ကုလသမဂ္ဂ၏ နောက်ကွယ်မှ မြန်မာ့အရေး ပညာရှင်နှစ်ဦး

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ( United Nations ) ဟာ နိုင်ငံများစွာက အစိုးရတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ကြီးပါ ။ သြဇာကြီးပါတယ် ။ ဌာနတွေ များစွာရှိပါတယ် ။ ဝန်ထမ်းဦးရေ များပြီး လစာ ၊ အသုံးစားရိတ် အခက်အခဲတွေလည်း ရှိတဲ့အတွက် အစိုးရမဟုတ်သော ပရဟိတအဖွဲ့တွေရဲ့ အကူအညီကိုလည်း လက်ခံရပါတယ် ။ အသိအမှတ် ပြုရပါတယ် ။ ကမ္ဘာတခွင်က ပရဟိတ ( NGO ) အဖွဲ့တွေနဲ့ ချိတ်ဆက် လှုပ်ရှားရပါတယ် ။

ကုလဝန်ထမ်းတွေ မသွားရောက်နိုင်တဲ့နေရာတွေမှာ NGO အဖွဲ့တွေကို အားကိုးရတာပါ ။ ဒီလို အစိုးရမဟုတ်သော NGO အဖွဲ့ဝင်တွေကိုတော့ ကိုယ်ရေးနောက်ခံ ရာဇဝင်ကို စီစစ်ပြီးမှ လက်ခံပါတယ် ။ သူတို့ဟာ ကုလအဖွဲ့ကြီးရဲ့ တရားဝင် အသိအမှတ်ပြုမှု့ကိုလည်း ရရှိပါတယ် ။

ပြည်သူ့အသံကို နားထောင်တဲ့ အစိုးရလိုပါပဲ ၊ ကမ္ဘာ့လူသားတွေရဲ့ အသံကို ကုလအဖွဲ့ကိုယ်စား နားထောင်ပေးနေသူတွေပါ ။ ဒီတော့ ၊ သူတို့ရဲ့ တင်ပြမှု့တွေကို ကလအဖွဲ့ကြီးက စီစစ်ပေးရပါတယ် ။ လက်ခံသင့်တာတွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ အစည်းအဝေးကျင်းပပြီး ၊ သဘောထားတောင်းခံပါတယ် ။

ဒီလို အစိုးရမဟုတ်တဲ့ ကုလအသိအမှတ်ပြု ၊ မြန်မာ့အရေး လှုပ်ရှားသူနှစ်ဦးဟာ မြန်မာပြည်ကို ကုလလက်အောက်ခံ ငြိမ်းချမ်းမှု့ထိန်းသိမ်းရေး ( Peacekepping ) တပ်တွေ ဝင်လာဖို့ သိပ်ကို အရေးပါလှပါတယ် ။ သူတို့နှစ်ဦးကတော့ မေရီလော်လာ ( Mary Lawlor ) နဲ့ မစ္စတာ တွမ်အင်ဒရူး ( Tom Andrews ) ပါ ။

မစ္စလော်လာက အိုင်ယာလန် နိုင်ငံသူပါ ။ ဒဘလ္လင်မြို့က ထရီနတီ ကောလိပ်မှာ စီးပွားရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ တွဲဖက်ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့တယ် ။ ၁၉ ၈၃ မှ ၁၉ ၈၇ အထိ သမ္မတတာဝန် ထမ်းခဲ့တယ် ။ ” လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဖောင်ဒေးရှင်း ” ကို တည်ထောင်ပြီး အမှု့ဆောင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းပါတယ် ။ Front Line Defender ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ၊ ကုလအဖွဲ့ကြီးက အစိုးရမဟုတ်သော ပုဂ္ဂိုလ်တစ်ယောက်ကို တရားဝင် အသိအမှတ်ပြု တာဝန်ပေးခံထားရသူတစ်ဦးပါ ။

နောက်တစ်ယောက်ကတော့ အားလုံးသိတဲ့ ” မြန်မာ့ လူ့အခွင့်အရေးအခြေအနေ အထူး စုံစမ်းစစ်ဆေးရေး အရာရှိ ” မစ္စတာအင်ဒရူးပါ ။ တွမ်အင်ဒရူး လို့လည်း ခေါ်ကြပါတယ် ။ မစ္စတာ အင်ဒရူးက အမေရိကန် နိုင်ငံသားပါ ။ မိန်းပြည်နယ်အတွက် ကွန်ဂရက် အမတ်အဖြစ်နဲ့ တာဝန်ထမ်းခဲ့ဘူးတယ် ။ မိန်းပြည်နယ် ယေလ်း ဥပေးကျောင်းကအကြီးတန်း လူ့အခွင့်အရေး အဖွဲ့ဝင်တစ်ယောက်ပါ ။

ဟားဗတ်တက္ကသိုလ်က အာရှဆိုင်ရာဌာနနဲ့လည်း တွဲဖက် လုပ်ကိုင်နေသူပါ ။ အင်ဒိုနီးရှား ၊ အယ်လ်ဂျီးရီးယား ၊ ခရိုအေးရှား ၊ ဆားဘီးယား ၊ ယူကရိန်း ၊ ယီမင်နိုင်ငံတွေမှာ ကုလအဖွဲ့ကြီးနဲ့ တွဲဖက်ပြီး လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေမှာ တာဝန်ထမ်းခဲ့တယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်လ်ငြိမ်းချမ်းရေးဆု ရရှိခွင့် ကမ်ပိန်းကို တာဝန်ယူခဲ့သူပါ ။ မြန်မာ့အရေးအတွက် ကုလအဖွဲ့ကြီးက အစိုးရမဟုတ်သော လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိအဖြစ် အသိအမှတ်ပြုထားပါတယ် ။

မစ္စလော်လာနဲ့ မစ္စတာ အင်ဒရူးတို့လို အစိုးရမဟုတ်သော ကုလအသိအမှတ်ပြု လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ” လူ့အခွင့်အရေးကောင်စီ၏ အထူးလုပ်ထုံးလုပ်နည်းများ ” လို့ ခေါ်ပါတယ် ။ လူ့အခွင့်အရေးကောင်စီကနေ လွတ်လပ်သော လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ ။

သူတို့ရဲ့ လေ့လာ တွေ့ရှိ တင်ပြမှု့တွေဟာ ကုလအဖွဲ့အတွက် သိပ်ကို အရေးကြီးပါတယ် ။ ဆိုလိုတာက ကုလအသိအမှတ်ပြု လွတ်လပ်သော လူ့အခွင့်အရေး ကျွမ်းကျင်သူတွေရဲ့ တင်ပြချက်တွေကို ၊ ကုလအဖွဲ့က စားပွဲပေါ်တင်ပြီး ဆွေးနွေးရပါတယ် ။

ကောင်းပြီ …၊ ဒါတွေကို ဘာ့ကြောင့် ရှင်းပြရသလဲဆိုရင် ၊ မနေ့က ရေးခဲ့တဲ့ GCR2P ကို အရေးမပါတဲ့ ကြေငြာချက်ပါလို့ တုန့်ပြန်သူတချို့ ရှိလို့ပါ ။ တကယ်ကို တော်လှန်ရေးမှာ စိတ်အားထက်သန်စွာ ပါဝင်နေသူတွေက နားမလည်သလို ဖြစ်နေမယ်ဆိုရင် စာရေးသူက စိတ်ရှည်စွာ ရှင်းပြဖို့ ဝန်မလေးပါဘူး ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေကိုတော့ ဖယ်ထားလိုက်ပါမယ် ။

GCR2P ဆိုတာ မစ္စလော်လာ ၊ မစ္စတာ အင်ဒရူးတို့လို ကုလအသိအမှတ်ပြုခံထားရတဲ့ ၊ ကမ္ဘာပေါ်က လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူအဖွဲ့အစည်းတွေရဲ့ အသံတွေပါ ။ သူတို့ရဲ့ တင်ပြချက်တွေပါ ။ လခမရပဲ ပြဿနာဖြစ်နေတဲ့ မြေပြင်အခြေအနေကို ကိုယ်တိုင် လေ့လာ ၊

စုံစမ်းနေသူတွေရဲ့ တင်ပြချက်ပါ ။ ကုလအဖွဲ့ကြီးက အလေးထားပါတယ် ။ ဒါ့ကြောင့်လည်း GCR2P ကြေငြာအပြီးမှာ UNHCR ကားတွေ ဝင်လာတာပါ ။ မကြာသော ရက်ပိုင်းအတွင်းမှာ စားပွဲပေါ်တင်ပါမယ် ။ ဒါ့ကြောင့် စာရေးသူက ” GCR2P ကြေငြာပြီး ခြေတစ်ဖက် ချလိုက်တယ် ” လို့ အသိပေးလိုက်တာပါ ။

နွေဦးတော်လှန်ရေးဟာ စာရေးသူ ပါဝင်သည်ဖြစ်စေ ၊ မပါဝင်သည်ဖြစ်စေ ဘယ်သူမှ ရပ်တန့်ဖို့ အမိန့်မပေးနိုင်ပါဘူး ။ အရှိန်ရနေပါပြီ ။ ဒီအခါမှာ စာရေးသူက နိုင်ငံတကာ သတင်းတွေကို အသိပေး ၊ သုံးသပ်ပါတယ် ။ ဒီတော်လှန်ရေးကို စာရေးသူတစ်ယောက်တည်း သတင်းတွေအသိပေး ၊ သုံးသပ်နေတာ မဟုတ်ပါဘူး ။ ခေတ်ပညာတတ်တွေက မူရင်း သတင်းဌာန ဝက်ဘ်ဆိုက်တွေမှာ ကိုယ်တိုင်လေ့လာနေကြတာပါ ။

ဒီတော့ စာရေးသူ အသိပေးတဲ့ သတင်းတွေဟာ ဂျင်းမဟုတ်ပါဘူး ။ သုံးသပ်မှု က ဖြစ်နိုင်ခြေကို အတတ်နိုင်ဆုံး ချည်းကပ်ပါတယ် ။ ဖြစ်မလာသေးတာက တာဝန်ရှိတဲ့ အဖွဲ့အစည်းနဲ့သာ ဆိုင်ပါတယ် ။ လေ့လာသူတွေ အဆင်ပြေနိုင်ဖို့ မူရင်းသတင်းရဲ့ ဓာတ်ပုံတွေလည်း တင်ပေးထားပါတယ် ။

UNHCR အဖွဲ့ကြီး ခြေတစ်ဖက်ချလိုက်တာကိုလည်း ကြိူဆိုပါတယ် ။ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း ပြဿနာ အသေးအမွှားကတော့ ရှိမှာပါပဲ ။ အဓိကလိုချင်တာက ကုလလက်အောက်ခံ ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ် ၊ တကယ်ပြဿနာဖြစ် ၊ ဒုက္ခရောက်နေတဲ့နေရာကို ရောက်လာဖို့ပါပဲ ။ ဒါမှလည်း ပြည်သူတွေရဲ့ အသံနဲ့ ခံစားမှု့တွေကို ကွက်ကွက်ကွင်းကွင်း နားလည်လာမှာပါ ။

ဒီနေ့တော့ စာရေးသူက မြန်မာ့အရေး အခြေအနေကို အနည်းငယ် ရှင်းပြယုံပါပဲ ။ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ မိတ်ဆွေတို့လည်း သုံးသပ်ကြည့်နိုင်ပါတယ်။

ဘကြီးအောင် LA

—————————–

ကမာၻ႔ကုလသမဂၢအဖြဲ႕ႀကီး ( United Nations ) ဟာ ႏိုင္ငံမ်ားစြာက အစိုးရေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ကမာၻလုံးဆိုင္ရာ အဖြဲ႕ႀကီးပါ ။ ၾသဇာႀကီးပါတယ္ ။ ဌာနေတြ မ်ားစြာရွိပါတယ္ ။ ဝန္ထမ္းဦးေရ မ်ားၿပီး လစာ ၊ အသုံးစားရိတ္ အခက္အခဲေတြလည္း ရွိတဲ့အတြက္ အစိုးရမဟုတ္ေသာ ပရဟိတအဖြဲ႕ေတြရဲ႕ အကူအညီကိုလည္း လက္ခံရပါတယ္ ။ အသိအမွတ္ ျပဳရပါတယ္ ။ ကမာၻတခြင္က ပရဟိတ ( NGO ) အဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ လႈပ္ရွားရပါတယ္ ။

ကုလဝန္ထမ္းေတြ မသြားေရာက္ႏိုင္တဲ့ေနရာေတြမွာ NGO အဖြဲ႕ေတြကို အားကိုးရတာပါ ။ ဒီလို အစိုးရမဟုတ္ေသာ NGO အဖြဲ႕ဝင္ေတြကိုေတာ့ ကိုယ္ေရးေနာက္ခံ ရာဇဝင္ကို စီစစ္ၿပီးမွ လက္ခံပါတယ္ ။ သူတို႔ဟာ ကုလအဖြဲ႕ႀကီးရဲ႕ တရားဝင္ အသိအမွတ္ျပဳမႈ႕ကိုလည္း ရရွိပါတယ္ ။

ျပည္သူ႔အသံကို နားေထာင္တဲ့ အစိုးရလိုပါပဲ ၊ ကမာၻ႔လူသားေတြရဲ႕ အသံကို ကုလအဖြဲ႕ကိုယ္စား နားေထာင္ေပးေနသူေတြပါ ။ ဒီေတာ့ ၊ သူတို႔ရဲ႕ တင္ျပမႈ႕ေတြကို ကလအဖြဲ႕ႀကီးက စီစစ္ေပးရပါတယ္ ။ လက္ခံသင့္တာေတြကို အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ အစည္းအေဝးက်င္းပၿပီး ၊ သေဘာထားေတာင္းခံပါတယ္ ။

ဒီလို အစိုးရမဟုတ္တဲ့ ကုလအသိအမွတ္ျပဳ ၊ ျမန္မာ့အေရး လႈပ္ရွားသူႏွစ္ဦးဟာ ျမန္မာျပည္ကို ကုလလက္ေအာက္ခံ ၿငိမ္းခ်မ္းမႈ႕ထိန္းသိမ္းေရး ( Peacekepping ) တပ္ေတြ ဝင္လာဖို႔ သိပ္ကို အေရးပါလွပါတယ္ ။ သူတို႔ႏွစ္ဦးကေတာ့ ေမရီေလာ္လာ ( Mary Lawlor ) နဲ႔ မစၥတာ တြမ္အင္ဒ႐ူး ( Tom Andrews ) ပါ ။

မစၥေလာ္လာက အိုင္ယာလန္ ႏိုင္ငံသူပါ ။ ဒဘလႅင္ၿမိဳ႕က ထရီနတီ ေကာလိပ္မွာ စီးပြားေရးနဲ႔ လူ႔အခြင့္အေရး ဆိုင္ရာ တြဲဖက္ပါေမာကၡအျဖစ္ ထမ္းေဆာင္ခဲ့တယ္ ။ ၁၉ ၈၃ မွ ၁၉ ၈၇ အထိ သမၼတတာဝန္ ထမ္းခဲ့တယ္ ။ ” လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ား ေဖာင္ေဒးရွင္း ” ကို တည္ေထာင္ၿပီး အမႈ႕ေဆာင္ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းပါတယ္ ။ Front Line Defender ေဖာင္ေဒးရွင္းကို တည္ေထာင္ထားၿပီး ၊ ကုလအဖြဲ႕ႀကီးက အစိုးရမဟုတ္ေသာ ပုဂၢိဳလ္တစ္ေယာက္ကို တရားဝင္ အသိအမွတ္ျပဳ တာဝန္ေပးခံထားရသူတစ္ဦးပါ ။

ေနာက္တစ္ေယာက္ကေတာ့ အားလုံးသိတဲ့ ” ျမန္မာ့ လူ႔အခြင့္အေရးအေျခအေန အထူး စုံစမ္းစစ္ေဆးေရး အရာရွိ ” မစၥတာအင္ဒ႐ူးပါ ။ တြမ္အင္ဒ႐ူး လို႔လည္း ေခၚၾကပါတယ္ ။ မစၥတာ အင္ဒ႐ူးက အေမရိကန္ ႏိုင္ငံသားပါ ။ မိန္းျပည္နယ္အတြက္ ကြန္ဂရက္ အမတ္အျဖစ္နဲ႔ တာဝန္ထမ္းခဲ့ဘူးတယ္ ။ မိန္းျပည္နယ္ ေယလ္း ဥေပးေက်ာင္းကအႀကီးတန္း လူ႔အခြင့္အေရး အဖြဲ႕ဝင္တစ္ေယာက္ပါ ။

ဟားဗတ္တကၠသိုလ္က အာရွဆိုင္ရာဌာနနဲ႔လည္း တြဲဖက္ လုပ္ကိုင္ေနသူပါ ။ အင္ဒိုနီးရွား ၊ အယ္လ္ဂ်ီးရီးယား ၊ ခ႐ိုေအးရွား ၊ ဆားဘီးယား ၊ ယူကရိန္း ၊ ယီမင္ႏိုင္ငံေတြမွာ ကုလအဖြဲ႕ႀကီးနဲ႔ တြဲဖက္ၿပီး လူ႔အခြင့္အေရးဆိုင္ရာ လုပ္ငန္းေတြမွာ တာဝန္ထမ္းခဲ့တယ္ ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုဗယ္လ္ၿငိမ္းခ်မ္းေရးဆု ရရွိခြင့္ ကမ္ပိန္းကို တာဝန္ယူခဲ့သူပါ ။ ျမန္မာ့အေရးအတြက္ ကုလအဖြဲ႕ႀကီးက အစိုးရမဟုတ္ေသာ လူ႔အခြင့္အေရး စုံစမ္းစစ္ေဆးေရး အရာရွိအျဖစ္ အသိအမွတ္ျပဳထားပါတယ္ ။

မစၥေလာ္လာနဲ႔ မစၥတာ အင္ဒ႐ူးတို႔လို အစိုးရမဟုတ္ေသာ ကုလအသိအမွတ္ျပဳ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကို ” လူ႔အခြင့္အေရးေကာင္စီ၏ အထူးလုပ္ထုံးလုပ္နည္းမ်ား ” လို႔ ေခၚပါတယ္ ။ လူ႔အခြင့္အေရးေကာင္စီကေန လြတ္လပ္ေသာ လူ႔အခြင့္အေရးဆိုင္ရာ ကြၽမ္းက်င္သူမ်ားနဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းပါ ။

သူတို႔ရဲ႕ ေလ့လာ ေတြ႕ရွိ တင္ျပမႈ႕ေတြဟာ ကုလအဖြဲ႕အတြက္ သိပ္ကို အေရးႀကီးပါတယ္ ။ ဆိုလိုတာက ကုလအသိအမွတ္ျပဳ လြတ္လပ္ေသာ လူ႔အခြင့္အေရး ကြၽမ္းက်င္သူေတြရဲ႕ တင္ျပခ်က္ေတြကို ၊ ကုလအဖြဲ႕က စားပြဲေပၚတင္ၿပီး ေဆြးေႏြးရပါတယ္ ။

ေကာင္းၿပီ …၊ ဒါေတြကို ဘာ့ေၾကာင့္ ရွင္းျပရသလဲဆိုရင္ ၊ မေန႔က ေရးခဲ့တဲ့ GCR2P ကို အေရးမပါတဲ့ ေၾကျငာခ်က္ပါလို႔ တုန္႔ျပန္သူတခ်ိဳ႕ ရွိလို႔ပါ ။ တကယ္ကို ေတာ္လွန္ေရးမွာ စိတ္အားထက္သန္စြာ ပါဝင္ေနသူေတြက နားမလည္သလို ျဖစ္ေနမယ္ဆိုရင္ စာေရးသူက စိတ္ရွည္စြာ ရွင္းျပဖို႔ ဝန္မေလးပါဘူး ။ ပုဂၢိဳလ္ေရး တိုက္ခိုက္တာေတြကိုေတာ့ ဖယ္ထားလိုက္ပါမယ္ ။

GCR2P ဆိုတာ မစၥေလာ္လာ ၊ မစၥတာ အင္ဒ႐ူးတို႔လို ကုလအသိအမွတ္ျပဳခံထားရတဲ့ ၊ ကမာၻေပၚက လူ႔အခြင့္အေရးဆိုင္ရာ လႈပ္ရွားသူအဖြဲ႕အစည္းေတြရဲ႕ အသံေတြပါ ။ သူတို႔ရဲ႕ တင္ျပခ်က္ေတြပါ ။ လခမရပဲ ျပႆနာျဖစ္ေနတဲ့ ေျမျပင္အေျခအေနကို ကိုယ္တိုင္ ေလ့လာ ၊

စုံစမ္းေနသူေတြရဲ႕ တင္ျပခ်က္ပါ ။ ကုလအဖြဲ႕ႀကီးက အေလးထားပါတယ္ ။ ဒါ့ေၾကာင့္လည္း GCR2P ေၾကျငာအၿပီးမွာ UNHCR ကားေတြ ဝင္လာတာပါ ။ မၾကာေသာ ရက္ပိုင္းအတြင္းမွာ စားပြဲေပၚတင္ပါမယ္ ။ ဒါ့ေၾကာင့္ စာေရးသူက ” GCR2P ေၾကျငာၿပီး ေျခတစ္ဖက္ ခ်လိုက္တယ္ ” လို႔ အသိေပးလိုက္တာပါ ။

ေႏြဦးေတာ္လွန္ေရးဟာ စာေရးသူ ပါဝင္သည္ျဖစ္ေစ ၊ မပါဝင္သည္ျဖစ္ေစ ဘယ္သူမွ ရပ္တန္႔ဖို႔ အမိန္႔မေပးႏိုင္ပါဘူး ။ အရွိန္ရေနပါၿပီ ။ ဒီအခါမွာ စာေရးသူက ႏိုင္ငံတကာ သတင္းေတြကို အသိေပး ၊ သုံးသပ္ပါတယ္ ။ ဒီေတာ္လွန္ေရးကို စာေရးသူတစ္ေယာက္တည္း သတင္းေတြအသိေပး ၊ သုံးသပ္ေနတာ မဟုတ္ပါဘူး ။ ေခတ္ပညာတတ္ေတြက မူရင္း သတင္းဌာန ဝက္ဘ္ဆိုက္ေတြမွာ ကိုယ္တိုင္ေလ့လာေနၾကတာပါ ။

ဒီေတာ့ စာေရးသူ အသိေပးတဲ့ သတင္းေတြဟာ ဂ်င္းမဟုတ္ပါဘူး ။ သုံးသပ္မႈ က ျဖစ္ႏိုင္ေျခကို အတတ္ႏိုင္ဆုံး ခ်ည္းကပ္ပါတယ္ ။ ျဖစ္မလာေသးတာက တာဝန္ရွိတဲ့ အဖြဲ႕အစည္းနဲ႔သာ ဆိုင္ပါတယ္ ။ ေလ့လာသူေတြ အဆင္ေျပႏိုင္ဖို႔ မူရင္းသတင္းရဲ႕ ဓာတ္ပုံေတြလည္း တင္ေပးထားပါတယ္ ။

UNHCR အဖြဲ႕ႀကီး ေျခတစ္ဖက္ခ်လိုက္တာကိုလည္း ႀကိဴဆိုပါတယ္ ။ ျမန္မာျပည္ရဲ႕ ထုံးစံအတိုင္း ျပႆနာ အေသးအမႊားကေတာ့ ရွိမွာပါပဲ ။ အဓိကလိုခ်င္တာက ကုလလက္ေအာက္ခံ ဘယ္လိုအဖြဲ႕အစည္းပဲျဖစ္ျဖစ္ ၊ တကယ္ျပႆနာျဖစ္ ၊ ဒုကၡေရာက္ေနတဲ့ေနရာကို ေရာက္လာဖို႔ပါပဲ ။ ဒါမွလည္း ျပည္သူေတြရဲ႕ အသံနဲ႔ ခံစားမႈ႕ေတြကို ကြက္ကြက္ကြင္းကြင္း နားလည္လာမွာပါ ။

ဒီေန႔ေတာ့ စာေရးသူက ျမန္မာ့အေရး အေျခအေနကို အနည္းငယ္ ရွင္းျပယုံပါပဲ ။ ဘာေတြျဖစ္လာႏိုင္သလဲဆိုတာ မိတ္ေဆြတို႔လည္း သုံးသပ္ၾကည့္ႏိုင္ပါတယ္။

ဘႀကီးေအာင္ LA