စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရကို NUG မတရားအသင်းကြေညာ

စစ်ကောင်စီက မနေ့က သြဂုတ်လ ၁ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း ဩဂုတ်လ ၂ ရက်နေ့ ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဖွဲ့ကြောင်း ကြေညာတာဟာ ဘယ်တည်ဆဲဥပဒေနဲ့မှ မကိုက်ညီသလို၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ထိခိုက်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ NUG တရားရေးဝန်ကြီးဌာန က ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်၊ စစ်ကောင်စီ ဒု-ဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဒု-ဝန်ကြီးချုပ်အဖြစ် ပါဝင်နေပြီး ဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံး တို့ ပါဝင်ပါတယ်။

—————————-

စစ္ေကာင္စီက မေန႔က ၾသဂုတ္လ ၁ ရက္ေန႔က စတင္ဖြဲ႕စည္းလိုက္တဲ့ အိမ္ေစာင့္အစိုးရကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က မတရားအသင္းအျဖစ္ သတ္မွတ္ေၾကာင္း ဩဂုတ္လ ၂ ရက္ေန႔ ဒီကေန႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

စစ္ေကာင္စီရဲ႕ အိမ္ေစာင့္အစိုးရဖြဲ႕ေၾကာင္း ေၾကညာတာဟာ ဘယ္တည္ဆဲဥပေဒနဲ႔မွ မကိုက္ညီသလို၊ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားတို႔ရဲ႕ အခြင့္အေရးနဲ႔ ရပိုင္ခြင့္ေတြကို ထိခိုက္ေစဖို႔ လုပ္ေဆာင္တာျဖစ္တယ္လို႔ NUG တရားေရးဝန္ႀကီးဌာန က ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီရဲ႕ အိမ္ေစာင့္အစိုးရမွာ စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဝန္ႀကီးခ်ဳပ္၊ စစ္ေကာင္စီ ဒု-ဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း က ဒု-ဝန္ႀကီးခ်ဳပ္အျဖစ္ ပါဝင္ေနၿပီး ဝန္ႀကီးေတြ၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္နဲ႔ အၿမဲတမ္းအတြင္းဝန္ အိမ္ေစာင့္အစိုးရအဖြဲ႕႐ုံး တို႔ ပါဝင္ပါတယ္။