ဦးဝီရသူ ဆေးရုံတွင် Live လွှင့်ခဲ့မှု အရေးယူဖို့ ရဲတပ်ဖွဲ့တွင် တာဝန်ရှိဟု အကျဉ်းဦးစီးတာဝန်ရှိသူပြောဆို

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားရေးဆရာတော် ဦးဝီရသူ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် Facebook လူမှုကွန်ရက်ကနေတဆင့် Live လွှင့်ခဲ့တာနဲ့ပတ်သက်ပြီး အဓိကအရေးယူဖို့တာဝန်ရှိတာဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနကအရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။

ဘာသာရေးသွေးထိုးလှုံဆော်မှုတွေ၊ အမုန်းစကားတွေဖြန့်ဝေတာနဲ့ပတ်သက်ပြီး တရားစွဲခံထားရတဲ့ အမျိုးသားရေးဆရာတော် ဦးဝီရသူဟာ သြဂုတ်လ ၁ ရက်နေ့ညပိုင်းက အာဏာသိမ်း စစ်တပ် ထောက်ခံသူများနဲ့ အမျိုးသားရေး လှုပ်ရှားသူများ စုဖွဲ့ထားတဲ့ လူမှုကွန်ရက် Facebook Group မှာ live လွှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

“live လွှင့်ခဲ့တာ ဟုတ် မဟုတ် စစ်ဆေးဖို့နဲ့ အရေးယူဖို့ အဓိကတာဝန့ရှိတာက ရဲတပ်ဖွဲ့သာဖြစ်တယ် အခုက အကျဉ်းဦးစီးဌာနက ထိန်းသိမ်းပေးထားတာဆိုပေမယ့် လက်ရှိသူက မင်္ဂလာဒုံဆေးရုံမှာ ဆေးကုသမှုခံနေရတာ။ ပြီးတော့ သူက အကျဉ်းသားမဖြစ်သေးပါဘူး။ တရားရင်ဆိုင်နေရဆဲ အချုပ်သား သာဖြစ်ပါတယ်”လို့ အကျဉ်းဦးစီးဌာနအရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အမျိုးသားရေးဆရာတော် ဦးဝီရသူဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း မေလပိုင်းကစတင်ကာ ဆေးကုသဖို့အတွက် အကျဉ်းထောင်အပြင်ကိုရောက်နေခဲ့တာဖြစ်ပြီး သူ့ရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားလုံးကို ရဲတပ်ဖွဲ့ကသာ တာဝန်ယူခဲ့ရတာဖြစ်တာကြောင့် အခုလို Live လွှင့်တာမှန်ရင် ရဲကသာအရေးယူဖို့ဆောင်ရွက်ရမှာဖြစ်တယ် လို့ ဆိုပါတယ်။

ဘာသာရေး လူမျိုးရေး သွေးထိုးလှုံဆော်မှုတွေကြောင့် တရားစွဲခံထားရတဲ့ အမျိုးသားရေး ဆရာတော် ဦးဝီရသူဟာ အာဏာသိမ်း စစ်တပ်က အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်ကတည်းက ဖမ်းဝရမ်း အထုတ်ခံထားရပြီး ၂၀၂၀ နိုဝင်ဘာ ၂ ရက်တွင် လာရောက် အဖမ်းခံကာ အနောက်ပိုင်း ခရိုင် တရားရုံးတွင် ပုဒ် ၁၂၄-က ဖြင့်တရားရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

အမျိုးသားရေးဆရာတော် ဦးဝီရသူဟာ ခုလို အမှုရင်ဆိုင်နေရဆဲ အချုပ်သားတစ်ဦးအနေနဲ့ Live လွှင့်ခဲ့ခြင်းအပေါ် ရဲတပ်ဖွဲ့က ခုဖြစ်စဉ်ဟာ ဟုတ် မဟုတ်ဆိုတာနဲ့ ဖြစ်စဉ်မှန်ခဲ့ရင်တောင် အထက် အဆင့်ဆင့်ကိုတင်ပြရမှာဖြစ်တာကြောင့် ချက်ခြင်းအရေးယူလို့ရမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောဆိုပါတယ်။

အမှုရင်ဆိုင်နေရဆဲ အမျိုးသားရေးဆရာတော် ဦးဝီရသူဟာအာဏာသိမ်း စစ်တပ် ထောက်ခံသူများနဲ့ အမျိုးသားရေး လှုပ်ရှားသူများ စုဖွဲ့ထားသည့် လူမှုကွန်ရက် Facebook Group ကနေ တဆင့် မိနစ် ၃၀ ကြာ Live လွှင့်ပြောဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

———————-

ၿပီးခဲ့တဲ့ရက္ပိုင္းက အမ်ိဳးသားေရးဆရာေတာ္ ဦးဝီရသူ မဂၤလာဒုံစစ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနစဥ္ Facebook လူမႈကြန္ရက္ကေနတဆင့္ Live လႊင့္ခဲ့တာနဲ႔ပတ္သက္ၿပီး အဓိကအေရးယူဖို႔တာဝန္ရွိတာဟာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕သာ ျဖစ္တယ္လို႔ အက်ဥ္းဦးစီးဌာနကအရာရွိတစ္ဦးက ေျပာဆိုလိုက္ပါတယ္။

ဘာသာေရးေသြးထိုးလႈံေဆာ္မႈေတြ၊ အမုန္းစကားေတြျဖန္႔ေဝတာနဲ႔ပတ္သက္ၿပီး တရားစြဲခံထားရတဲ့ အမ်ိဳးသားေရးဆရာေတာ္ ဦးဝီရသူဟာ ၾသဂုတ္လ ၁ ရက္ေန႔ညပိုင္းက အာဏာသိမ္း စစ္တပ္ ေထာက္ခံသူမ်ားနဲ႔ အမ်ိဳးသားေရး လႈပ္ရွားသူမ်ား စုဖြဲ႕ထားတဲ့ လူမႈကြန္ရက္ Facebook Group မွာ live လႊင့္ခဲ့တာလည္း ျဖစ္ပါတယ္။

“live လႊင့္ခဲ့တာ ဟုတ္ မဟုတ္ စစ္ေဆးဖို႔နဲ႔ အေရးယူဖို႔ အဓိကတာဝန႔ရွိတာက ရဲတပ္ဖြဲ႕သာျဖစ္တယ္ အခုက အက်ဥ္းဦးစီးဌာနက ထိန္းသိမ္းေပးထားတာဆိုေပမယ့္ လက္ရွိသူက မဂၤလာဒုံေဆး႐ုံမွာ ေဆးကုသမႈခံေနရတာ။ ၿပီးေတာ့ သူက အက်ဥ္းသားမျဖစ္ေသးပါဘူး။ တရားရင္ဆိုင္ေနရဆဲ အခ်ဳပ္သား သာျဖစ္ပါတယ္”လို႔ အက်ဥ္းဦးစီးဌာနအရာရွိတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

အမ်ိဳးသားေရးဆရာေတာ္ ဦးဝီရသူဟာ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္း ေမလပိုင္းကစတင္ကာ ေဆးကုသဖို႔အတြက္ အက်ဥ္းေထာင္အျပင္ကိုေရာက္ေနခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ အားလုံးကို ရဲတပ္ဖြဲ႕ကသာ တာဝန္ယူခဲ့ရတာျဖစ္တာေၾကာင့္ အခုလို Live လႊင့္တာမွန္ရင္ ရဲကသာအေရးယူဖို႔ေဆာင္႐ြက္ရမွာျဖစ္တယ္ လို႔ ဆိုပါတယ္။

ဘာသာေရး လူမ်ိဳးေရး ေသြးထိုးလႈံေဆာ္မႈေတြေၾကာင့္ တရားစြဲခံထားရတဲ့ အမ်ိဳးသားေရး ဆရာေတာ္ ဦးဝီရသူဟာ အာဏာသိမ္း စစ္တပ္က အာဏာမသိမ္းခင္ ၂၀၁၉ ခုႏွစ္ကတည္းက ဖမ္းဝရမ္း အထုတ္ခံထားရၿပီး ၂၀၂၀ ႏိုဝင္ဘာ ၂ ရက္တြင္ လာေရာက္ အဖမ္းခံကာ အေနာက္ပိုင္း ခ႐ိုင္ တရား႐ုံးတြင္ ပုဒ္ ၁၂၄-က ျဖင့္တရားရင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။

အမ်ိဳးသားေရးဆရာေတာ္ ဦးဝီရသူဟာ ခုလို အမႈရင္ဆိုင္ေနရဆဲ အခ်ဳပ္သားတစ္ဦးအေနနဲ႔ Live လႊင့္ခဲ့ျခင္းအေပၚ ရဲတပ္ဖြဲ႕က ခုျဖစ္စဥ္ဟာ ဟုတ္ မဟုတ္ဆိုတာနဲ႔ ျဖစ္စဥ္မွန္ခဲ့ရင္ေတာင္ အထက္ အဆင့္ဆင့္ကိုတင္ျပရမွာျဖစ္တာေၾကာင့္ ခ်က္ျခင္းအေရးယူလို႔ရမွာ မဟုတ္ဘူးလို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲအရာရွိတစ္ဦးက ေျပာဆိုပါတယ္။

အမႈရင္ဆိုင္ေနရဆဲ အမ်ိဳးသားေရးဆရာေတာ္ ဦးဝီရသူဟာအာဏာသိမ္း စစ္တပ္ ေထာက္ခံသူမ်ားနဲ႔ အမ်ိဳးသားေရး လႈပ္ရွားသူမ်ား စုဖြဲ႕ထားသည့္ လူမႈကြန္ရက္ Facebook Group ကေန တဆင့္ မိနစ္ ၃၀ ၾကာ Live လႊင့္ေျပာဆိုတာေတြရွိခဲ့တယ္လို႔ သိရပါတယ္။