပၚ အထူး အစည္း အေဝးႀကီး ေခၚယူၿပီး လိုအပ္သည့္ အေရး ယူမႈမ်ား ျပဳလုပ္ရန္ ေတာင္းဆိုလိုက္သည္။ လုံၿခဳံေရး ေကာင္စီ တြင္ တ႐ုတ္ ႏွင့္ ႐ုရွား တို႔၏ ဗီတို အာဏာမ်ား ရွိေနသျဖင့္ ယခုအခ်ိန္အထိ ေၾကညာခ်က္ ႏွစ္ခုသာ ထုတ္ျပန္ႏိုင္ေပေသးသည္။

ထိုအေနအထားကို ေက်ာ္လြန္၍ ကုလ အေထြေထြ ညီလာခံႀကီးအား လုပ္ပိုင္ခြင့္ အျပည့္ေပးထားသည့္ Uniting for Peace ဆိုသည့္ ၁၉၄၇ က ဆိုဗီယက္ ဗီတိုကို ေက်ာ္လႊားႏိုင္ရန္ ခ်မွတ္ခဲ့သည့္ ဆုံးျဖတ္ခ်က္ အတိုင္း ေဆာင္႐ြက္သင့္သည္ဟု ေတာင္းဆို သည့္ ေၾကညာခ်က္ ကို ထုတ္ျပန္၍ တိုက္တြန္းလိုက္သည္။ ထိုသို႔ ေသာ အစည္းအေဝး က်င္းပရန္ မည္သည့္ ႏိုင္ငံကမဆို ေတာင္းဆိုခြင့္ ရွိၿပီး ႏိုင္ငံအမ်ားစုက သေဘာတူလွ်င္ ႏွစ္ဆယ့္ ေလးနာရီအတြင္း က်င္းပေပးရန္ တာဝန္ ရွိေနသည္။

ထိုအစည္းအေဝးမ်ိဳးကို ယခုအခ်ိန္အထိ ဆယ္ႀကိမ္သာ က်င္းပခဲ့ၿပီး ျဖစ္ေသာ္လည္း ေလးႀကိမ္တြင္ လက္နက္ ေရာင္းခ်မႈ ပိတ္ဆို႔ျခင္း၊ ႏွစ္ႀကိမ္တြင္ စီးပြားေရးအရ အလုံးစုံ ပိတ္ဆို႔ အေရး ယူျခင္း ႏွင့္ တႀကိမ္တြင္ ကုလ ၿငိမ္းခ်မ္းမႈ ထိန္းသိမ္းေရး တပ္မ်ား ေစလႊတ္ရန္ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ အေရးယူႏိုင္ခဲ့သည့္ အစဥ္အလာမ်ား ရွိေနၿပီး ျဖစ္သည္။

ယခုအခါ တ႐ုတ္က ေျဗာင္က်က် ဝင္ေရာက္ စြက္ဖက္လာမည့္ အေရး ႏွင့္ မင္းေအာင္လႈိင္ ၏ အာဏာသိမ္း အဖြဲ႕သည္ တိုင္းျပည္ကို ဆက္လက္ အုပ္ခ်ဳပ္ႏိုင္စြမ္း မရွိေတာ့သည့္ အျဖစ္ကို ေတြ႕ျမင္လာေနရသည့္အတြက္ တပ္တြင္း တြင္ စိတ္ဓါတ္မ်ား ေခ်ာက္ခ်ားလာေနၿပီး မိမိတို႔ အဖို႔ ယခုလို လမ္းေပၚတြင္လူမ်ားကို ေန႔စဥ္လို ပစ္ခတ္

သတ္ျဖတ္ ေနရေတာ့မည္လား ဟု ေမးခြန္းမ်ား ေသခ်ာေပါက္ ထြက္ေပၚလာေနၿပီ ျဖစ္သည္။
မင္းေအာင္လႈိင္ အဖို႔လည္း လက္ရွိ အက်ပ္အတည္းကို အျခားနည္းလမ္းျဖင့္ ႐ုန္းထြက္ ႏိုင္ေအာင္ စဥ္းစား ႀကံဆႏိုင္သူ မဟုတ္မွန္းလည္း တေန႔တျခား သိသာလာေနရသည္။

အေရးေတာ္ပုံ ေအာင္ရမည္!!!  Hla Soewai