မြန်မာကို အမေရိကန် ဒေါ်လာသန်း၂၀ ကျော် အကူအညီပေး

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် (၂၀.၃ သန်း) ဖိုး အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဩဂုတ် ၄ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။ ဒီအကူအညီဟာ ကိုဗစ်ရောဂါပိုး ဓာတ်ခွဲစစ်ဆေးတာ၊ ကူးစက်လူနာ ရှာဖွေဖော်ထုတ်တာနဲ့ လူထုအသိပညာပေး လှုပ်ရှားမှုတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ခုထက်ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်နေသေးကြောင်း၊ စစ်တပ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် မူလကတည်းက အားနည်းနေတဲ့ ရောဂါထိန်းချုပ်ရေး အခြေအနေကို ပိုပြီး ဆိုးရွားစေခဲ့ကြောင်းလည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ လူထုကျန်းမာရေး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် နည်းလမ်းတွေ ရှာဖွေဖို့၊ မြန်မာ ပြည်သူတွေကို ပံ့ပိုးကူညီဖို့အတွက် နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွက် အမေရိကန် ပြည်ထောင်စုက ကိုဗစ်ကာကွယ်ဆေး အလုံး ၂၃ သန်းကျော်၊ အရေးပေါ်ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁၅၈ သန်း ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကိုဗစ်ထိန်းချုပ်ရေးအတွက် အမေရိကန်က အာဆီယံနိုင်ငံတွေကို ကူညီထောက်ပံ့ရာမှာ အင်ဒိုနီးရှားကို ဒေါ်လာ ၆၅ သန်း၊ ဖိလစ်ပိုင်ကို ဒေါ်လာ ၂၆ သန်းကျော်နဲ့ မြန်မာကို တတိယ အများဆုံးအဖြစ် ဒေါ်လာသန်း ၂၀ ကျော် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ လာမယ့် ၂၀၂၂ ခုနှစ်အရောက်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အဆုံးသတ်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

———————

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အေမရိကန္ေဒၚလာ သန္း ၂၀ ေက်ာ္ (၂၀.၃ သန္း) ဖိုး အကူအညီေတြ ေပးအပ္ခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ဩဂုတ္ ၄ ရက္ ဒီေန႔ထုတ္ျပန္ပါတယ္။ ဒီအကူအညီဟာ ကိုဗစ္ေရာဂါပိုး ဓာတ္ခြဲစစ္ေဆးတာ၊ ကူးစက္လူနာ ရွာေဖြေဖာ္ထုတ္တာနဲ႔ လူထုအသိပညာေပး လႈပ္ရွားမႈေတြအတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ျမန္မာႏိုင္ငံမွာ ခုထက္ပိုၿပီးလုပ္ေဆာင္ဖို႔ လိုအပ္ေနေသးေၾကာင္း၊ စစ္တပ္အာဏာသိမ္းမႈနဲ႔ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေတြေၾကာင့္ မူလကတည္းက အားနည္းေနတဲ့ ေရာဂါထိန္းခ်ဳပ္ေရး အေျခအေနကို ပိုၿပီး ဆိုး႐ြားေစခဲ့ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စု အေနနဲ႔ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ လူထုက်န္းမာေရး အက်ပ္အတည္းကို ေျဖရွင္းႏိုင္ေအာင္ နည္းလမ္းေတြ ရွာေဖြဖို႔၊ ျမန္မာ ျပည္သူေတြကို ပံ့ပိုးကူညီဖို႔အတြက္ ႏိုင္ငံတကာမိတ္ဖက္ေတြနဲ႔အတူ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာအပါအဝင္ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြအတြက္ အေမရိကန္ ျပည္ေထာင္စုက ကိုဗစ္ကာကြယ္ေဆး အလုံး ၂၃ သန္းေက်ာ္၊ အေရးေပၚက်န္းမာေရးနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီ ေဒၚလာ ၁၅၈ သန္း ေပးအပ္ခဲ့ၿပီး ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ကိုဗစ္ထိန္းခ်ဳပ္ေရးအတြက္ အေမရိကန္က အာဆီယံႏိုင္ငံေတြကို ကူညီေထာက္ပံ့ရာမွာ အင္ဒိုနီးရွားကို ေဒၚလာ ၆၅ သန္း၊ ဖိလစ္ပိုင္ကို ေဒၚလာ ၂၆ သန္းေက်ာ္နဲ႔ ျမန္မာကို တတိယ အမ်ားဆုံးအျဖစ္ ေဒၚလာသန္း ၂၀ ေက်ာ္ ကူညီေပးခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္အေနနဲ႔ လာမယ့္ ၂၀၂၂ ခုႏွစ္အေရာက္မွာ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ အဆုံးသတ္ဖို႔အတြက္ နည္းလမ္းမ်ိဳးစုံနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္သြားမယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။