ဦးကျော်မိုးထွန်းကို လုပ်ကြံမည့် မြန်မာ ၂ ဦးကို ဖမ်းမိ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန်အတွက် ကြိုးစားသည့် မြန်မာ ၂ ဦးဖြစ်သော ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ကို အမေရိကန်အာဏာပိုင်များက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း အမေရိကန်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။

အဆိုပါလုပ်ကြံရန် ကြိုးစားသူ မြန်မာ ၂ ဦးကို ဖမ်းဆီးထားမိပြီး အမှုစတင် တရားစွဲဆိုမည်ဖြစ်ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာန လက်အောက်ခံ နယူးယောက်မြို့ တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက သြဂုတ်လ ၆ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သည့် ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ နှစ်ဦးသည် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံ တိုက်ခိုက်ရန် ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံမှ လက်နက်မှောင်ခို တစ်ဦးကို ဖြိုးဟိန်းထွဋ် က ဆက်သွယ်ခဲ့ကြောင်း၊ ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ကို စရန်ငွေအဖြစ် ဒေါ်လာ လေးထောင် လွှဲပေးခဲ့ပြီး ဦးကျော်မိုးထွန်းကို သတ်ဖြတ်ပြီးလျှင် ကြေးစားလူမိုက်များကို ထပ်မံ၍ ဒေါ်လာတစ်ထောင် ပေးရန် သဘောတူညီခဲ့ကြောင်း အမေရိကန်မှ လာသော သတင်းများတွင် ဖော်ပြထားသည်။

ရဲဟိန်းဇော်သည် ထိုင်းမှ လက်နက်ကုန်သည်၏ တောင်းဆိုချက်အရ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် သူ ၂ ဦးအတွက် လေယာဉ်လက်မှတ် ဘိုကင် ပြုလုပ်ခဲ့ပေးကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ကို နယူးယောက်ပြည်နယ် White Plains မြို့၊ ခရိုင်တရားရုံးတွင် အမှုတင် တရားစွဲဆိုထားကြောင်း၊ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်မည့် ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသူ ၂ ဦးအနက်မှ ရဲဟိန်းဇော်။

Source Khit Thit Media

—————–

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ၏ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံရန္အတြက္ ႀကိဳးစားသည့္ ျမန္မာ ၂ ဦးျဖစ္ေသာ ၿဖိဳးဟိန္းထြဋ္ႏွင့္ ရဲဟိန္းေဇာ္တို႔ကို အေမရိကန္အာဏာပိုင္မ်ားက ဖမ္းဆီးရမိထားၿပီျဖစ္ေၾကာင္း အေမရိကန္ဘက္က တရားဝင္သတင္းထုတ္ျပန္သည္။

အဆိုပါလုပ္ႀကံရန္ ႀကိဳးစားသူ ျမန္မာ ၂ ဦးကို ဖမ္းဆီးထားမိၿပီး အမႈစတင္ တရားစြဲဆိုမည္ျဖစ္ေၾကာင္း အေမရိကန္ တရားေရးဝန္ႀကီးဌာန လက္ေအာက္ခံ နယူးေယာက္ၿမိဳ႕ ေတာင္ပိုင္းခ႐ိုင္ ေရွ႕ေနခ်ဳပ္႐ုံးက ၾသဂုတ္လ ၆ ရက္ေန႔စြဲျဖင့္ ေၾကညာခ်က္ ထုတ္ျပန္သည္။

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕တြင္ေနထိုင္သည့္ ၿဖိဳးဟိန္းထြဋ္ႏွင့္ ရဲဟိန္းေဇာ္တို႔ ႏွစ္ဦးသည္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံ တိုက္ခိုက္ရန္ ေဆြးေႏြးခဲ့ၿပီး ထိုင္းႏိုင္ငံမွ လက္နက္ေမွာင္ခို တစ္ဦးကို ၿဖိဳးဟိန္းထြဋ္ က ဆက္သြယ္ခဲ့ေၾကာင္း၊ ဦးေက်ာ္မိုးထြန္းကို သတ္ျဖတ္ရန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရွိရသည္။

ရဲဟိန္းေဇာ္က ၿဖိဳးဟိန္းထြဋ္ကို စရန္ေငြအျဖစ္ ေဒၚလာ ေလးေထာင္ လႊဲေပးခဲ့ၿပီး ဦးေက်ာ္မိုးထြန္းကို သတ္ျဖတ္ၿပီးလွ်င္ ေၾကးစားလူမိုက္မ်ားကို ထပ္မံ၍ ေဒၚလာတစ္ေထာင္ ေပးရန္ သေဘာတူညီခဲ့ေၾကာင္း အေမရိကန္မွ လာေသာ သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ရဲဟိန္းေဇာ္သည္ ထိုင္းမွ လက္နက္ကုန္သည္၏ ေတာင္းဆိုခ်က္အရ အေမရိကန္ျပည္ေထာင္စုသို႔ လာေရာက္မည့္ သူ ၂ ဦးအတြက္ ေလယာဥ္လက္မွတ္ ဘိုကင္ ျပဳလုပ္ခဲ့ေပးေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

ၿဖိဳးဟိန္းထြဋ္ႏွင့္ ရဲဟိန္းေဇာ္တို႔ကို နယူးေယာက္ျပည္နယ္ White Plains ၿမိဳ႕၊ ခ႐ိုင္တရား႐ုံးတြင္ အမႈတင္ တရားစြဲဆိုထားေၾကာင္း၊ ေထာင္ဒဏ္ ၅ ႏွစ္အထိ က်ခံႏိုင္မည့္ ပုဒ္မမ်ားျဖင့္ တရားစြဲဆိုထားေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးစားသူ ၂ ဦးအနက္မွ ရဲဟိန္းေဇာ္။

Source Khit Thit Media