ကိုဗစ် လူနာများအတွက်သတင်းကောင်း

ကိုဗစ် လူနာများအတွက်သတင်းကောင်း မျှဝေတာပါ‼️

ကိုဗစ် ကုသရန်ရန်ကင်းပညာရေးကောလိပ်တွင်ဖွင့်လှစ်ထားသော ကုတင် ၁,၀၀၀ သို့ လာရန် လိုအပ်သည်များမှာ

(၁) ပိုက်ဆံ တစ်ပြားတစ်ကျပ်မှ ယူလာစရာ မလိုပါ။

(၂) ဒေသန္တရကျန်းမာရေးထောက်ခံချက်မှာ ကိုဗစ်ဖြစ်ကြောင်းပါရင် ရပါပြီ။

(၃) Oxygen 93 အောက်ရောက်တာနဲ့ဘာလက်မှတ်ဘာထောက်ခံချက်မှ မပါရင်လဲ ကိုဗစ် Centerမှ လက်ခံပေးပါမယ်နော် !

အရေးပေါ်လူနာများ လိုအပ်ရင် တိုက်ရိုက် ဆက်သွယ်ပေးပါ။

ဆေးတွေ စက်ပစ္စည်းတွေတော့ အစုံအလင်နီးပါးဖြစ်အောင် ကြိုးစားစီစဉ်ထားပါတယ်။ကိုယ်ပိုင် Oxygen Plant ပါပါမယ်၊ကိုယ်ပိုင် Lab ပါပါမယ်၊ Portable digital Chest Xray စက်လဲ ရှိပါတယ် ၊ လေးထပ်ဆောင်ကိုလဲ ဓာတ်လှေကားတပ်ဆင်ပေးဖို့ နေရာပြင်ထားပါတယ် ၊ ကူညီပေးနေတဲ့ ကား (၁၇)စီး ရှိ Ambulance ကားအဖွဲ့လဲရှိပါတယ် (Ambulance ကားတွေကို MMTM မှမောင်းဆီလှူပါတယ်)

သို့သော် Demand နဲ့ Supply မျှနိုင်ဖို့ရာအတွက် ထပ်မံ၍ကားကူညီပေးလိုသူ ပရဟိတအဖွဲ့များ နှင့်ဝေယျာဝိစ္စ Volunteer များကိုလဲ ဖိတ်ခေါ်သလိုတတ်ကျွမ်းသော ဆေးပညာရှင်ဆရာဝန်များနှင့်သူနာပြုများကိုလဲအားကိုးပါတယ်၊လူ့အသက်တွေကယ်ဖို့ ကူညီပေးနိုင်သလောက်လေး ဝိုင်းကူညီပေးကြပါ။

အစဦးဆုံးမို့ အခက်အခဲများစွာနဲ့ အဆင်မပြေတာတွေလဲ တစ်ပုံတစ်ပင်ပါ သို့သော် ဘယ်အခက်အခဲကိုမဆိုမရရအောင် ကျော်လွှားမယ်လို့ ဆုံးဖြတ်ထားကြပြီးသားမို့ အနှေးနဲ့အမြန် အဆင်ပြေသွားမယ်လို့ ပါဝင်ကူညီနေကြသူအားလုံးကယုံကြည်ကြပါတယ်။

ကျန်းမာရေးကဏ္ဏ လျှောက်ထားလိုသည်ကို

ဆက်သွယ်ရန်

(၁) ဒေါ်ပြုံးပြုံးဝင်းမြင့် : 09-5148922

(၂) ဒေါ်နုနုယဉ် : 09- 5151511 တို့၏ Viber ဖုန်းနံပါတ်သို့CV from

ဘွဲ့လက်မှတ်မိတ္တူ မှတ်ပုံတင်မိတ္တူ ဆမမိတ္တူ(သက်တမ်းမတိုးရသေးလျှင်လဲရ) ထံသို့ပေးပို့ပေးကြပါ။

အခြား ကဏ္ဏများ အတွက် Volunteer များ ဆက်သွယ်ရန်…..

မစပယ်- 09-761496229 မချမ်းမြဝင်း-09-5010349 မဝင်းရွှေစင်မျိုး -09-5023253 မသီတာခိုင် -09-5159995

CREDIT











ဆက်သွယ်ရန်






CREDIT