မင်္ဂလာဆောင်ပွဲတွင် မိုးကြိုးအတွဲလိုက်ပစ်ချသဖြင့် ၁၇ ဦးသေဆုံး

မင်္ဂလာဆောင်ပွဲတွင် မိုးကြိုးအတွဲလိုက်ပစ်ချသဖြင့် ၁၇ ဦးသေဆုံး ၊ သတို့သားအပါ ဒါဇင်နှင့်ချီဒဏ်ရာရ

ဘင်္ဂလားဒေရှ့် နိုင်ငံ အနောက်မြောက်ဘက် Shibganj မြို့တွင် ဩဂုတ်လ ၄ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပနေသည့် ပါတီပွဲအတွင်း Panama River မြစ်ကမ်းဘက်မှ မိုးကြိုးမုန်တိုင်းများ အတွဲလိုက်ပစ်ချခဲ့သဖြင့် နောက်ဆုံးသတင်းအရ လူပေါင်း ၁၇ ဦးသေဆုံးပြီး သတို့သားအပါအဝင် ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ The New York Time သတင်းစာတွင်ဖော်ပြခဲ့ ။

ဒဏ်ရာရရှိသူတွေကိုတော့ Meherul Islam ဆေးရုံသို့ပို့ဆောင်ကုသထားပြီး ဆေးရုံတာဝန်ခံ Mr. Hossain မှလည်း သေတုံးသူ ၁၇ ဦးအထိရှိသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ် ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ်မိုးကြိုးမုန်တိုင်းပစ်ခတ်မှုကြောင့် လူပေါင်းရာချီသေဆုံးလေ့ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလ တစ်လအတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူပေါင်း ၈၂ ဦးအထိသေဆုံးခဲ့ပြီး တစ်နှစ်အတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့သည်ဟုသိရ ။

အထူးသဖြင့် အပူရှိန်အမြင့်မားဆုံးနှင့်ဥတုအပြောင်းအလဲဖြစ်တတ်သည့် မတ်လ ၊ မေလနှင့်ဇူလိုင်လများတွင် မိုးကြိုးများပစ်ချခံရလေ့ရှိပါသည် ။

ကျွမ်းကျင်သိပ္ပံပညာရှင်များရဲ့သုံးသပ်ချက်အရနေ့စဉ် လေထုညစ်ညမ်းမှုများသိပ်သည်းဆိုးရွားလာခြင်းနှင့် မြင့်မားတဲ့သစ်ပင်များရှိခြင်း ၊ သဘာဝကြောင့် ကမ္ဘာကြီးပူနွေးလာမှုတို့ပေါင်းစပ်ကာ မိုးကြိုးမုန်တိုင်းများဖြစ်ပေါ်လာတာဖြစ်တယ်လို့ဆိုပါတယ် ။

Photo -Credit

SiThuMaung

———————–







Photo -Credit

SiThuMaung